ထိုင်ဝမ်ကိုဗစ်ကူးစက်မှုမြင့်တက်
အာရှနဲ့ ကမ္ဘာ့နိုင်ငံတချို့က ကိုဗစ်ကူးစက်မှုနဲ့ ကာကွယ်ဆေးထိုး အစီအစဉ်တွေကို မအေးသန္တာကျော် စုစည်းတင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေး အစီအစဉ်ကို ကြီးကြပ်ပေးမယ့် Dr. Reddy Labs က မေလ ၁၇ ရက်နေ့မှာ ကာကွယ်ဆေးစမ်းသပ်အစီအစဉ်စတင်ပြီး အအေးခန်းနဲ့ ဖြန့်ဖြူးမှုကိစ္စနဲ့ တခြား ဖြန့်ဖြူးရေးလိုအပ်ချက်တွေကို စပြီး စစ်ဆေးမှာပါ။
စစ်အာဏာရှင်တော်လှန်ရေး ကမ္ဘာလုံးဆိုင်ရာ နွေဦးသပိတ်ကို ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီအရေး လိုလားသူတွေက ရောက်ရာအရပ်ကနေ ဆင်နွှဲကြပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်းခံ ပညာရေးစနစ်မှာ ကျောင်းမတက်စေဖို့ လှုပ်ရှားမှုတွေကိုလည်း ရှိပါတယ်။ ဒီတပတ် သတင်းထောက်မှတ်စု အစီအစဉ်မှာ မအေးသန္တာကျော် ပြောပြပေးမှာပါ။
ဥတုရာသီဖောက်ပြန်မှု ထိန်းချုပ်ရေးကို အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး ပြည့်မြဲလောင်စာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်အသုံးချရေးကိစ္စက ဒီညီလာခံရဲ့ အဓိကထား ဆွေးနွေးတဲ့ အကြောင်းအရာ ဖြစ်မှာပါ။ မအေးသန္တာကျော် ဆက်ပြီး ပြောပြပေးပါမယ်။
အမေရိကန်အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ NASA ကနေ အင်္ဂါဂြိုဟ်ပေါ် စမ်းသပ်လွှတ်တင်တဲ့ ရဟတ်ယာဉ်လေးဟာ ဧပြီလ ၁၉ ရက်နေ့ကပဲ ဂြိုဟ်ရဲ့ ဖုံထူထူ မြေပြင်ပေါ်ကနေ လေထုထဲမှာ ပျံသန်းပါတယ်။ AP သတင်းလွှာတွေကို မအေးသန္တာကျော် စုစည်းတင်ပြပါမယ်။
ဥရောပနိုင်ငံအတော်များများမှာကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတတိယလှိုင်းဒဏ် ကြုံလာရတာမို့ ကန့်သတ် ပိတ်ဆို့တာတွေ ပြန်လုပ်လာနေရပါတယ်။ ဒါပေမဲ့ ဗြိတိန်မှာတော့ကာကွယ်ဆေးအစီအစဉ်ကြောင့်ကူးစက်မှုတွေ လျော့ကျလာတဲ့အတွက်စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေနဲ့ လုပ်ငန်းတွေကိုပြန်ဖွင့်ပေးခဲ့ပါတယ်။ မအေးသန္တာကျော်ကတင်ပြပေးပါမယ်။
ဗြိတိသျှ ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်ရဲ့ ကြင်ယာတော် အက်ဒင်ဘာရာမြို့စားကြီး မင်းသားကြီး ဖိလစ်ရဲ့ ဈာပနကို ဧပြီလ ၁၇ ရက်၊ စနေနေ့ လန်ဒန်မြို့ပြင် Windsor ရဲတိုက်မှာ ကျင်းပမှာပါ။ မင်းသားကြီး ဖိလစ်နဲ့ ဘုရင်မကြီးတို့ရဲ့ သမိုင်းကြောင်းတချို့ကို မအေးသန္တာကျော် စုစည်းတင်ပြထားပါတယ်။
အာဏာရှင်စနစ်ကျဆုံးရေးဆန့်ကျင်မှုတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက လက်နက်ကိုင်အင်အားသုံး အကြမ်းဖက်ပစ်ခတ်တာတွေ ရှိနေပေမဲ့ စစ်အာဏာရှင်စနစ်အဆုံးသတ်သွားတဲ့အထိ ဆက်ပြီးဆန့်ကျင်တော်လှန်သွားဖို့ ဆန္ဒပြသူတွေက ဆုံးဖြတ်ထားကြတာပါ။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းထောက်မှတ်စု အစီအစဉ်ကို မအေးသန္တာကျော် တင်ဆက်ပေးပါမယ်။
မန္တလေးမြိ့ ပြည်ကြီးတံခွန်မြို့နယ် နံ့သာရပ် တံခွန်တိုင်ရပ်ကွက်မှာ ဒီကနေ့ ဧပြီလ ၁ ရက် မနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၉၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။း မြို့ခံတွေက အစားအသောက် အကူအညီတွေပေးနေကြတဲ့အကြောင်း မန္တလေးက လာတဲ့သတင်းကို မအေးသန္တာကျော်က ဆက်ပြီးပြောပြပါမယ်။
ကမ္ဘာမှာ နှစ်စဉ် အသက် ၁၈ နှစ်အောက် မိန်းကလေး အိမ်ထောင်ပြုတဲ့သူ အရေအတွက် ၁၂ သန်း လောက် ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကိုဗစ် - ၁၉ ကူးစက်ရောဂါကြီးမဖြစ်ခင်ကတော့ အင်ဒိုနီးရှားမှာ ဒီအရေအတွက်က လျော့ကျလာနေခဲ့တာပါ။ Eva Mazrieva ရဲ့ သတင်းလွှာကို မအေးသန္တာကျော်တင်ပြပေးပါမယ်။
ဗီအိုအေ အင်တာနက်စာမျက်နှာကို မြန်မာပြည်တွင်းက ပိတ်ပင်မှုတွေကနေ ကျော်လွှားနိုင်မယ့် လမ်းညွှန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဆန္ဒပြသူတယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။ မတ်လ ၂၇ ရက်နေ့ကတည်းက ဆန္ဒပြပွဲတွေကို နေ့တိုင်း ပစ်ခတ် ဖြိုခွဲခံနေရတဲ့ ရမ်ပူရပ်ကွက်မှာ ဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာတော့ အမျိုးသမီးငယ် တဦးသေဆုံးသွားတယ်လို့ မြစ်ကြီးနားမြို့ခံ တဦးက ပြောပါတယ်။
ကချင်ပြည်နယ်က မြို့ကြီးတချို့မှာ KIA က ဆန္ဒပြဆူပူအောင်လှုံ့ဆော်ပြီး ဗုံးခွဲတာ၊ မီးရှို့တာတွေ လုပ်ဆောင်ဖို့ ရှိကြောင်းနဲ့ ဒါကို တပ်မတော်က လုပ်ဆောင်တယ်လို့ လိမ်လည်ဝါဒဖြန့်ဖို့ စီစဉ်နေကြောင်း ရေးသားထားတဲ့ စာတွေ ပျံ့နှံ့နေပြီး KIA ဘက်ကတော့ ဒါမျိုးလုပ်ဆောင်မှာ မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။
အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အမှုထပ်တိုး တရားစွဲဆိုနေတာတွေ၊ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်တာတွေကြောင့် သေဆုံးသူတွေ တိုးလာနေပြီး ဒီကနေ့အချိန်ထိ လက်နက်ကိုင် အကြမ်းဖက်ခြိမ်းခြောက်တာတွေဟာ လုပ်နေဆဲပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အခြေအနေတွေကို မအေးသန္တာကျော် သတင်းထောက်မှတ်စုအစီအစဉ်မှာ တင်ပြပေးပါမယ်။
ပြီးခဲ့တဲ့ သတင်းပတ် နိုင်ငံတလွှားဆန္ဒပြမှုတွေ၊ ရဲနဲ့ စစ်တပ်ရဲ့ ရပ်ကွက်ပိတ်ဆို့ ဖမ်းဆီးမှုများ၊ နိုင်ငံတကာရဲ့ ထပ်တိုးဖိအား၊ ဒါတွေအပါအဝင် တပတ်အတွင်း သတင်းများစုစည်းမှုကို မအေးသန္တာကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း စစ်အုပ်ချုပ်ရေးကို လက်မခံလိုကြတဲ့ လူငယ်တွေရဲ့ အကြမ်းမဖက်တဲ့ ဆန္ဒပြနည်းတွေကတော့ တနေ့တမျိုး မရိုးရအောင် တွေ့မြင်နေကြရပြီး အဲဒီ ဖန်တီးမှုအားကောင်းကောင်းနဲ့ ဆန္ဒပြနည်းပေါင်းစုံကို နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ချီးကျူးနေကြတာပါ။ မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းပြည်ပ တုံ့ပြန်ချက်များ၊ အသွင်ပြောင်းသွားတဲ့ ဆန့်ကျင်မှု ပုံစံများ၊ နိုင်ငံတကာရဲ့ ဖိအား၊ ဒါတွေကို စုစည်းပြီး မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ပြည်တွင်းမှာ ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြပွဲအဖြစ် မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ လူငယ်တွေ ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ စာတန်းတွေကိုင်ဆောင်ပြီး ဖမ်းဆီးထားသူတွေကိုလည်း ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုသွားကြပါတယ်။
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့နိုင်ငံခြားသားတွေရဲ့ လုံခြုံရေးအတွက် သတိထားကြဖို့ နိုင်ငံတကာသံရုံးတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဒီလိုအခြေအနေမှာ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ အမေရိကန်အမျိုးသမီးလေးတဦးရဲ့ အတွေ့အကြုံကို မအေးသန္တာကျော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်