TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၁ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (စက်တင်ဘာ ၁ ရက်၊ ၂၀၂၄) − မိုက်ဖွင့် စကားစစ်ထိုးဖို့ ထရမ့်ကို ဟဲရစ်က တောင်းဆိုတာ၊ တရုတ်သင်္ဘော ရေပိုင်နက်ကျူးကျော်မှု ဂျပန်သတိပေးတာ၊ မြန်မာ့အရေး အိန္ဒိယနဲ့ကန် ဆွေးနွေးဖို့ အလားအလာတွေနဲ့အတူ အပတ်စဉ် ဒို့အသံ၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ အာရှနိုင်ငံရေး၊ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာ၊ သတင်းတွေထဲကသုတ အပြင် လယ်ယာစီးပွါးအစီစဉ်တွေ တင်ပြထားပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း (စက်တင်ဘာ ၁ ရက်၊ ၂၀၂၄)
ပြင်သစ်နိုင်ငံမှာ အဝတ်မပါ ကိုယ်ဗလာနဲ့ သွားလို့ရတဲ့ ပြတိုက်၊ ဆံပင်အနီရောင်ရှိသူတွေကိုပဲ ဖိတ်ကြားတဲ့ပွဲ၊ ဒီလို ထူးခြားဆန်းပြား သတင်းများ၊ ရိုဟင်ဂျာဒုက္ခသည်စခန်းကနေ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ဖြစ်လာတဲ့ လူငယ်တဦးအကြောင်း GenZ အစီအစဉ်၊ နောက်တော့ နိုင်ငံခြားရောက် ရုပ်သေးသဘင်ကြည့်ရမယ့် နေရာပေါင်းစုံ အကြောင်းစုံနဲ့ ဂျာမနီက နော်သဇင်ရဲ့ Vlog တွေကို ၂၀၂၄ စက်တင်ဘာလ ၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင် ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (စက်တင်ဘာ ၁၊ ၂၀၂၄)
ဂါဇာဒေသမှာ အစ္စရေးဓားစာခံ ၆ ဦး သေဆုံး၊ ဖိလစ်ပိုင်မှာ အွန်လိုင်းရာဇဝတ်မှုတွေအတွက် မြန်မာအပါအဝင် လူ ၁၆၀ ကျော်ကိုဖမ်းဆီး၊ စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။