တိုင်းပြည်အခြေအနေ ယိုယွင်းပျက်ပြားနေပြီး နိုင်ငံရေး လွတ်လပ်မှု ကင်းမဲ့နေတဲ့အချိန်မှာ ကျင်းပမယ့် ဒီရွေးကောက်ပွဲရဲ့ အလားအလာက ဘယ်လိုရှိနိုင်သလဲဆိုတာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုံး နဲ့ မူရင်းအာဘော် အတိုင်း ထုတ်နှုတ်ပြောပြထားပါတယ်။
သမ္မတလောင်း စကားစစ်ထိုးပွဲနဲ့ သုံးသပ်ချက်အဖြစ် VOA မြန်မာပိုင်းအစီအစဉ် ဌာနမှူး ဒေါ်ခင်စိုးဝင်း၊ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာ၊ အမေရိကန်နိုင်ငံရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ မခင်လေးတို့ သုံးသပ်ဆွေးနွေးချက်တွေထဲက ကောက်နုတ်ချက်ကို တင်ဆက်ထားပါတယ်။
တရုတ်ရဲ့ အခုလို ပေါ်ပေါ်ထင်ထင် ဝင်ရောက်စွက်ဖက်မှုက မြန်မာနိုင်ငံအတွက် စစ်မှန်တဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်ပါ့မလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဘာကြောင့် အဆုံးမသတ်နိုင် ဖြစ်နေရတာလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
၄ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့မှာ ပြောကြားခဲ့တဲ့ ဒီမိုကရက်သမ္မတလောင်းဟဲရစ် မိန့်ခွန်းသုံးသပ်ချက်အထူးအစီအစဥ်အဖြစ် ဗွီအိုအေ ဌာနမှူး ဒေါ်ခင်စိုးဝင်း၊ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာတင့်ဆွေ၊ ဇိုသုန်းမှုန် တို့နဲ့အတူ ဦးကျော်ဇံသာက ဆွေးနွေး တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံဟာ ဒီအင်အားကြီးနိုင်ငံ နှစ်ခုကြား Proxy War ခေါ် တဆင့်ခံစစ်ပွဲရဲ့ စစ်မြေပြင်တခု ဖြစ်လာနိုင်ခြေကော ရှိနေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
Sheik Hasina ထွက်သွားပြီးတဲ့နောက် အခက်အခဲမျိုးစုံနဲ့ မတည်ငြိမ်မှုတွေ ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒီမိုကရေစီအတွက် စိန်ခေါ်မှုတွေအများအပြားရှိနေပါတယ်။ ဒီတပတ် အယ်ဒီတာနဲ့ မေးမြန်းခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မြန်မာ့နိုင်ငံရေး ပြဿနာအားလုံးရဲ့ ဇစ်မြစ်ဟာ လူမျိုးရေးကွဲပြားမှုကို အခြေခံထားတဲ့ နိုင်ငံရေးစနစ်ကြောင့်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ အားလုံးတန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မျှော်မှန်းပြီး လွတ်လပ်ရေး ရယူခဲ့ကြပေမဲ့၊ လက်တွေ့ဖြစ်မလာဘဲ နောက်ဆုံး စစ်အာဏာရှင်စနစ်လက်အောက် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။
အခုဆက်လက်ပြီး ကမ္ဘာ့မီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လိုများ သုံးသပ်ရေးသားနေကြသလဲဆိုတာ ကြည့်ကြရအောင်ပါ။ ဦးကျော်ဇံသာက မူရင်းအသုံးအနှုန်းနဲ့ မူရင်းအာဘော်မပျက် ထုတ်နုတ်ပြောပြပါလိမ့်မယ်။
ပိုမိုပြင်းထန်လာတဲ့ မြန်မာ့ပဋိပက္ခမှာ အထိနာနေတဲ့ စစ်ကောင်စီက ၂၀၂၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်လာနိုင်ပါမလား။ ရွေးကောက်ပွဲအလွန်မှာရော တိုင်းပြည်အခြေအနေ တည်ငြိမ်ကောင်းမွန်လာနိုင်ပါမလား။
နောက်ထပ်ကြည့်ရှုရန်