ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ် ချင်းစန်မြို့ ရွှေတြိဂံဒေသက တရားမဝင်,ဝင်ရောက်လာပြီး မြဝတီခရိုင်၊ ရွှေကုကရိုလ်မြို့သစ်ကို သွားမယ့် တရုတ်နိုင်ငံသား ၁၄ ဦးနဲ့ယာဉ်သုံးစီးကို မဲ့ကျန်စစ်ဆေးဂိတ်လုံခြုံရေးအာဏာပိုင်တွေက မတ်လ ၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီပြည်နယ် စိုင်ရို့အမြန်လမ်းမမှာ မြန်မာနိုင်ငံကလာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာတွေပါလာတဲ့ ကားတစီး တိမ်းမှောက်တာကြောင့် ၂ ယောက်သေဆုံးခဲ့ပါတယ်။ ၈ ယောက်ကတော့ အတွင်းလူနာအဖြစ် စိုင်ရို့ဆေးရုံကြီးမှာ ကုသမှု ခံနေရပါတယ်။
စစ်အာဏာသိမ်းပြီးချိန်ကစပြီး CDM လှုပ်ရှားမူတွေမှာ နက်နက်ရှိုင်းရှိုင်းပါဝင်သူတွေကလွဲရင်ကျန်တဲ့ အစိုးရဝန်ထမ်းတွေ အလွှာအသီးသီးက ပြည်သူတွေအနေနဲ့ ပြန်လာချင်ရင်ဆက်သွယ်ဖို့အတွက် စစ်ကောင်စီက ကြေငြာခဲ့သလို၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကလည်း သူတို့ကို ဆက်သွယ်နိုင်တယ်လို့ ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းခွင်မှာသေဆုံးသွားခဲ့ကြတဲ့ မြန်မာလှေလုပ်သား ၃ ဦးအတွက် နစ်နာကြေးငွေတွေကို သက်ဆိုင်ရာမိသားစုတွေထံ စတင်ပေးအပ်နေပါပြီ။
တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ကတဘက်၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကော်သူးလေးတပ်မတော်ပူးပေါင်းတပ်တို့ကတဘက် တိုက်ပွဲတွေဖြစ်နေတာကြောင့် ရနောင်းမြို့ဘက်ကို မြန်မာဒုက္ခသည် ၂၀၀ နီးပါး ထွက်ပြေးလာတာကြောင့် ထိုင်းဗိုလ်ချုပ်ကိုယ်တိုင် နယ်စပ်ကိုလာရောက်စစ်ဆေးခဲ့ပြီး နယ်စပ်လုံခြုံရေးကိုစောင့်ကြည့်ဖို့ သတိပေးသွားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ တပ်မဟာ (၃) နယ်မြေ ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ၊ ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပြီး ကျေးရွာပေါင်း ၁၀ ရွာကျော်ဟာ လက်နက်ကြီးပစ်ခတ်ခံရမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထိုင်း-မြန်မာနယ်စပ် စံခရဘူရီမြို့နဲ့ကပ်လျက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲရှိ ဘုရားသုံးဆူရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝင်ရောက်ပစ်ခတ်မူတွေဖြစ်အပြီး မနေ့တုန်းကတော့ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။
ကရင်ပြည်နယ်မြဝတီခရိုင်တွေမှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေရဲ့နှစ်ဘက်တိုက်ပွဲကြောင့် ဖေဖေါ်ဝါရီလ၂၂ရက်နေ့က စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာထိကျည်ဆံတွေကျရောက်ခဲ့ပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ဖလူး-ဝေါလေ လမ်းမပေါ်မှာ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နေလည်ပိုင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အနားမှာရှိတဲ့ ပလော့တပို့ စစ်ဘေးရှောင် စခန်းထိကျည်ဆံတွေကျရောက်တာကြောင့် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံနဲ့ အနီးဆုံး သောင်းရင်းမြစ်ကမ်းဘေးထိ ထပ်ပြီးထွက်ပြေးခဲ့ကြရပါတယ်။
ထိုင်းမြန်မာနယ်စပ်က ချစ်ကြည်ရေးတံတားနှစ်စင်း ဖွင့်ပေးပြီးနောက် မြန်မာနိုင်ငံဘက်က ဝင်လာသူတွေဟာ နေထိုင်ခွင့်သတ်မှတ်ရက်ကုန်ဆုံးပေမယ့် မြန်မာပြည်ကိုမပြန်ကြတော့ဘဲ အတွင်းပိုင်းကိုဝင်ရောက်နေတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးက တရားမဝင်နေထိုင်သူတွေကို သတိပေးချက်တွေ ထုတ်ပြန်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)၊ မုန်းမြို့နယ်၊ တုံးတောကျေးရွာမှာအခြေစိုက်ထားတဲ့ ခမရ ၅၉၉ကနေ လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံကျေးရွာသူ အမျိုးသမီးတဦးသေဆုံးပြီး ကလေး ၂ဦးကတော့ ခြေထောက်ဖြတ်လိုက်ရပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ပြည်နယ် မဲအိုင်းခရိုင်နယ်စပ်မှာ မူးယစ်ဆေး သယ်ဆောင်လာသူတွေနဲ့ အမှတ် ၃ ထိုင်းနယ်ခြားစောင့်တပ်တို့ ဖေဖေါ်ဝါရီလ၂၀ ရက်နေ့က နှစ်ဘက်ပစ်ခတ်ခဲ့ပြီး သိမ်းဆည်းခဲ့တဲ့ စိတ်ကြွဆေးတွေနဲ့အတူ ဒီရက်ပိုင်းမှာ စိတ်ကြွဆေး ၁၂ သန်းဖမ်းမိခဲ့တယ်လို့ မူးယစ်နှိမ်နင်းရေးဗျူရိုက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံတွင်းမှာ အထောက်အထားလက်မှတ်တွေအတွက် မှတ်ပုံတင်တဲ့ကာလပြီးဆုံးသွားချိန်မှာ ရွှေပြောင်းအအလုပ်သမားတွေ အများစု အလုပ်ကိုင်နေရာနေရာတွေကို ထိုင်းလဝက၊ ရဲ၊ အလုပ်သမားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။
COVID-19 ကပ်ရောဂါ ပြန့်ပွားမှုတွေကိုကာကွယ်ထိန်းချုပ်ဖို့ ၃ နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့ ထိုင်းမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မဲဆိုင်နဲ့ မြန်မာနိုင်ငံ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ကြားဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား (၁) ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ပြန်ဖွင့်လိုက်ပါတယ်။
ထိုင်းနိုင်ငံတဆင့် မလေးရှားနိုင်ငံထိသွားမယ့်သူတွေအပါအဝင် ထိုင်းနိုင်ငံထဲမှာတရားမဝင် ဝင်ရောက်လာသူတွေဟာ ၄ ရက်အတွင်းလူ ၇၀ ကျော်ဖမ်းမိခဲ့ပြီး လူကုန်ကူးသူတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။
KNU ဌာနချုပ်ရှိရာ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) ထိန်းချုပ်ရာနယ်မြေ ဖားအံခရိုင်ထဲကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ စစ်ကောင်စီဘက်က လေယာဉ်တွေ ၄ ကြိမ်လောက်လာရောက်ခဲ့တာကြောင့် စစ်ရေးအရ ပြင်းထန်နိုင်တယ်ဆိုပြီး ဒေသခံတွေစိုးရိမ်နေကြသလို နေအိမ်တွေမှာမနေရဲဘဲ တိမ်းရှောင်နေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံဘက် ပို့ဆောင်မယ့် ကုန်စည်တွေထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ၂၅ တန်ကျော် တွေ့ခဲ့တဲ့အကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီဘက်ကလေကြောင်း တိုက်ခိုက်မှုပေါင်း (၅၇)ကြိမ်လုပ်ခဲ့ပြီး၊ အရပ်သားပြည်သူ ၁၃ ဦး သေဆုံးခဲ့သလို နေအိမ်စာသင်ကျောင်းတွေလည်း ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
“အရင်ကတော့ ၁၃ ရက်နေ့ နောက်ဆုံးထားသွင်းရမယ်ဆိုပြီး လုပ်ထားတာ။ ဒီရက်အတွင်းမှာ စာရင်းသွင်းထား။ ၅ လပိုင်း ၁၅ ရက်မတိုင်ခင်တော့ ကျန်တဲ့လုပ်ငန်းတွေကို ဆက်လုပ်ဖို့ပြောထားတာ။” (ဦးမင်းဦး-ထိုင်းရောက် မြန်မာအလုပ်သမားများအရေးကူညီနေသူ)
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ညက မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဟာ သူတို့နေထိုင်ရာ ၂၅ဧကလောက်ကျယ်ဝန်းတဲ့ ဒူရင်းခြံထဲမှာပဲအသတ်ခံခဲ့ရတာပါ၊ သူတို့တွေဟာ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရသလဲဆိုတာကို ရဲတွေကလိုက်လံစုံစမ်းနေတယ်လို့ ...
နောက်ထပ်ကြည့်ရှုရန်