၁ ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဧရာမဟမ်ဘာဂါကြီးတွေကို စားတဲ့ပြိုင်ပွဲ အီဂျစ်က စားသောက်ဆိုင်တဆိုင်မှာ ပြုလုပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူ ၅ယောက်ရှိခဲ့ပါတယ်။ အကုန်စားနိုင်သူကတော့ ဆေုကြးအဖြစ် ၆၃ ဒေါ်လာနဲ့ညီမျှတဲ့ ကူပွန်တခုရရှိမှာပါ။ ဒီလိုဟမ်ဘာဂါတလုံးဟာ ပုံမှန်ဆို လူ ၄ယောက်ကနေ ၆ယောက်အထိစားနိုင်တဲ့ ပမာဏရှိပါတယ်။
Netflix ကုမ္ပဏီရဲ့ နာမည်ကြီး ကိုရီးယားရုပ်သံစီးရီး Squid Game ထဲက ကစားနည်းတခုမှာပါဝင်တဲ့ အရုပ်မလေးကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က ပန်းခြံတခုမှာ နေရာပေးလိုက်တဲ့အတွက် အောက်တိုဘာ ၁၆ရက် အင်္ဂါနေ့က ပရိတ်သတ်တွေအပြေးအလွှားရောက်ရှိလာခဲ့ပါတယ်။
ထိုင်းနိုင်ငံ နွန်သာဘူရီမြို့မှာရှိတဲ့ စားသောက်ဆိုင်လေးတဆိုင်ဟာ မိုးတွင်း ရေကြီးရေလျှံမှုတွေဖြစ်ပြီးနောက်မှာမှ စားသုံးသူတွေကြားရေပန်းစားလာပြီး foodie တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ အားပေးသူတွေအတွက် အခုလိုရေထဲမှာထိုင်ပြီးစားရတာက အတွေ့အကြုံအသစ်တခုလိုဖြစ်နေတာပါ။
အမေရိကန်ပြည်ထောင်စု အလတ်စကာပြည်နယ်တောင်ပိုင်း၊ ကတ်မေ အမျိုးသားဥယျာဉ်မှာ နှစ်စဉ်ကျင်းပနေကြ ဝက်ဝံအဝပြိုင်သီတင်းပတ်အတွင်း ဝက်ဝံညိုကြီး အိုးတစ်(စ်)ပဲ ဗိုလ်စွဲသွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ် တူဆန်မြို့မှာ ရထားရပ်နားစဉ် ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်အထူးတပ်ဖွဲ့ DEA အရာရှိတဦး သေဆုံးသွားပါတယ်။
အင်ဒိုနီးရှားက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သူတွေဟာ သမုဒ္ဒရာထဲက ပလတ်စတစ်တွေပိုများလာတဲ့ ပြဿနာကို မီးမှောင်းထိုးပြတဲ့အနေနဲ့ အဲဒီစွန့်ပစ်ပလတ်စတစ်တွေနဲ့ ပြတိုက်တခုကို ဖန်တီးပြခဲ့ပါတယ်။
နာရီတော်တော်ကြာအောင် ကြိုးစားခဲ့ပြီးနောက် အောက်တိုဘာ ၅ရက်နေ့က သောင်တင်နေတဲ့ ဝေလငါးကြီးတကောင်ကို အာဂျင်တီးနားနိုင်ငံ အတ္တလန္တိတ်သမုဒ္ဒရာကမ်းခြေမှာ ရေထဲပြန်လည်သယ်ဆောင်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ မတိုင်ခင်တရက် ညပိုင်းကတည်းက ဒီငါးကြီးကို ကမ်းခြေမှာ ဒေသခံတွေက တွေ့ခဲ့တာပါ။
အခုလတ်တလောခေတ်စားနေတဲ့ Squid Game ကိုရီးယားရုပ်သံစီးရီးထဲက ၁၀ပေအမြင့်ရှိတဲ့ အရုပ်မလေး မနီလာမြို့က ဈေးဝယ်စင်တာတခုဆီအလည်ရောက်လာပါတယ်။
မိတ်ဆွေတွေ၊ မိသားစုတွေ၊ တခြား သူတွေနဲ့ ဆက်သွယ်တဲ့ လူမှုကွန်ရက် Facebook နဲ့ အတူ သူ့ရဲ့ Instagram နဲ့ WhatsApp စာမျက်နှာတွေ ပြတ်တောက်သွားတာကြောင့် ကမ ္ဘာတဝန်းမှာ လူပေါင်း သန်းချီ Facebook သုံးမရ ဖြစ်သွားပါတယ်။
အသစ်ရိုက်နှိပ်တဲ့ ငွေစက္ကူတွေပေါ်မှာ သုံးည ၆လုံးပါမလာတဲ့အတွက် ဗင်နီဇွဲလားနိုင်ငံသားတွေ မျက်စိလည်ကုန်ပါတယ်။
မြန်မာ့အကျပ်အတည်း နိုင်ငံတကာ တညီတညွတ်တည်း ဖြေရှင်းရေး ကုလအတွင်းရေးမှူးချုပ် ပန်ကြား၊ မြန်မာနိုင်ငံမှာ တလအတွင်း ငွေတန်ဖိုး ၆၀% ကျဆင်းမှု လူထုနေ့စဉ်ဘဝ အပြင်းအထန်ထိခိုက်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
Cumbre Vieja မီးတောင် ပေါက်ကွဲပြီးထွက်လာတဲ့ ချော်ရည်တွေဟာ စပိန်နိုင်ငံ La Palma ကျွန်းတလျှောက်စီးကျလာခဲ့ပြီး အခုဆိုရင် အတ္တလန္တိတ်သမုဒ္ဒရာနဲ့ ထိစပ်တဲ့ ကမ်းခြေထိရောက်ရှိလာတာကို စက်တင်ဘာ ၂၉ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မြေနိမ့်ပိုင်း မြောက်ဘက်နဲ့ အနောက်မြောက် ပြည်နယ် ၃၀ မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ရေကြီးနေလို့ လူ ၇ ဦးမက သေဆုံးပြီး အိုးအိမ် ၂ သိန်းလောက် ရေဘေးသင့်နေပါတယ်။
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်ဒဏ်ကို တိုကျိုက စားသောက်ဆိုင်အချို့ဘယ်လိုတုန့်ပြန်ကြပါသလဲ။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဆုခေါ်ထိုင်းခရိုင်မှာ မိုးများရေကြီးလို့ အိမ်မှာ ပိတ်မိနေသူတွေကို လေထီးပျံနဲ့ စားသောက်ကုန်တွေ လိုက်ချပေးနေပါတယ်။ Originally published at burmese.voanews.com
ဟောင်ကောင်ကို တရားမဝင်တင်ပို့မယ့် ငါးမန်းတောင် ၃၄၉၃ ခုကို မြို့တော်ဘိုကိုတာလေဆိပ်မှာ သိမ်းဆည်းရမိကြောင်း ကိုလံဘီယာအာဏာပိုင်တွေက ပြောပါတယ်။ ဒီအရေအတွက်ကိုရဖို့ ၃ပေနဲ့ ၁၆ပေကြား အရွယ်အစားရှိတဲ့ ငါးမန်းပေါင်း ၉၀၀ကနေ ၁၀၀၀အတွင်း အသတ်ခံခဲ့ရတယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရာရှိတွေက ခန့်မှန်းပါတယ်။
အစားအသောက်နဲ့ ဂီတတူရိယာတွေ ခြံရံပြီးမြှုပ်နှံထားတဲ့ နှစ် ၈၀၀ အကြာက အရိုးစုတွေကို တွေ့ခဲ့လို့ ပီရူးနိုင်ငံက ရှေးဟောင်းသုတေသနပညာရှင်တွေ ကွင်းဆင်းလေ့လာနေကြပါတယ်။
#voaburmesenews #voaburmese #thailand #thailandtaxi #thailandtaxiservice #thailandcovid19
နောက်ထပ်ကြည့်ရှုရန်