TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၁၀၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(စက်တင်ဘာ ၁၀၊ ၂၀၂၄) ဆီးရီယားနိုင်ငံထဲ အစ္စရေးတိုက်ခိုက်မှု သေဆုံးသူ ၁၈ဦးအထိတိုးလာ၊ မြင်းခြံခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှု ကျောင်းထိုင်ဘုန်းတော်ကြီးဒဏ်ရာရ၊ ရွှေဈေးနဲ့ နိုင်ငံခြားငွေဈေးကျဆင်းလာပေမယ့် ကုန်ဈေးနှုန်းမကျသေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (စက်တင်ဘာ ၁၀၊ ၂၀၂၄)
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris နဲ့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump တို့ စက်တင်ဘာ ၁၀ ရက်ည စကားစစ်ထိုးမယ်၊ ဂါဇာတောင်ပိုင်း လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ နေရာတခုကို အစ္စရေးက ဒုံးကျည်နဲ့ တိုက်ခိုက်တဲ့အတွက် အနည်းဆုံး လူ ၄၀ လောက် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရ၊ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၁၀၊ ၂၀၂၄)
အမေရိကန် သမ္မတလောင်း ၂ ဦး ဒီကနေ့ည စကားစစ်ထိုးမည်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်တောမှာ အကျဉ်းသား ၅၀ ကျော် သေဆုံးကြောင်း AA အဖွဲ့ သတင်းထုတ်ပြန် စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။