ယူကရိန်းတို့ ရုရှားကို ခုခံတဲ့တိုက်ပွဲအတွင်း အသုံးပြုနိုင်အောင် ဝက်ရှော့တခုမှာ ပြိုင်ကားတွေကို စစ်သုံးကားတွေအဖြစ် ပြောင်းလဲနေပါတယ်။ အာရှဒေသတချို့မှာ ရေတွေကြီး၊ ဥရောပမှာ အပူလှိုင်းဖြတ်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေကို မအေးသန္တာကျော် ပြောပြပါမယ်။
တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်ကျွန်းကြား ရေလက်ကြားက နိုင်ငံတကာ ရေပိုင်နက်မဟုတ်ဘူးလို့ တရုတ်က ပြောကြားသွားတာပါ။ ဒါ ဟုတ်ပါသလား။ ကုလသမဂ္ဂ သဘောတူစာချုပ်နဲ့ရော၊ အရင်က တရုတ်ကိုယ်တိုင် ပြောဖူးတာနဲ့ရော ကွဲပြားပါတယ်။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
တောတောင်သဘာဝအလှနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဂျော်ဂျီယာနိုင်ငံ၊ ဆာလ်ကာဒေသမှာ ဒေါက်တိုင်မဲ့ ဖန်သားတံတားတခု ဖွင့်လှစ်လိုက်ပါတယ်။ ချောက်ကြီး ၂ ဘက်အစွန်းကို ဆက်ထားတဲ့ တံတားအလယ်မှာတော့ မှန်နဲ့ ဆောက်ထားတဲ့ စိန်တုံးပုံ အခန်းပါပြီး အဲဒီကနေ ရှုခင်း ကြည့်ရှုနိုင်ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း ဇက်ပိုရီးရှ်ရှားမြို့က ကားဝပ်ရှော့တခုမှာ ပြိုင်ကားတွေကို တိုက်ပွဲသုံးကားတွေအဖြစ် ပြောင်းလဲတပ်ဆင်နေကြပါတယ်။ စစ်ပွဲကီးမဖြစ်ခင်က ဖိုင်ဘာမှန်နဲ့ ယပ်လှေတွေ၊ နှစ်မွှာရွတ်လှေထုတ်လုပ်တဲ့ လုပ်ငန်းရှင်တဦး ဦးဆောင်ပြီး ဒီကားတွေ ထုတ်လုပ်နေတာပါ။
အာရှဒေသမှာ ဘင်္ဂလားဒေ့ရှ်၊ အန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ ဆိုးရွားတဲ့ ရေဘေးဒဏ်ခံနေရပြီး လူတွေ သန်းနဲ့ချီ ဘေးဒုက္ခတွေ့နေပါတယ်။ စပိန်မှာတော့ နွေဦးရာသီမှာ စံချိန်ချိုးပူပြင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။
Netflixအွန်လိုင်းရုပ်သံမှာ လူကြည့်အများဆုံး Squid Game ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ ကစားနည်းကို တကယ်ယှဉ်ပြိုင်ကစားမှု ရိုက်ကူးတင်ဆက်ဖို့ စီစဉ်နေပါတယ်။ ဒီလို ကမ္ဘာတလွှားက ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေရဲ့ သတင်းတွေကို သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ထိုင်ဝမ်မှာ ဇွန်လ ၂၀ ရက်နေ့က ပြင်းအား ၆ ရှိတဲ့ ငလျင်တခုလှုပ်ခဲ့ပြီး ဒီငလျင်ကို ရေလက်ကြားခြားနေတဲ့ တရုတ်ပြည်မကြီးကပါ ခံစားသိရှိခဲ့ရပါတယ်။ ကျောက်လွှာချပ် ၂ ခုကြား ပစိဖိတ်မီးကွင်းဒေသမှာ တည်ရှိတာမို့ ထိုင်ဝမ်မှာ ငလျင် မကြာခဏ လှုပ်တတ်ပါတယ်။
အမေရိကန်မှာ အစိုးရရုံးပိတ်ရက်အဖြစ် နောက်ဆုံးသတ်မှတ်လိုက်တဲ့ ဂျွန်တင့်န်သ် Juneteenth အားလပ်ရက်ကို အာဖရိကနွယ်ဖွားတွေ ဆင်နွှဲခဲ့တာ နှစ် ၁၅၀ ကျော်ပါပြီ။ ဂျူဗလီနေ့၊ ကျွန်စနစ်ဖြတ်သိမ်းတဲ့နေ့လို့လည်းခေါ်တဲ့ ဒီနေ့ဘယ်လိုဖြစ်ပေါ်လာတာပါလဲ။ ပုံပြရုပ်သံနဲ့ မအေးသန္တာကျော်ပြောပြထားပါတယ်။
ပါရီမြို့တော်မှာ ကျင်းပတဲ့ လက်နက်ကုန်စည်ပြပွဲမှာ အဓိက ယူကရိန်းတိုက်ပွဲကို အသားပေးတဲ့ လက်နက်တွေ တွေ့ရပါတယ်။ ရုရှားနဲ့ တရုတ် ၂ နိုင်ငံကြား မြစ်ဖြတ်တံတားတစင်း ဖွင့်လှစ်လိုက်ပါတယ်။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ်သတင်းတိုတွေကို မအေးသန္တာကျော် ပြောပြပါမယ်။
နက်ဖလစ်မှာ အပေါက်ဆုံး ဆုတွေလည်း တသီကြီးရလို့ အခု နောက်ထပ် ကားတွဲအဆက်ရိုက်ကူးမယ့် စကွိဒ်ဂိမ်းရုပ်သံဇာတ်လမ်းထဲက ကစားနည်းတွေကို အပြင်မှာ တကယ်ယှဉ်ပြိုင်နိုင်တော့မှာပါ။ အဲဒီယှဉ်ပြိုင်မှုကို ရိုက်ကူးထုတ်လွှင့်မယ့် ရီရယ်လတီ ရုပ်သံအစီအစဉ်ကို ထုတ်လုပ်နေပါတယ်။
ကမ္ဘာမှာ အအောင်မြင်ဆုံး ကိုရီးယားကေပေါ့ပ်အဖွဲ့ ဖြစ်တဲ့ BTS က တေးဓာတ်ပြားထုတ်လိုက်တော့ သူတို့ရဲ့ ခေါင်းစဉ်သီချင်း Youtube မှာ ကြည့်ရှုသူအရေအတွက် စံချိန်ချိုးသွားတာပါ။ ဒီလို ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ထိုင်းနဲ့ အမေရိကန်ဟာ အာရှဒေသအတွင်း ပြိုင်ဘက်မရှိတဲ့ မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ လုပ်ဆောင်မှုအဖြစ် ထိုင်းနိုင်ငံကို လာရောက်တာပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွိုဒ်အော်စတန်က ပြောပါတယ်။
မြန်မာ စစ်ကောင်စီကသေဒဏ်ချတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို တရားရေး စနစ်အောက်မှာမျှမျှတတတရားစီရင်ခဲ့တယ်လို့ စစ်ကောင်စီကပြောပြီး နိုင်ငံသားတိုင်း တရားဥပဒေရဲ့အကာအကွယ်ညီတူညီမျှရတယ်လို့ ပြောပါတယ်။အချက်အလက်အခြေခံပြီးမှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ပုံပြရုပ်သံမှာဆန်းစစ်ထားပါတယ်။
စစ်ကောင်စီက သေဒဏ်ချတဲ့ ကိုဂျင်မီနဲ့ ကိုဇေယျာသော်ကို သူတို့လွှမ်းမိုးမှုမပါတဲ့ တရားရေး စနစ်အောက်မှာ မျှမျှတတ တရားစီရင်ခဲ့တယ်လို့ စစ်ကောင်စီက ပြောပြီး နိုင်ငံသားတိုင်း တရားဥပဒေရဲ့ အကာအကွယ် ညီတူညီမျှရတယ်လို့ ပြောပါတယ်။ ဒါဟုတ်ပါသလား။ VOA ရဲ့ ပိုလီဂရပ်ဖ် အစီအစဉ်မှာ ဆန်းစစ်ထားပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်း မြို့တွေကို ထိုးစစ်ဆင်နေတဲ့ ရုရှားတပ်တွေ ဟန့်တားရေး ယူကရိန်းတပ်ဖွဲ့တွေ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေပါတယ်။ Apple နည်းပညာကုမ္ပဏီက နောက်မှ ငွေချေစနစ်ပုံစံတမျိုး မိတ်ဆက်လိုက်ပါတယ်။ မအေးသန္တာကျော် ပြောပြပါမယ်။
ကျွန်းပေါ်က ဒိုင်နိုဆောတွေရဲ့ ကမ္ဘာ ဂျူရက်ဆစ် ဝေါလ်ဒ် - ဒိုမီနီယံ ရုပ်ရှင်ကားသစ်ထွက်ပါတယ်။ အရင် ရုပ်ရှင်ကားတွေရဲ့ အဆက်ဖြစ်ပြီး နံပတ် ၃ ကားမြောက်ဖြစ်သလို ဒီကားမှာ အရင် ဇာတ်ကောင်တွေရော ဇာတ်ကောင်အသစ်တွေရော ထည့်ထားတာပါ။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ပြထားပါတယ်။
ယူကရိန်းကို ကျူးကျော်စစ်ထိုးနေတဲ့ ရုရှားတပ်ဖွဲ့တွေ စစ်ပွဲကြားပိတ်မိတဲ့ အရပ်သားပြည်သူတွေ ဘေးကင်းရာကို ထွက်နိုင်အောင် ထိုးစစ်ကို ဆိုင်းထားခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ ဒါ ဟုတ်ပါသလား။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ်အစီအစဉ်မှာ မအေးသန္တာကျော်က တင်ဆက်ထားပါတယ်။
မက္ကဆီကို အနောက်ဘက်ကမ်းရိုးတန်းမှာ ဟာရီကိန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လို့ လူတွေကိုဘေးလွတ်ရာ ရွှေ့ခိုင်းတာ၊ ယာယီခိုလှုံစရာတွေ ပြင်ဆင်ပေးထားခဲ့တာပါ။ အင်္ဂါညမှာ မုန်တိုင်းရပ်သွားခဲ့ပါတယ်။
ဥတုရာသီပြောင်းလဲရေး လူတွေအလေးမထားတဲ့အတွက် ကန့်ကွက်ချင်တဲ့သူတဦး ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ လူအများသတိထားမိမယ့်အရာတခု လုပ်သွားပါတယ်။ ဆံပင်တုစွပ်အမျိုးသားက ကမ္ဘာမြေကို လူတွေဖျက်ဆီးနေတယ်။ ဒီအနုပညာရှင်လို ကမ္ဘာကြီးအတွက် ထည့်စဉ်းစားပါလို့ အော်သွားပါတယ်။
အခု အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာမှာ ရုံတင်နေတဲ့ Top Gun: Maverick ရုပ်ရှင်ဇာတ်ကားက မင်းသား တွမ်ခရုစ်အတွက် အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကား ဖြစ်သွားပါတယ်။ သူ့ဇာတ်ကားတွေအားလုံးထဲမှာ ဒီကားက ပထမဆုံး ရုံတင်သတင်းပတ်ကုန် လက်မှတ်ရောင်းချဝင်ငွေ အများဆုံးရထားတာပါ။ မအေးသန္တာကျော် ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်