အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုက အရှိန်လျော့မသွားပေမယ့် ပိတ်ထားရတဲ့လုပ်ငန်းတချို့တော့ ပြန်စတင်နေပါတယ်။ ဒီထဲမှာ ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးတွေလည်းပါဝင်တာပါ။ မဇ္ဈိမ အတွက် ဗွီအိုအေ Pop Culture အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ကိုဗစ်ကပ်နောက်ပိုင်း ရုပ်ရှင်ရုံတွေပြန်ဖွင့်ရင် ပထမဆုံးရုံတင်ဖို့မှန်းထားတဲ့ ရုပ်ရှင်ကား ရပ်ရွှေ့ရပြန်ပါပြီ။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ပြထားပါတယ်။
ကိုဗစ်ကာလနောက်ပိုင်း ပထမဆုံးကျင်းပတဲ့ရုပ်ရှင်ပွဲတော်အဖြစ် ဗင်းနစ်ရုပ်ရှင်ပွဲတော်ကျင်းပဖို့ စီစဉ်နေကြပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ပြထားပါတယ်။
အမေရိကန်သမ္မတထရမ် သူတို့ရဲ့သီချင်းတွေ ဆက်သုံးနေရင် တရားစွဲမယ်လို့ ရော့ခ်အဖွဲ့ Rolling Stones က ပြောလိုက်ပါတယ်။ ပြင်သစ်အလှကုန် L’Oreal ဟာ အသားအရေ အလှအပထိန်းပစ္စည်းတွေရဲ့ တံဆိပ်မှာ “Whitening” အသားဖြူစေတယ်ဆိုတဲ့ စကားလုံးတွေအားလုံးကို ဖြုတ်ပြစ်ပါမယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်း သီရိုဒေါရုဇဗဲ့လ်ရဲ့ ကျောက်ရုပ်ဟာ လူမျိုးရေးခွဲခြားမှုရဲ့ သင်္ကေတဖြစ်တယ်လို့ ပြောနေကြပါတယ်။ ဗြိတိန်က နာမည်ကျော် Queens အဖွဲ့ကတော့ သူတို့ပုံတွေနဲ့ တံဆိပ်ခေါင်းထုတ်လို့ ဂုဏ်ယူနေတာပါ။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ပြထားပါတယ်။
တောင်ကိုရီးယားကေပေါ့အဖွဲ့ BTS က ကိုဗစ်ကာလ ဂီတဖျော်ဖြေပွဲတွေ ပိတ်ထားချိန်မှာ အွန်လိုင်းစတေ့ချ်ရှိုးလုပ်သွားတော့ ပရိသတ်က အပြင်ရှိုးထက် ၁၅ ဆ များပြီး လူပေါင်း ၇ သိန်းခွဲကျော် အားပေးခဲ့ပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါ အန္တရာယ်ရှိနေသေးချိန်မှာ ရုပ်ရှင်ရုံတွေ ဘယ်လို ပြန်ဖွင့်မလဲ၊ ကော်ဇောနီခင်း အခမ်းအနားတွေကိုရော ရှေ့လျှောက်ဘယ်လိုကျင်းပကြမလဲ။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုတလွှားမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ထိပ်တန်းဒီဇိုင်နာတယောက်က ဝေဖန်ပြောဆိုမိတဲ့အတွက် ပြန်ပြီး တောင်းပန်ရပါတယ်။ သူဘာများ ဝေဖန်ပြောမိတာပါလဲ။ မအေးသန္တာကျော်သက်တံရောင်သတင်းလွှာမှာ ပြောပြပါမယ်။
လက်ထိပ်တန်းလန်းနဲ့ အဖမ်းခံရသူ လူမည်းအမျိုးသား အသက်ရှူမရတော့ဘူးလို့ တောင်းပန်ရင်းနဲ့ လည်ပင်းကို ဒူးနဲ့ထောက်ခံထားရာကနေ သေဆုံးသွားရတဲ့ ဖြစ်ရပ်ကြောင့် အမေရိကန်တလွှား ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါတယ်။
ရဲကအင်အားသုံးဖမ်းဆီးလို့ အသက်ရှုမရတော့ဘူးလို့ တောင်းပန်ရင်းနဲ့ လူမည်းအမျိုးသား သေဆုံးသွားရတဲ့ဖြစ်ရပ်ကြောင့် အမေရိကန်တလွှား ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာပါ။ သမ္မတထရမ့်ကတော့ မင်းမဲ့စရိုက်အခြေအနေ အရောက်မခံနိုင်ဘူးလို့ ပြောပါတယ်။ အိမ်ဖြူတော်သတင်းထောက် Patsy Widukuswara သတင်းကို မအေးသန္တာကျော် တင်ပြထားပါတယ်။
အမေရိကန်သမ္မတဟောင်း ကလင်တန်က အမေရိကန်နာမည်ကျော်စာရေးဆရာ James Patterson နဲ့ ပေါင်းပြီး ဒုတိယမြောက် ဝတ္ထုတပုဒ်ရေးနေပါတယ်။ သူတို့ ၂ ဦးနဲ့ ရဲ့ ပထမဝတ္ထုက အကြီးအကျယ အောင်မြင်မှုရခဲ့တာပါ။ မအေးသန္တာကျော်သက်တံရောင်သတင်းလွှာမှာ ပြောပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လူတွေ အိမ်ပြင်မထွက်နိုင်ပဲ အွန်လိုင်းကို အားထားနေရချိန်မှာ Netflix ကိုယှဉ်ဖို့ HBO က အွန်လိုင်းရုပ်သံလိုင်းသစ်တခု ထုတ်လိုက်ပါတယ်။ ကမ္ဘာ့ခေတ်ရေစီးနဲ့ ကျော်ကြားသူတွေရဲ့ သတင်းတွေကို မဇ္ဈိမအတွက် ဗွီအိုအေရုပ်သံမှာ Pop Culture အစီအစဉ်ကနေ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ကမ္ဘာကျော် K-pop BTS အဖွဲ့ဝင်တယောက် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ရပါတယ်။ ကမ္ဘာတဝှမ်းကြုံနေရတဲ့ ကိုရိုနာပိုးကပ်ဆိုး အကြောင်းပြပြီး အစိုးရတွေအာဏာချုပ်ကိုင်ဖို့ လုပ်လာတာကို တန်ပြန်ဖို့ လူအခွင့်အရေးရှေ့နေ Amal Clooney တိုက်တွန်းသွားပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ အပြင်မထွက်ရ အကြံပြုချက်တွေ ချမှတ်ထားချိန် ရုပ်ရှင်ပွဲတော်တွေကို ဘယ်လို ကျင်းပကြပါမလဲ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေရှာပွဲကို နယူးယောက်မြို့မှာ ကျင်းပခဲ့တာမှာ အလှူငွေအများအပြားရခဲ့ပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြပါမယ်။
မိခင်ဆိုတာ လူတိုင်းဦးထိပ်ထားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲလိုမြင့်မြတ်တဲ့ မိခင်တွေကို အထိမ်းအမှတ်ထား ဂုဏ်ပြုတဲ့ မိခင်များနေ့မှာ ဗွီအိုအေ ပရိသတ်တေက ကျေးဇူးရှင်မွေးသမိခင်တွေကို အမှတ်တရစကားလေးတွေနဲ့ ဂုဏ်ပြု၊ သူတို့ရဲ့ ကျေးဇူးကြီးမားပုံကို အမှတ်တရဝေမျှထားကြပါတယ်။
ဗြိတိန်တော်ဝင်ဘုရင်မကြီး အဲလစ်ဇဘက်ရဲ့ မြစ်လေးတွေရဲ့ မွေးနေ့တွေ ပြီးခဲ့တဲ့ ရက်တွေမှာ ကျရောက်ခဲ့ပါတယ်။ မင်းသမီးလေး Charlotte က အသက် ၅ နှစ် ပြည့် ပြီး မင်းသားလေး Archie က အသက် ၁ နှစ် ပြည့်သွားပါပြီ။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြပါမယ်။
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ဖို့ လူစုလူဝေးမလုပ်ရတာကြောင့် ကိုရီးယား KPop ဂီတအဖွဲ့ SuperM က အွန်လိုင်းကနေဖျော်ဖြေပွဲ လုပ်ပါတယ်။ နာမည်ကြီး ဘောလီးဝုဒ် ရုပ်ရှင်မင်းသား Irrfan Khan အသက် ၅၀ ကျော်နဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာမှာ ပြောပြပါမယ်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ကြုံနေရတာကြောင့် ဗြိတိန်တော်ဝင် ဘုရင်မကြီး အဲလစ်ဇဘက် သက်တော် ၉၄နှစ်ပြည့်သွားပေမယ့် ဒီနှစ်အတွက်တော့ မွေးနေ့မကျင်းပဖြစ်တော့ပါဘူး။ မအေးသန္တာကျော် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ ပြောပြပါမယ်။
အမေရိကန်ပြည်ထောင်စုက အနုပညာရှင်တွေ၊ နာမည်ကျော်တွေ ပေါင်းပြီး ဒေါ်လာ သန်း ၁၀၀ အထိ အလှူငွေရှာနိုင်ဖို့ All in လို့ ခေါ်တဲ့ စိန်ခေါ်မှုတခု လုပ်ထားပါတယ်။ ပြီးတာ့ PPAP သီချင်းသစ်၊ ဒါတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ ပြောပြပါမယ်။
မင်္ဂလာနှစ်သစ်ဟာ အားလုံးအတွက် ကောင်းသတင်းတွေ အမြန်ဆုံးဆောင်ကြဉ်းပေးတဲ့နှစ်သစ်ဖြစ်ပါစေလို့ VOA အဖွဲ့သားတွေက ဆုတောင်းပါတယ်။ ကြုံတွေ့နေရတဲ့ ကပ်ဘေးဆိုးကြီးကနေ အမြန်ဆုံး ကင်းလွတ်နိုင်ကြရပါစေ။
နောက်ထပ်ကြည့်ရှုရန်