အာရှနိုင်ငံတချို့ အထူးသဖြင့် ထိုင်း၊ စင်္ကာပူနဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်၊ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတချို့ကို ဝင်ငွေခွန်ကောက်ယူဖို့ မြန်မာစစ်ကောင်စီက သက်ဆိုင်ရာ သံရုံးတွေကတဆင့်အ သိပေးလာကြောင်း မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။
အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ (APHR)ဟာ ထိုင်း-မြန်မာနယ်စပ် မယ်ဟောင်ဆောင်နဲ့ မယ်ဆရီယန်မှာ လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကြောင့် ထိခိုက် ခံစားနေရတဲ့ နယ်စပ်ဒေသတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ သွားရောက်ခဲ့ပါတယ်။
အလုပ်သမားတွေအတွက် အခြေခံလုပ်ခလစာ တနေ့တာ ၅,၈၀၀ ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်ပေး လိုက်ပေမယ့် အချိန်ပိုကြေးကိုတော့ အရင်သတ်မှတ်နှုန်းထားအောက် ပြန်လျှော့ချ လိုက်တယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲမှာ ၅ ရက်အတွင်း အရပ်သား ၁၀ ယောက်နီးပါး သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ ကလေးငယ်တွေအပါအဝင် ၁၂ ဦးသေဆုံးတာ စက်တင်ဘာ ၁၆ ရက်ဆို ၁ နှစ်ပြည့်သွားပါပြီ။ ခုလို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မလုပ်နိုင်အောင် စစ်တပ်အပေါ် နောက်ထပ် အရေးယူမှုတွေလုပ်ဖို့လည်း တောင်းဆိုနေကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ရွာအနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ရွာခံတွေ ၁,၀၀၀ ဝန်းကျင်လောက် ရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒေသတဝိုက် ပစ်ခတ် တိုက်ခိုက်တာတွေ ကြားနေရဆဲမို့ ဒီရက်ပိုင်း အိမ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ကျေးရွာ ၁၄ ရွာက ဒေသခံ ၈,၀၀၀ နီးပါး စစ်ဘေးရှောင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ဝက်လက်တောင်ခြမ်းမှာလည်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံတချို့ သေဆုံးတာရှိပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါရဲ့ ဂယက်အပြင် ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ လူမှုစီးပွားအခြေအနေ မတည်ငြိမ်မှုတွေကြောင့် အလုပ်အကိုင်ရရှိနှုန်း၊ အလုပ်အရည်အသွေးနဲ့ ကုန်ထုတ်စွမ်းအား ဆက်လက်ကျဆင်းနေပြီး ဒီအထဲမှာ အထိခိုက်ဆုံးက အမျိုးသမီး အလုပ်သမားတွေဖြစ်တယ်လို့ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ကပြောပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းက စီးစံရွာမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် လင်မယား ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေပါ လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က သတင်းထောက် တွေကိုပြောဆိုခဲ့တဲ့အပေါ် ပြည်တွင်းမှာ ထင်မြင်ချက်အမျိုးမျိုးနဲ့ သုံးသပ်မှုတွေရှိနေပါတယ်။
မိုခါမုန်တိုင်းအပြီး လူသားချင်းစာနာမှု အကူအညီတွေ အကြီးအကျယ် လိုအပ်နေတဲ့ ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြသူတွေအနေနဲ့ အာဏာပိုင်တွေရဲ့ အကန့်အသတ်အောက်မှာ အကူအညီပေးရေးတွေ ခက်ခဲနေပါတယ်။
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ထဲက နန်းဦးလွင် ကျေးရွာအုပ်စု၊ ကန်ကောက်ကျေးရွာနဲ့ ဂွေ့ကြီးကုန်းကျေးရွာက လယ်ယာမြေတွေမှာ အဆောက်အဦးတွေ ဆောက်လုပ်ထားတာကို ဖယ်ရှားပေးဖို့ ညွှန်ကြားစာတွေ ထွက်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၅ဖွဲ့တို့ ဒီလ ၂၆ ရက်နေ့ကစလို့ ၃ရက်ကြာ ဆွေးနွေးခဲ့ကြတာမှာမူပိုင်းဆိုင်ရာ သဘောတူညီချက် ၄ချက်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီချက် ၅ချက် ရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းတောင်ဘက် ဆားတောင်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နေအိမ်ရာနဲ့ချီ မီးရှို့ခံခဲ့ရလို့ ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။ အရပ်သား အများအပြားလည်း ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ်အတွင်း ထန်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်တွေ စခန်းချပြီး လက်နက်အင်အား လူအင်အားဖြည့်တင်းနေတယ်ဆိုတဲ့သတင်းကြောင့် အနီးတဝိုက် ဒေသခံတွေ စိုးရိမ်ပြီး စစ်ရှောင်နေကြရပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်တွေမှာ ဒီလအတွင်း ဒေသခံ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ခိုက်မှုတွေနောက်ပိုင်း အဖမ်းအဆီးတွေ များလာနေပါတယ်။ လဝကရုံး၊ စရဖရုံးနဲ့ မြို့မရဲစခန်း တိုက်ခိုက်တာခံရပြီး ပစ်ခတ်မှုကြောင့် လဝက ဒုဦးစီးမှူးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် နဘူးတော ကျေးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ရာမှာ တိုက်ပွဲဖြစ်ပြီး ကျေးရွာထဲမှာ အရပ်သားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချိန်းတည်းမှာ ပုလဲမြို့နယ်တွင်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ရဲစခန်းအပါအဝင် နေရာ ၄ ခုကို ကာကွယ်ရေးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အရှေ့ခြမ်းနဲ့အနောက်ခြမ်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရာမှာ တိုက်ပွဲတချို့ဖြစ်ပြီး ဒေသခံအများအပြား နေရပ်ကတိမ်းရှောင်ကြရပါတယ်။
မြိ့ုပြမှာ နေထိုင်တဲ့ လူတွေနဲ့ တိရိစ္ဆာန်တွေမှာ သစ်ရိပ်ဝါးရိပ် နည်းလာတာက စိတ်ဖိစည်းမှုတွေ ဖြစ်စေတတ်ပါတယ်။ Australia နိုင်ငံ Perth မြိ့ုမှာဆိုရင် ရှိပြီးသား သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းခြင်းမပြုဘဲ အပင်တွေ ကြားမှာ လူနေအိမ်တွေ စဆောက်နေကြပါပြီ။ AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရဲမွန်က ပြောပြပါမယ်။
"အိန္ဒိယကိုပို့လို့ရမယ့်ကုန်ပစ္စည်းတွေ မရှိဘူးဗျာ။ အိန္ဒိယက မတ်ပဲ၊ ဂျင်း အဲဒါတွေ လိုတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ အဲဒါကို တရားဝင်စိုက်ပျိုးတာ တကယ်ကိုနည်းသေးတယ်။ .......တခြားတိုင်းနဲ့ ပြည်နယ်တွေကပစ္စည်းတွေကို တဆင့်ခံကုန်သွယ်ရေးပဲ အရင်လုပ်ရလိမ့်မယ်။” (ဦးကျော်အေးမောင်-ရခိုင်ဆီကုန်သည်အသင်းဥက္ကဋ္ဌ)
နောက်ထပ်ကြည့်ရှုရန်