မြန်မာနဲ့ တရုတ်အင်ပါယာ I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မြန်မာပြည်ကို မိမိလက်အောက်ခံ ပြည်နယ်အဖြစ် တရုတ်အစိုးရ အဆက်ဆက်က စိတ်ကူးယဥ်လာတာ၊ အနှစ် (၂,၀၀၀)ကျော် ရှိသွားပါပြီ။ အခုတော့ တရုတ်ရဲ့ စိတ်ကူးယဥ်အိပ်မက် အကောင်အထည်ပေါ်ဖို့ အလားအလာ ရှိနေကြောင်း ဦးအောင်ခင်က ရေးသားတင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မြန်မာပြည်မှာ စစ်လက်နက်ပစ္စည်းပြန့်နှံ့အောင်လုပ်သူတွေထဲမှာ တရုတ်စစ်တပ်ဟာ အဓိကပါဝင်ပါတယ်။ တရုတ်ပြည်တွင်းစစ်မှာ အရေးနိမ့်သွားတဲ့ တရုတ်ဖြူတပ်တွေနဲ့ တရုတ်ကွန်မြူနစ်အစိုးရကြောင့် လက်နက်ပြန့်ပွားလာပုံကို ဦးအောင်ခင်က တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထဲမှာ မူးယစ်ဆေးလုပ်ငန်းနဲ့ ငွေရှာသူတွေ ရှိပေမယ့် KNU ကတော့ မူးယစ်ဆေးနဲ့ ကင်းရှင်းခဲ့ပါတယ်။ ဒါပေမဲ့ ခုတော့ သောင်ရင်းမြစ်ကမ်းက ဒုစရိုက်လုပ်ငန်းကို KNU နဲ့ တရုတ်လူဆိုးဂိုဏ်းက လုပ်ကိုင်နေတဲ့အကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - ကိုးကန့်စစ်ပွဲမှာ သုံးညီနောင် မဟာမိတ်အဖွဲ့အောင်ပွဲခံပြီး၊ အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းက ဗိုလ်စောချစ်သူရဲ့ ဒုစရိုက်လုပ်ငန်းတွေကတော့ ရှင်သန်ကြီးထွားနေကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
မြန်မာနှင့်တရုတ် လွှမ်းမိုးမှုသမိုင်း I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - တရုတ်မြန်မာနယ်စပ်ဒေသကို လွှမ်းမိုးနိုင်ဖို့ မြန်မာနဲ့ တရုတ်တို့ ကြိုးပမ်းလာတာ ရာစုနှစ်နဲ့ ချီနေပါပြီ။ အခုထက်ထိလည်း လွှမ်းမိုးဖို့ ကြိုးစားနေဆဲ ဖြစ်တဲ့အကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
တရုတ်ပရိယာယ် အစဥ်အလာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ပြည်နယ်အချင်းချင်း စစ်တိုက်တဲ့ခေတ်က ပေါက်ဖွားလာခဲ့တဲ့ တရုတ်ပြည်မှာ စစ်မှုရေးရာအစဥ်အလာကြီးမားပါတယ်။ သမိုင်းအစဥ်အလာ အတွေးအခေါ်အယူအဆတွေဟာ မျက်မှောက်ခေတ်မှာ တနည်းမဟုတ်တနည်းနဲ့ ပြန်လည်ပေါ်ထွက်လာတတ်ပုံကို ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ တပ်ပေါင်းစုပုံစံ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - စစ်တိုက်တဲ့အခါ အထက်ကပေးတဲ့အမိန့်ကိုနာခံဖို့အရေးကြီးပေမယ့် တော်လှန်ရေးတပ်ဖွဲ့အားလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ကိုင်တွယ်ဖို့ မလွယ်လှပါဘူး။ ဒါကြောင့် တပ်ပေါင်းစုပုံစံကို ကျင့်သုံးနေရကြောင်း ဦးအောင်ခင်ကတင်ပြထားပါတယ်။
ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပဒေပြဌာန်းပြီး လိမ်လည်လှည့်ဖြားနေပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ စစ်သားသစ်(၂)သောင်း စုဆောင်းနိုင်သလို၊ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ရောက်လာတဲ့ လူငယ်တွေလည်း တိုးပွားလာပုံကို ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
ရခိုင်ပြည်သစ် တည်ထောင်ရေးတိုက်ပွဲ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - စစ်ရေးမှာအောင်ပွဲခံနေတဲ့ အာရက္ခတပ်တော်ဟာ ြပည်သစ်တည်ထောင်ရာမှာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပေမယ့် အလားအလာကောင်းကြောင်း ဦးအောင်ခင်က တင်ပြထားပါတယ်။
တရုတ်စကားပြောတဲ့ တော်လှန်ရေးတပ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် − ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ဟာ မူးယစ်ဆေးလုပ်ငန်းကြောင့် တချိန်ကနာမည်ဆိုးထွက်ခဲ့ပေမယ့် နွေဦးတော်လှန်ရေးမှာ သူရဲကောင်းတပ်ဖွဲ့ဖြစ်လာပုံရပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ မူဝါဒနဲ့ဆန့်ကျင်နေပုံကို ဦးအောင်ခင်က တင်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထွက်ရပ်လမ်း I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - စစ်တပ်အင်အား ပြုန်းတီးပြီး ပျက်စီးလာတဲ့ စစ်ကောင်စီတပ်က စစ်ဗိုလ်စစ်သားတွေဟာ အသေမခံ၊ လက်နက်မချပဲ ဆက်လက်ရှင်သန်နိုင်တဲ့ ထွက်ရပ်လမ်းကို အသုံးပြုနိုင်ကြောင်း ဦးအောင်ခင်က ရေးသားတင်ဆက်ထားပါတယ်။
ကချင်စစ်အင်အား ကြီးထွားနေပုံ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - မြောက်ပိုင်း မဟာမိတ်(၄)ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်ကင်းစင်တဲ့ နယ်မြေတွေ ကျယ်ပြန့်လာကြောင်း ဦးအောင်ခင်က ရေးသားတင်ပြထားပါတယ်။
ကရင်တော်လှန်ရေး အစဥ်အလာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - 'ဝ'တပ်ဖွဲ့ကလွဲပြီး တိုင်းရင်းသားတပ်ဖွဲ့တွေဟာ ကရင်တော်လှန်ရေးအဖွဲ့ရဲ့ အရိပ်အာဝါသနဲ့မလွတ်ကင်းနိုင်သူတွေ ဖြစ်ပါတယ်။ စစ်အင်အားအစဥ်အလာကြီးမားတဲ့ ကရင်တပ်ဖွဲ့တွေဟာ နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုကြောင်း ဦးအောင်ခင် တင်ပြထားပါတယ်။
'ဝ'ပြည်နယ်ရဲ့ အခြေခံအုတ်မြစ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - နိုင်ငံရေး စစ်ရေး ဆက်ဆံမှုခိုင်မာတဲ့ ကွန်မြူနစ် လုပ်ထုံးလုပ်နည်းနဲ့ ခံယူချက်တွေကြောင့် 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့တပ်ဟာ အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာပုံကို ဦးအောင်ခင်က ရေးသားတင်ပြ ထားပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - (၁၇)ရာစု ရခိုင်ပြည်ဟာ ဘင်္ဂလားပင်လယ်ကွေ့ရဲ့ ကူးသန်းရောင်းဝယ်ရေး ကွန်ရက်မှာ အချက်အချာနေရာတခု ဖြစ်ကြောင်း သမိုင်းဆရာတွေက အသိအမှတ် ပြုကြပါတယ်။ ဒီလိုဖြစ်လာအောင် နိုင်ငံရေးပထဝီက ဖန်တီးပေးပုံကို ဦးအောင်ခင်က တင်ပြထားပါတယ်။
ပြည်တွင်းစစ်သံသရာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေဟာ ပြည်တွင်းစစ်သံသရာထဲ တဝဲလည်လည်ဖြစ်နေပုံကို ဦးအောင်ခင်က ရေးသားတင်ပြ ထားပါတယ်။
ရခိုင်ဒေသနှင့် ရက္ခိတလမ်းစဥ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - ရခိုင်အမျိုးသားရေးဝါဒဖြစ်တဲ့ ရက္ခိတလမ်းစဥ် ကျယ်ပြန့်လာပုံကို ဦးအောင်ခင်က အခုလို သုံးသပ်တင်ပြထားပါတယ်။
စစ်တပ်ဖန်တီးတဲ့ လူမျိုးရေးစစ်ပွဲ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - တိုင်းရင်းသားတပ် အင်အားကြီးမားတဲ့ဒေသတွေမှာ လူမျိုးရေးစစ်ပွဲဖြစ်ပွားပြီး၊ မျိုးနွယ်စုအချင်းချင်း သတ်ဖြတ်အောင် စစ်ကောင်စီက ဖန်တီးနေကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
လက်နက်အင်အား အခြေအနေ I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - မြန်မာ့ပြည်တွင်းစစ် အခြေအနေဟာ စစ်လက်နက်ပစ္စည်း အင်အားအပေါ်မှာလည်း အများကြီးမူတည်နိုင်ကြောင်း ဦးအောင်ခင်က ရေးသား တင်ဆက်ထားပါတယ်။
သောင်ရင်းမြစ်က ရာဇဝတ်ကွန်ရက် I ဦးအောင်ခင်ရဲ့မြန်မာ့အရေးသုံးသပ်ချက် - ထိုင်း−မြန်မာနယ်စပ်ဖြစ်တဲ့ သောင်ရင်းမြစ်ကမ်းခြေက ရာဇဝတ်ကွန်ရက်အကြောင်း ဦးအောင်ခင်က ရေးသား တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်