ကမ္ဘာကြီးပူနွေးမှုနဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်ဆီးမှုကို တားဆီးရေး ကမ္ဘာတဝန်း ကြိုးပမ်းနေကြသူတွေထဲမှာ ရခိုင်ပြည်နယ်တောင်ပိုင်းက ဒေါက်တာမောင်မောင်ကြည်လည်း ပါဝင်ပါတယ်။ ဘယ်လို စိတ်ကူးတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလုပ်တွေ လုပ်ဖြစ်တာပါလဲ။ သူ့အကြောင်းအစီအစဉ်မှာ ကိုသက်နိုင်ရိုက်ကူးတင်ဆက်ထားပါတယ်။
ဒီကနေ့မှာဆိုရင်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် တွေမှာ အာဏာရှင်ဆန့်လှုပ်ရှားမှုအတွင်း သေဆုံးသူတွေ ရှိခဲ့ပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆို ခံထား ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကို ဒီကနေ့မှာပဲ နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအက်ဥပဒေနဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုသက်နိုင် က တင်ပြပေးပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ မနေ့က အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေအတွင်း သေဆုံးသွားသူတွေထဲက တချို့ကို ဒီကနေ့မှာပဲ သဂြိၤုလ်ကြပါတယ်။ မန္တလေးမြို့က သေဆုံးသွားတဲ့ မကြယ်စင် အပါအဝင် မုံရွာမြို့မှာ သေဆုံးသွားတဲ့ လူတချို့ကို ဒီကနေ့ နေ့လယ်ပိုင်းက သဂြိုၤလ်ခဲ့ တာဖြစ်ပြီး ထောင်နဲ့ ချီတဲ့ ဒေသခံတွေက လိုက်ပါပို့ဆောင်ပေးကြတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု တလကျော်လာချိန်ထိ လမ်းပေါ်ထွက် ဆန့်ကျင် ဆန္ဒပြ နေကြဆဲဖြစ်ပြီး ဒီကနေ့မှာ ဆိုရင်လည်း မြင်းခြံမြို့နယ်မှာ အာဏာရှင်ဆန့်ကျင် လှုပ်ရှား သူတွေကို အာဏာပိုင်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာ ရရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒီကနေအထိ ဖမ်းဆီးခံရသူ ၂၃ အထိ ရှိနေပါတယ်။ အဲဒီထဲမှာ ပြန်လွတ်လာသူတချို့လည်း ရှိသလို တရားစွဲဆိုခံထားရသူတွေလည်း ဒီကနေ့ အထိ ၁၀ ဦးထက်မနည်း ရှိနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ် ပျက်ပြယ်သွားပြီလို့ စစ်အုပ်ချုပ်ရေးကောင်စီက အသစ်ပြန်ဖွဲ့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်အတွင်း အဲဒီလိုပြောခဲ့တာပါ။ အေပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်မှာ အခြေခံပညာရေးကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် ပညာရေးဝန်ထမ်းအားလုံး ဒီကနေ့ စတင်ပြီး ပုံမှန်ကျောင်းတက်ဖို့ ပြည်နယ် ပညာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြတာတွေ နေရာအနှံ့ပေါ်ပေါက်နေ ချိန်မှာပဲ အာဏာပိုင်တွေက အင်အားသုံး နှိမ်နင်းတာတွေ ရှိနေပါတယ်။ ကချင်ပြည်နယ်မြို့ တော် မြစ်ကြီးနားမှာ ဆန္ဒပြသူတွေ ကိုလုံခြုံရေးတပ်ဖွဲ့ တွေက ဖမ်းဆီးနှိမ်နင်းခဲ့တာပါ။ အပြည့်အစုံကို တော့ ဗွီအို အေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။
ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ကို ဒီကနေ့ပဲ အာဏာပိုင်တွေက နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး၊ ဖမ်းဆီးမှုတွေ၊ ခြိမ်းခြောက်ခံရမှုတွေ ရှိနေတယ်လို့ မိသားစုတွေနဲ့ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီနေ့မှာလည်း ဖမ်းဆီးမှုတွေနဲ့ ဖိအားပေးမှုတွေ ရှိခဲ့တဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ဆက်ပေးထားပါမယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီးရခိုင်ပြည်နယ်မှာ ဖမ်းဆီးအရေးယူခံရသူ ၁၀ ဦးထက်မနည်းရှိနေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေရဲ့အခွင့်အရေးတွေကိုလေးစားလိုက်နာဖို့ နိုင်ငံတကာက သတိပေးနေချိန်မှာပဲအရေးယူမှုတွေ ပေါ်ပေါက်နေတာပါ။
စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားနေရာမှာ တိုင်းရင်းသား ဒေသတွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေက ဒီကနေ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ တချို့လည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံ နေရာတော်တော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ပျံ့နှံ့ လာရာမှာ ရခိုင်ပြည်နယ်က မြို့နယ်တချို့လည်း ပါဝင်လာပါတယ်။ ရခိုင်ပြည်နယ်မှာပဲ အာဏာသိမ်းလိုက်တဲ့ စစ်တပ်ကို ထောက်ခံတဲ့ လှုပ်ရှားမှုတချို့လည်း ရှိနေတာပါ။
တပ်မတော်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း တိုင်းရင်းသားနိုင်ငံရေး ပါတီတွေဖြစ်တဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမို ကရက်တစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့က ဒီနေ့ပဲ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံလိုက်ရတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုဟာ ဒီကနေ့ ညနေပိုင်းက ပြန်လွတ်လာပြီးနောက် လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
လူထုသဘောထားဆန္ဒကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေကိုဆန့်ကျင်အံ့တုဖို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတိုက်တွန်းလိုက်ပါတယ်။ နိုင်ငံသားတိုင်းအနေနဲ့ နည်းလမ်းပေါင်းစုံသုံး ဆန့်ကျင်ဖို့ အခုလိုတိုက်တွန်းချက်ထွက်လာတာပါ။ ဒီအကြောင်း AP သတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့နဲ့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက် တနိုင်ငံလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေကို ဒီလကုန်အထိ ရပ်ဆိုင်းထားမယ့်အကြောင်း တပ်မတော်က ကြေညာထားပါတယ်။
ရခိုင်က ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေတဲ့ မြင်ကွင်းတချို့။ ~~~ ရခိုငျက ကနြျးမာရေးဝနျထမျးတှေ ကိုဗဈကာကှယျဆေးထိုးနှံနတေဲ့ မွငျကှငျးတခြို့။
ရခိုင်ပြည်နယ်မှာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ အရပ်သားတွေ ထိခိုက်သေဆုံးနေပြီး သေဆုံးတဲ့ အရေအတွက် ပြီးခဲ့တဲ့နှစ်ကထက် ပိုများလာတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ပြောပါတယ်။ VOA မြန်မာပိုင်း အစီအစဉ်သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်