ထိုင်း-မြန်မာနယ်စပ် Kanchanaburi ခရိုင်မှာ ကုန်တင်ကားနဲ့ တရားမဝင် သယ်ဆောင်လာတဲ့ မြန်မာ ၉၄ ယောက်ကို ထောင်ပါပွန်း မြို့နယ် ထခွမ် ရဲစစ်ဆေးရေး ရဲတပ်ဖွဲ့က မတ်လ ၃ ရက် နေ့မနက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း ကန်ချနဘူရီ ရဲတပ်ဖွဲ့ ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်နဲ့ ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ ထိုင်းမြောက်ပိုင်းကသယ်ဆောင်လာတဲ့စိတ်ကြွဆေးပြား ၁၈သန်းလောက်ဒီရက်ထဲဖမ်းမိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၉၀၀ ကျော်ထဲက ၁၄၉ ယောက်ကို ပထမအသုတ် အဖြစ် ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲပိုင်းမှာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံကတဆင့် တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
သူ့အမျိုးသားအတွက် သေမင်းကိုသစ္စာနှံသည်-လို့ရေးကြတာ။ အဲဒီတုန်းက ရေးကြတာပါ။ တကယ်တော့ ရိုးရိုးပြောရရင်တော့ သူရဲ့ယုံကြည်ချက်ပေါ့။ သူကအပြုတ်ချမယ်လေ။ လက်နက်ပဲလိုတော့တယ်လေ။ သူကလေယာဉ်ကိုဆွဲသွားတာက ပစ္စည်း (လက်နက်)သယ်ဖို့လေ။"(ကရင်အမျိုးသားအစည်းအရုံးရဲ့ခေါင်းဆောင်ဟောင်း ဗိုလ်မှူးစိုးစိုး)
ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ အရေးပါတဲ့ စစ်တပ်ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မြို့ပေါ်ဧရိယာ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ တာဝန်ရှိသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံ၊ ဆလန်ကောပြည်နယ် ရေပိုင်နက်ထဲမှာ သစ်သားလှေနဲ့ တရားမဝင် ဝင်ရောက်လာသူ ၂ ဒါဇင်လောက်ကို ဖမ်းဆီးရမိကြောင်း မလေးကမ်းခြေစောင့်တပ်ဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း ဝေါမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေး နဲ့ လူငယ် ကိုအောင်ကိုဟိန်းတို့သေဆုံးသွားပြီဆိုတဲ့ ဖြစ်ရပ်ကို မမေ့ဖို့ အောင့်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ (ဖေဖေါ်၀ါရီလ ၂၆) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
"လေယာဉ်ကတော့ ၇ ကြိမ် ၈ ကြိမ်လောက်လာသွားတယ်။ ဘယ်လိုဗုံးတွေ ကြဲချသလဲတော့မသိဘူး။ အသံကတော့ အတော်ကျယ်တယ်။ မြေကြီးတွေဆိုလည်း တုန်ခါသွားတဲ့သဘောမှာရှိတယ်။ အသံတွေကလည်းဆူညံနေတာပဲ။ လေယာဉ်တွေကလည်း တောက်လျှောက်လာတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ (ဒေသခံ)
ပဲခူးတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲ ၊ လက်နက်ကြီးများတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာကြောင့် ဒေသခံတဦး သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာတွေရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ထွက်ပေါ်အပြီး မြန်မာနိုင်ငံမှာရှိတဲ့ထိုင်းသံရုံးမှာ ပြည်ပထွက်ခွါဖို့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေများပြားလာသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေများတဲ့အတွက်ထိုင်းနိုင်ငံက တနေ့ကိုဗီဇာလျှောက်သူ ၄၀၀ ထိပဲလက်ခံကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က မူးယစ်ဆေးသယ်လာမယ့် ကုန်တင်ကားတစီးမြန်မာနဲ့နယ်စပ် ချင်းဒေါင်းမြို့နယ်ကနေ ဝင်လာမယ့်သတင်းကို ကြိုတင်ရထားတာကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် မနက် (၃) နာရီက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အဝေးပြေးလမ်းမပေါ်မှာ နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ပဲခူးတိုင်းဝေါမြို့နယ်ထဲမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းမေအောင် ခေါ် မနိုဗယ်အေးဟာ ဖမ်းဆီးခံရပြီးကတည်းက မိသားစုနဲ့ ဆက်အသွယ်မရ ဖြစ်နေပြီး အခုအခါမှာ သေဆုံးသွားခဲ့ပြီလို့ အတည်ပြုနိုင်ကြောင်း မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင်နဲ့ ကမ်ချနဘူရီခရိုင်ထဲမှာ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ တနေ့တည်းမြန်မာလူငယ် ၄၀ ကျော်ဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းအပါအဝင် အိမ်နီးနာချင်းနိုင်ငံတွေကို ထွက်ခွာတာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရှိရာနေရာကို ရောက်ရှိလာတာတွေရှိတယ်လို့ နယ်စပ်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
"သေဆုံးသူ ဆယ်ဂဏန်းကျော်တယ်။ ဒဏ်ရာရသူတွေလည်း ၅၀ ကျော် ၆၀ နီးပါးလောက်ရှိတယ်။ သေတဲ့သူတွေလည်း များတယ်။ သိတဲ့သူတွေပဲ ၁၅ ယောက်ကနေ အယောက် ၂၀ လောက်ရှိတယ်။ မသိတဲ့နေရာတွေမှာလည်း ပြေးလွှားနေကြတဲ့အချိန်မှာ ပြန်မကြည့်နိုင်ဘူး။" (မျက်မြင်တွေ့သူ ဒေသခံ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့အထိ တိုက်ပဲွတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ခံစစ်သဘောနဲ့ တပ်တွေ စုစည်းပြီး ခလရ ၉၇ ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ အဲဒီနေရာကို ပူးပေါင်းတပ်ဖဲွတွေဘက်ကလည်း ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့က ပြောပြပါတယ်။
ထိုင်းနိုင်ငံထဲမှာ မြန်မာတွေအပါအဝင် အိမ်နီးချင်းနိုင်ငံကသူတွေကို ပစ်မှတ်ထား ငွေလိမ်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေတဲ့ Gofuk ကွန်ရက်ကို ထိုင်းအထူးစုံစမ်းရေးဌာနက စတင်နှိမ်နှင်းနေပါတယ်။
ထိုင်းတောင်ပိုင်း ပရာကျွတ် ခီရီကန်ခရိုင် ဟေွးစပ်ယိုင်ရပ်၊ ဟွာဟင်မြို့နယ်ထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ပြန်လာတဲ့ ကားတစီး မတော်တဆမှုကြောင့် အနည်းဆုံးမြန်မာ ၃ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၁ ယောက် ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပါတယ်။
မလေးရှာနိုင်ငံအနောက်ပိုင်း Perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ ကြာသပတေးညကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဖေဖေါ်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်