TV Schedule
ဗွီအိုအေမြန်မာနံနက်ခင်း(ဇူလှိုင်၁၊ ၂၀၂၄)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇူလှိုင်၁၊ ၂၀၂၄) အောင်ပွဲကို ဘာနဲ့မှအစားမထိုးနိုင်လို့ အစ္စရေးဝန်ကြီးချုပ်ကြုံးဝါး၊ ဆန်ဈေးမြှင့်ရောင်းတဲ့ ဈေးဝယ်စင်တာ တာဝန်ရှိသူတချို့ကို စစ်ကောင်စီအရေးယူ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ မြန်မာ့ဒီမိုကရေစီရေးဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြင်ကွင်းကျယ်မှတ်စု၊ မြန်မာပြည်မှပေးစာများ၊ထူးခြားဆန်းပြားသတင်းများတို့ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇူလိုင် ၁၊ ၂၀၂၄)
ရုရှားကို တိုက်ခိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒရုန်းတွေထဲက ၃၆ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြော၊ ပြင်သစ်နိုင်ငံမှာ ပထမအကျော့ရွေးကောက်ပွဲတွေကို တနင်္ဂနွေနေ့တုန်းက ကျင်းပခဲ့တာမှာ လက်ယာစွန်း National Rally ပါတီက မဲအများစုနဲ့ အသာရ၊ မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆန်ဈေးတွေကို အဆမတန် ဈေးတင်ရောင်းချခဲ့တယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား Hiroshi Kasamatsu ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရ ပြောခွင့်ရတိုက်တွန်း
ဗွီအိုအေ မြန်မာညချမ်း (ဇူလိုင် ၁၊ ၂၀၂၄)
သံတွဲ၊ ငပလီ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်၊ စစ်ကောင်စီနဲ့ TNLA အဖွဲ့ကြား တိုက်ပွဲဆက်လက် ပြင်းထန်၊ NUG လူ့အခွင့်အရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဗွီအိုအေ မေးမြန်းခန်း စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။