TV Schedule
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၁ ရက်၊ ၂၀၂၄)
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇွန်လ ၁ ရက်၊ ၂၀၂၄) အစ္စရေးရဲ့ ဂါဇာ အပစ်ရပ်ကမ်းလှမ်းချက်အသစ် ဟားမတ်စ်လက်ခံဖို့ ကန် တောင်းဆိုတာ၊ မြန်မာ့အရေး ဂျပန်နဲ့အိမ်နီးချင်းတွေ ပါဝင်ဖြေရှင်းဖို့ NUG တောင်းဆိုတာ၊ အိန္ဒိယ အပူလှိုင်း လူ ၃၀ ကျော် သေဆုံးတဲ့သတင်းတွေ အပြင် အပတ်စဉ်တင်ဆက်နေကျ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇွန်လ ၁ ရက်၊ ၂၀၂၄
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးထိုးကျနေချိန်မှာပဲ ဒေါ်လာပေါက်ဈေးကို လူမှုကွန်ရက်မှာ ဖော်ပြရင် အရေးယူမယ်လို့ ဗဟိုဘဏ်သတိပေး၊ ရိုဟင်ဂျာများ အကြမ်းဖက်ခံရမှုဖြစ်စဉ်အပေါ် အဖွဲ့အစည်းတွေ သဘောကွဲလွဲ၊ ဒီလို တပတ်အတွင်း သတင်းများ၊ အိန္ဒိယရွေးကောက်ပွဲရလဒ် မြန်မာ့အရေး သက်ရောက်နိုင်ချေ ဆက်သွယ်မေးမြန်းခန်းနဲ့ လယ်ယာစီးပွား သတင်းတွေကို ၂၀၂၄၊ ဇွန် ၁ ရက်၊ စနေနေ့ ဗွီအိုအေ တပတ်အတွင်း သတင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇွန် ၁၊ ၂၀၂၄
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး ကိုယ်တိုင်ပြောတဲ့ သူ့သမိုင်း၊ မြန်မာနိုင်ငံထိန်းမနိုင် သိမ်းမရ မဖြစ်အောင် ဝိုင်းကြိုးစားဖို့လိုနေ၊ အမေရိကန်လုံခြုံရေးအတွက် အာရှအရေးပါမှု ဝန်ကြီး Austin ထောက်ပြ၊ ငြိမ်းချမ်းရေးကမ်းလှမ်းထားချိန် ဂါဇာမှာတိုက်ပွဲတွေဆက်ဖြစ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။