သတင်းမီဒီယာသူဌေးကြီး Rupert Murdoch ရုပတ်မားဒေါ့ ၅ ကြိမ်မြောက်လက်ထပ်လိုက်ပါတယ်။ ကိုရီးယား ကေပေါ့ပ် BTS အဖွဲ့ ခေါင်းဆောင် RM သီချင်းဗွီဒီယိုသစ် ထွက်ထားပါတယ်။ ဒီလို ထင်ပေါ်ကျော်ကြားသူတွေ သတင်းကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
နာမည်ကျော်ပြီးရင်း ကျော်နေတဲ့ အဆိုတော် တေလာဆွိဖ်ရဲ့ သီချင်းခွေသစ်ကို လူကြိုက်များပါတယ်။ ရော်ခ်ဂီတရဲ့ ဘိုးအေ .. Rolling Stones ရိုးလင်းစတုံးစ်အဖွဲ့ အမေရိကန်မြို့ကြီးတွေမှာ ဖျော်ဖြေနေပါတယ်။ ဒီလို နာမည်ကျော်ကြားသူတွေ အနုပညာသတင်းတွေကို သက်တံရောင်အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ဧပြီလနောက်ဆုံးရက်တွေမှာ အမေရိကန်ပြည်ထောင်စု တောင်အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ရာသီဥတု အထူးဆိုးရွားခဲ့ပြီး လူသေဆုံးတဲ့အထိ ထိခိုက်မှုတွေရှိခဲ့တာပါ။
ဖုန်းပေါ်မှာ ဗွီဒီယိုအတိုလေးတွေ ဖန်တီးနိုင်တဲ့ တစ်တော့ဟာ အမေရိကန်နိုင်ငံ လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူးလို့ တရုတ်က ပြောနေပေမဲ့ အမေရိကန်လူထုရဲ့ အထင်အမြင်ကို လွှမ်းမိုးပြောင်းလဲနိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။
စွန့်စားအားကစား ဝါသနာပါသူတွေ အကြိုက်တွေ့မယ့် ကြိုးတံတားတစင်း လေပေါ် ပေ ၆၀၀ အမြင့်မှာ ဆောက်ထား၊ ကမ္ဘာ့အသက်အကြီးဆုံး မျောက်ဝံမကြီး အသက် ၆၇ နှစ်ပြည့်၊ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
နာမည်ကျော် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဖို့မင်းသားရွေးလိုက်ပြီလို့သတင်းထွက်နေပါတယ်။ ဟစ်ဟော့ဂီတရဲ့ ထိပ်တန်းစာရင်းဝင် Dr. Dre ဟောလီးဝုဒ် လျှောက်လမ်းမှာ မှတ်ကျောက်တင်ခံရပါတယ်။ဒီလို ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာ သတင်းတွေကို မအေးသန္တာကျော် သက်တံရောင်သတင်းလွှာ အစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
ရုရှားနိုင်ငံမှာ သမ္မတ ပူတင်ပဲ ပြန်ပြီးရွေးကောက်ခံရတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု “ပူတင်ဆန့်ကျင် မွန်းတည့်ချိန်” ဆိုတဲ့ ကမ္ဘာတဝန်းလှုပ်ရှားမှုမှာပါဝင်ပြီး ရုရှားနိုင်ငံသားတွေ ရုရှားရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ မဲရုံ အမေရိကန်အနောက်ခြမ်း Seattle မြို့မှာ မရှိပါဘူး။
နိုင်ငံတကာ မီဒီယာသူဌေးကြီး Rupert Murdoch ရုပတ်မားဒေါ့ အသက် ၉၂၊ သူ့ချစ်သူ Elena Zhukova အလိန်းနား ဇက်ကိုဗာနဲ့ စေ့စပ်၊ ဟောလီးဝုဒ်က ၂၀၂၃ မှာ ဝင်ငွေအများဆုံး သရုပ်ဆောင်များ၊ ဒီလို နာမည်ကျော်ကြားသူတွေ၊ အနုပညာသတင်းတွေကို သက်တံရောင်အစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ၁၁ ဦးမြောက်၊ အာရှဒေသမှာ အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီး ၏ မူးကေ့ရှ် အမ်ဘာနီရဲ့ သားထွေး အာနန့်ရဲ့ မင်္ဂလာပွဲကြို ဆင်နွှဲပွဲမှာ ကမ္ဘာ့နာမည်ကြီးတွေအပါအဝင် လူတထောင်ကျော် တက်ရောက်ခဲ့ပါတယ်။ ဒီလို နာမည်ကျော်ကြားသူတွေရဲ့သတင်းတွေကို သက်တံရောင်သတင်းလွှာမှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ပါတီကိုယ်စားပြု ယှဉ်ပြိုင်သူ သမ္မတလောင်းနေရာရဖို့ Super Tuesday မှာ ကျင်းပတဲ့ ပါတီတွင်းပဏာမရွေးချယ်ပွဲရလဒ်က အထူးအရေးကြီးပါတယ်။ ဒီနေရာမှာ Super Tuesday ပဏာမရွေးချယ်ပွဲဆိုတာ ဘာပါလဲ။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ၂၀၂၀ ရွေးကောက်ပွဲလိုပဲ အဓိကနိုင်ငံရေးပါတီကြီး ၂ ခုကို အရင်ခေါင်းဆောင် ၂ ဦး၊ ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်ပဲ ဦးဆောင်တာပါ။ ဒီတခေါက် ထူးခြားချက်ကတော့ အမေရိကန်နိုင်ငံရေးမှာ AI ဉာဏ်ရည်တုနည်းပညာကို ပိုသုံးလာတာပါ။ VOA ပုံပြရုပ်သံကို မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
တောင်ကိုရီးယားက နာမည်ကျော်ကေပေါ့အဖွဲ့ဖြစ်တဲ့ BLACKPINKအဖွဲ့ထဲက Jisoo ကိုယ်ပိုင်ဖျော်ဖြေရေးအေဂျင်စီထောင်လိုက်ပါတယ်။ ဗြိတိန်ကလန်ဒန်ဖက်ရှင်သီတင်းပတ်အတွင်း Burberry ဘာဘယ်ရီ ဖက်ရှင်ရှိုးမှာ နာမည်ကြီးတွေ တော်တော်များများ တက်ရောက်ခဲ့ပါတယ်။ သက်တံရောင်သတင်းလွှာအစီအစဉ်မှာ မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အမေရိကန်ပေါ့ပ်အဆိုတော် တေလာဆွိဖ်ရဲ့ ကမ္ဘာ့အအောင်မြင်ဆုံး ဖျော်ဖြေရေးခရီးစဉ် မှတ်တမ်းရုပ်ရှင်ကို Disney + အွန်လိုင်းရုပ်သံလိုင်းမှာ ပြသတော့မှာပါ။ ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ ဘာလင်ရုပ်ရှင်ပွဲတော်ဖွင့်ပွဲမှာတော့ ကမ္ဘာ့နိုင်ငံရေးကို အလေးထားပြောသွားပါတယ်။
တရုတ်အစိုးရဟာ ဆိုက်ဘာတိုက်ခိုက်မှုနဲ့ တရားမဝင်လုပ်ရပ်တွေ လုပ်ဆောင်တာ ခွင့်မပြုဘူးလို့ပြောပါတယ်။ ကန်နဲ့ တခြားနိုင်ငံတွေကတော့ ကမ္ဘာတလွှား တရုတ်ဆိုက်ဘာဖောက်ထွင်းမှုတွေက မှတ်တမ်းနဲ့တကွ ရှိတယ်လို့ ဆိုပါတယ်။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ရုရှားဟာ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာမဟုတ်ကြောင်း ရုရှားကပြောပေမဲ့လက်နက်ကြီးကျည်ဆံ တသန်းကျော်မြောက်ကိုရီးယားကနေ တင်သွင်းခဲ့တယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
ဘရူနိုင်းနိုင်ငံက တော်ဝင်မင်းသား အဘ်ဒူလ် မာ့တင်း မင်္ဂလာဆောင်သွားပါပြီ။ ကမ္ဘာမှာ အအောင်မြင်ဆုံး အနုပညာရှင်တဦးဖြစ်တဲ့ အမေရိကန် ပေါ့အဆိုတော် တေလာဆွိဖ်ဟာ ၂၀၂၄ iHeartRadio ဂီတဆုချီးမြှင့်ပွဲအတွက် ဆုနေရာ ၉ ခု အတွက် စကာတင် တစ်ကြိုရွေးချယ်ခံထားရပါတယ်။
နာမည်ကျော် ကိုရီးယားကေပေါ့အဖွဲ့ BTS အဖွဲ့ကို ဇာတ်အိမ်တည် ရေးဆွဲထားတဲ့ ရုပ်ပြစာအုပ် ထုတ်လိုက်ပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ ၁၉၉၀ ပြည့်လွန်နှစ်ပိုင်းတွေမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ Spice Girls အမျိုးသမီးပေါ့ဂီတအဖွဲ့ရဲ့ ပုံတွေနဲ့ တံဆိပ်ခေါင်း သမိုင်းဝင်သွားတာပါ။
ရှမ်းမြောက်ပိုင်းဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားကောင်းလာချိန်မှာပဲ စစ်စခန်းတွေ လက်လွတ်ဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီဟာ တရုတ်အစိုးရအကူအညီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက တာဝန်ရှိသူတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်က သတင်းထောက်မှတ်စုကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
အနောက်တိုင်းသတင်းတွေမှာဖော်ပြတတ်တဲ့ ရုရှားသမ္မတ ပူတင်မှာ ပုံတူ လူခွဲတွေအများကြီး ရှိတယ်ဆိုတဲ့ သတင်းထဲကလို ပူတင်ပုံတူ အများရှေ့ထွက်လာခဲ့ပါတယ်။ AI နည်းပညာနဲ့ တက္ကသိုလ်ကျောင်းသားတဦး ဖန်တီးထားတာ ဖြစ်ပြီး သမ္မတပူတင်ကို တီဗွီဖန်သားကနေ မေးခွန်းတွေ ထုတ်ခဲ့တာပါ။ ရိုက်တာသတင်းကို မအေးသန္တာကျော်တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်