အင်္ဂလန်နိုင်ငံ Warwickshire ခရိုင်မှာတော့ ၂၅မီတာအမြင့်ရှိတဲ့ တိုင်တက်ပြိုင်ပွဲကို ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာ ကျင်းပခဲ့ပါတယ်။ ခွာမှာအချွံပါတဲ့ ဖိနပ်နဲ့ ကြိုးကွင်းကိုသုံးပြီး အမြန်ဆုံးတက်ပြရတာဖြစ်ပါတယ်။ မြောက်အမေရိကမှာ သစ်ခုတ်သူတွေက ပင်စည်ကိုလှဲမချခင် အကိုင်းတွေကိုဖြတ်ဖို့ တက်ကြည့်တဲ့ အလေ့အကျင့်ကနေ ဒီကစားနည်း စတင်ခဲ့တာလည်းဖြစ်ပါတယ်။ #voaburmese #voasocial
အီတလီနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့စနေတနင်္ဂနွေက ပြီးစီးခဲ့တဲ့ ကမ်းပါးပေါ်က ဒိုင်ဗင်ထိုးပြိုင်ပွဲမှာတော့ ဗြိတိန်နိုင်ငံသား Gary Hunt နဲ့ သြစတေးလျက Rhiannan Iffland တို့က ဆုကြီးတွေရရှိခဲ့ပါတယ်။ ကစားသမားတွေဟာ ၂၇မီတာမြင့်တဲ့ စင်ပေါ်ကနေ Adriatic ပင်လယ်ထဲကို ဒိုင်ဗင်ထိုးခဲ့ကြတာဖြစ်ပါတယ်။ #voaburmese #voasocial
ရုရှားနိုင်ငံ စိန့်ပီတာဘတ်မြို့ရဲ့ ရထားနဲ့ဘူတာရုံတွေမှာတော့ အခုလို ဖျော်ဖြေနေတဲ့ Pavel Gorskiy ကို တွေ့နိုင်ပါတယ်။ ဂန္တဝင်ဂီတသံကို စပီကာနဲ့ဖွင့်ထားပြီး လမ်းသွားလမ်းလာတွေကို တင်ဆက်တဲ့ အသက်(၃၀)အရွယ် သူဟာ အခုလို Professional Contact Juggler တစ်ယောက်အဖြစ်ရပ်တည်နေတာ ဆယ်နှစ်နီးပါရှိပါပြီ။ #voasocial #voaburmese
အိန္ဒိယနိုင်ငံ မြောက်ပိုင်းက Manali မြို့မှာ မိုးအရမ်းများခဲ့တာကြောင့် ရေကြီးပြီး လူမပါတဲ့ ဘတ်စ်ကားတစ်စီး ရေစီးနဲ့မျောပါသွားခဲ့ပါတယ်။ မိုးသည်းထန်မှုကြောင့် Himachal Pradesh ပြည်နယ်က ခရိုင်(၁၀)ခုဟာ ရေကြီးပြီး မြေပြိုမှုဒဏ်တွေ ခံခဲ့ရပါတယ်။ #voaburmese #voasocial
ရှားရှားပါးပါး ခေါင်းနှစ်လုံးပါတဲ့ မြွေတစ်ကောင်ကို အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယာပြည်နယ် Richmond မြို့မှာ စက်တင်ဘာ ၂၀ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ မြွေရဲ့ မျိုးစိတ်ကိုတော့ တွားသွားသတ္တဝါလေ့လာတဲ့ ပညာရှင် JD Kleopfer က စစ်ဆေးနေပြီး ဒီလိုမြွေအမျိုးအစားဟာ အသက်အကြာကြီးရှင်သန်နေထိုင်ဖို့ခက်ခဲတာကြောင့် အခုလိုတွေ့ရှိရတာဟာ အရမ်းကို ကြုံတောင့်ကြုံခဲဖြစ်တယ်လို့ ဆိုပါတယ်။ #voaburmese #voasocial
တူရကီနိုင်ငံ အီစတန်ဘူလေဆိပ်မှာတော့ Superbike လို့ခေါ်တဲ့ စူပါမော်တော်ဆိုင်ကယ်တစ်စီးဟာ ဂျက်လေယာဉ်၊ လူစီးလေယာဉ်၊ လျှပ်စစ်ကားနဲ့ တခြား အမြန်မောင်းကားတွေထက်ပိုပြီး မြန်တာကို သက်သေပြလိုက်ပါတယ်။ ဒီပြိုင်ပွဲကို တူရကီရဲ့ ပထမဆုံး လေကြောင်းနဲ့ နည်းပညာပြပွဲ Teknofest အတွင်း ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ မီတာ ၄၀၀ရှည်တဲ့ ပြေးလမ်းမှာတော့ Challenger 605 လေယာဉ်၊ တူရကီရဲ့ F-16 ဂျက်လေယာဉ်၊ Sports Car ၃စီး၊ Tesla P1000DL လျှပ်စစ်ကားတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ #voaburmese #voasocial
Raquel Benetti ဟာ ဘရာဇီးနိုင်ငံက ဘောလုံးအလှပြကစားသူ၊ ဖျော်ဖြေရေးနဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဒေါက်ဖိနပ်စီးထားတဲ့ခြေထောက်နဲ့ ဘောလုံးကို တော့ပြီး အလွတ်တန်းကစားပြခဲ့ပါတယ်။ #voaburmese #voasocial
ဘိုထိုင်အိမ်သာတွေ၊ ဈေးဝယ်တွန်းလှည်းတွေနဲ့ ခြံအတွင်း သိုလှောင်ရုံအသေးလေးတွေကို ဒုံကျည်ပစ်အဟုတ်မြှင့်စက်တွေတပ်ပြီးတော့ မောင်းနှင်တဲ့ ပြိုင်ပွဲတစ်ပွဲ အင်္ဂလန်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေတုန်းက ကျင်းပခဲ့ပါတယ်။ အိမ်သာဟာ တစ်နာရီကို ၁၁၃.၅ကီလိုမီတာ၊ တွန်းလှည်းက ၁၄၇နဲ့ သိုလှောင်ရုံကတော့ ၁၆၀ရှိပြီး အများဆုံးစံချိန်တင်ခဲ့ပါတယ်။ #voaburmese #voasocial
အမေရိကန်ပြည်ထောင်စု ပန်ဆယ်ဗေးနီးယားပြည်နယ် Pittsburgh မြို့က ဆပ်ကပ်ပြပွဲတစ်ခုအတွင်းမှာတော့ ကုလားအုတ်တစ်ကောင်ဟာ ရုတ်တရက်လန့်ဖျပ်ပြီး ခုန်ပေါက်သောင်းကျန်းခဲ့တာကြောင့် ကလေးတွေအပါအဝင် လူ(၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကုလားအုတ်ကို ခြံသွင်းပြီးတဲ့အခါမှာတော့ ဆပ်ကပ်ပွဲကို ပြန်စခဲ့ပါတယ်။ #voaburmese #voasocial
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တိုင်ဖွန်းမုန်တိုင်း Mangkhut ဟာ တရုတ်ပြည်ကိုမဝင်ခင်မှာ ဟောင်ကောင်ကျွန်းကို ဖြတ်သွားခဲ့ပါတယ်။ အာရှဒေသကို ဝင်တိုက်တဲ့ မုန်တိုင်းတွေထဲမှာ ဒီနှစ်အတွင်း အင်အားအပြင်းဆုံးလို့ သတ်မှတ်ထားတဲ့ ဒီမုန်တိုင်းဘေးကနေ လွတ်ကင်းဖို့အတွက် Guangdong ပြည်နယ်က လူပေါင်း ၂.၄ သန်းကျော်ကို ရွှေ့ပြောင်းပေးထားပါတယ်။ #voaburmese #voasocial
မောင်းသူမပါဘဲ သူ့ဘာသာသွားနိုင်တဲ့ R1200GS အမျိုးအစားမော်တော်ဆိုင်ကယ်တစ်စီးရဲ့ ဗီဒီယိုကို BMW ကုမ္မဏီက ပြသခဲ့ပါတယ်။ ဒီမော်တော်ဆိုင်ကယ်ဟာ အင်ဂျင်နှိုးတာကအစ အရှိန်လျှော့တာ၊ မြှင့်တာတွေအပြင် တဖြည်းဖြည်းချင်းရပ်တန့်သွားတဲ့အထိ လူရဲ့ အကူအညီမပါဘဲ လုပ်ဆောင်နိုင်တာပါ။ ဒါပေမယ့်လည်း သူ့ကို ဈေးကွက်ထဲမှာ ရောင်းချဖို့ထက် ဒီနည်းပညာကိုအခြေခံပြီး အနာဂတ်မော်တော်ဆိုင်ကယ်တွေမှာ ယာဉ်မောင်းတွေကို ဘေးကင်းလုံခြုံအောင်ပံ့ပိုးပေးဖို့အတွက် ပိုပြီးရည်ရွယ်တာဖြစ်ပါတယ်။ #voaburmese #voasocial
Impeachment ဆိုတာဟာ ဥပဒေပြုလွှတ်တော်ကနေ အဆင့်မြင့် အစိုးရအရာရှိတစ်ဦးကို တရားစွဲဆိုခြင်းလုပ်ငန်းစဉ်ကို ဆိုလိုခြင်းပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတက ဥပဒေချိုးဖောက်ရင် တရားစွဲဆိုခံရနိုင်ပါသလား။ ဒီဗီဒီယိုမှာ ပြောပြပေးမှာပါ။
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်မှာ ကိုယ်စားလှယ် အယောက် ၂၀၀ နီးပါးနဲ့အတူ ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အခမ်းအနားနဲ့ ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
ဘန်ကောက်မြောက်ပိုင်းက မီးသတ်တပ်ဖွဲ့တစ်ဖွဲ့ဟာ မီးလောင်တဲ့အကြောင်း ဖုန်းသံမကြားရတာ ဇွန်လကတည်းကဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖုန်းလိုင်းတစ်ခုကိုတော့ ၂၄နာရီ ခေါ်ဆိုဖို့ ဖွင့်ပေးထားပါတယ်။ အဲဒါကတော့ မြွေတွေ့ရင် ခေါ်ဖို့ပါ။ မီးငြှိမ်းတာထက် မြွေဖမ်းရတဲ့အလုပ်က ပိုများတယ်လို့ ၄၆နှစ်အရွယ် မီးသတ်သမား Suraphong Suepchai က ဆိုပါတယ်။ ဖမ်းမိတဲ့အထဲက အဆိပ်ရှိတဲ့မြွေတွေကို Bangkok Snake Farm ဘန်ကောက်မြွေမွေးမြူရေးခြံမှာ ပြန်ပို့ပေးပြီးတော့ အဆိပ်မရှိတဲ့ မြွေတွေကိုတော့ အနီးနားပတ်ဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါဟာ သက်ရှိဂေဟစနစ်ကို မျှတစေမှာဖြစ်ကြောင်း မီးသတ်သမားတွေက ရှင်းပြပေးပါတယ်။ #voasocial #voaburmese
ပထမဆုံး ကမ္ဘာ့အလွတ်တန်းဘောလုံးစွမ်းရည်ပြမှုပြိုင်ပွဲမှာ အာဖရိကတိုက်ကိုယ်စားပြုယှဉ်ပြိုင်မယ့်သူ ရွေးချယ်ပွဲကို နိုင်ဂျီးရီးယားနိုင်ငံ Lagos မြို့မှာ ကျင်းပခဲ့တာမှာ အိုင်ဗရီကို့စ်က Ben Abdul Nader Kone ဆိုသူ ပထမဆုရခဲ့ပါတယ်။ #voaburmese #voasocial #WFFA
ဒီတစ်ခါ စပိန်နိုင်ငံ မက်ထရစ်မြို့က Manzanares မြစ်ကမ်းပါးမှာ သောင်တင်နေတဲ့ ၅၂ ပေ အရှည် ဝေလငါးကြီးတစ်ကောင်ကြောင့် မြို့ခံတွေထဲ လှုပ်လှုပ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Captain Bommer Collective အဖွဲ့ရဲ့ ပုံတူအနုပညာလက်ရာတစ်ခုသာဖြစ်ပြီး ပင်လယ်ရေညစ်ညမ်းနေမှုကို အသိပညာပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြသထားတာဖြစ်ပါတယ်။ #voaburmese #voasocial
အိန္ဒိယနိုင်ငံ ဘူဘန်ရွှာမြို့ က ယာဉ်ထိန်း ရဲတစ်ဦးဟာ ယာဉ်ကြောအချက်ပြရာမှာ ကိုယ်ပိုင်ဟန်နဲ့ တမူထူးခြားလုပ်ဆောင်တတ်သူပါ။ အိန္ဒိယလို့ဆိုလိုက်ရင် ပြာယာခတ်နေတဲ့ ယာဉ်လမ်းကြောတွေကို မျက်လုံးထဲတန်းမြင်အောင်ကို ရှုပ်ယှက်ခတ်တဲ့ လမ်းမတွေရှိနေတာကြောင့် အဲဒီလို လမ်းဆုံတွေမှာ Pratap Chandra Khandwal ရဲ့ ခန္ဓာကိုယ်အချက်ပြမှုတွေဟာတော့ ဖျော်ဖြေရေးတစ်ခုအသွင်ဆောင်ပြီး ယာဉ်မောင်းတွေရဲ့ အာရုံကို ပိုပြီးရယူနိုင်စေဖို့လည်းဖြစ်ပါတယ်။ #voaburmese #voasocial
ဟာရီကိန်းမုန်းတိုင်းအကြောင်း
အစ္စရေး အမျိုးသမီးအနုပညာရှင် Sigalit Landau ဟာ အခုလိုမျိုး ရေခဲနဲ့ဖုံးလွှမ်းနေတဲ့ဒီဇိုင်းနဲ့ အနုပညာလက်ရာတွေကို ဖန်တီးနေခဲ့တာ ၁၅နှစ်ရှိခဲ့ပါပြီ။ သူဟာ "ပင်လယ်သေ"ထဲက ရေရဲ့ ဆားဓါတ်မြင့်မားခြင်းကို အသုံးချပြီး အခုလို ဆားပွင့်တွေကပ်နေတဲ့ ပစ္စည်းတွေကို ပြုလုပ်တာဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းစဉ်ကို မှတ်တမ်းမှတ်ရာပြုလေ့ရှိပါတယ်။ သူမရဲ့ Salt Years လို့ပေးထားတဲ့ ပြပွဲတစ်ခုကိုတော့ နောက်နှစ် သြစတီးယားနိုင်ငံ Museum Der Moderne မှာ ပြသမှာဖြစ်ပါတယ်။ #voaburmese #voasocial
Paragliding ခေါ် တောင်ကုန်းတွေပေါ်ကနေ အမြန်ပြေးပြီး လေထီးနဲ့ခုန်ဆင်းရတဲ့ အားကစားနည်းကိုတော့ ဘိုလီးဗီးယားနိုင်ငံ Irupana အရပ်မှာကျင်းပခဲ့တဲ့မှာ လူပေါင်း (၅၀)ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီအထဲက အမျိုးအစားတစ်ခုကတော့ ဗီဒီယိုမှာတွေ့ရတဲ့အတိုင်း ကိုယ်နှစ်သက်တဲ့ ဝတ်စုံတွေဝတ်ပြီး ဝင်ပြိုင်ရတဲ့ပြိုင်ပွဲပဲဖြစ်ပါတယ်။ #voaburmese #voasocial
နောက်ထပ်ကြည့်ရှုရန်