အမေရိကန်ပြည်ထောင်စုကို ထူထောင်ခဲ့သူတွေထဲက တဦးအဖြစ် သတ်မှတ်ထားကြတဲ့ သမ္မတ သောမတ်စ် ဂျက်ဖာဆင်ရုပ်တုကို နယူးယောက်မြို့တော်ခန်းမ ကနေ ဖယ်ရှားပြီး New York Historical Society သမိုင်းပြတိုက်မှာ ကာလကြာရှည် ထားရှိသွားမှာဖြစ်ပါတယ်။ Nina Vishneva ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန် ဈေးကွက်အတွင်း ကုန်ပစ္စည်း ပြတ်လပ်မှုမရှိအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ အမေရိကန် အလုပ်သမားဝန်ကြီးက ပြောပါတယ်။ နှစ်ကုန် အားလပ်ရက်ရာသီလည်းဖြစ် ခရစ္စမတ်ကာလမှာ ကုန်ဈေးနှုန်းကြီးမားလာသလို ပစ္စည်းပြတ်လပ်မှုတွေ ွဖစ်မလားဆိုပြီး စိုးရိမ်ခဲ့ကြတာပါ။ AFP သတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အတွက် တောင်းဆိုလှုပ်ရှားတဲ့ PEN အမေရိကား အဖွဲ့က နယူးယောက်မြို့မှာ ရှိတဲ့ ရုရှား ကောင်စစ်ဝန်ရုံး အပြင်ဘက်မှာ An Empty Chair လှုပ်ရှားမှု အစီအစဉ် ကျင်းပပြီး ဖမ်းဆီးခံ သတင်းထောက်တွေ ပြန်လွှတ်ပေးရေး ဆန္ဒ ထုတ်ဖော်ခဲ့ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် Omicron မျိုးကွဲသစ်ဟာ တခြားမျိုးကွဲတွေထက် ရောဂါ ပို ကူးစက်လွယ်တယ်လို့ ပညာရှင်တွေက ထောက်ပြထားပေမဲ့ ရောဂါလက္ခဏာ ဘယ်လောက် ပြင်းထန်မလဲ ဆိုတာကတော့ သေချာ မသိရသေးပါဘူး။ VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ပင်လယ်ကမ်းစပ်နဲ့ ကျွန်းတွေမှာ နေထိုင်သူတွေ တခြားနေရာကို ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။ တောင်ကယ်ရိုလိုင်းနား ပြည်နယ်က ဂေါ်လာဂီးချီ မျိုးနွယ်စုတွေကတော့ သူတို့မွေးရပ်မြေက မခွာဘူးလို့ ပြောပါတယ်။ အေပီသတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ယာဉ်မတော်တဆဖြစ်မှုကြောင့် ၂၀၂၁ ခုနှစ် ပထမ ၆ လအတွင်း သေဆုံးမှုနှုန်းဟာ ၂၀၀၆ ကတည်းကစာရင် အများဆုံး စံချိန်တင်ခဲ့တယ်လို့ အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနရဲ့စာရင်းကိန်းဂဏန်းတွေအရ သိရပါတယ်။ Karina Bafradzhian ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သူနာပြု ရှားပါးတဲ့ ပြသနာ ကြုံနေရပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ ၂ နှစ် နီးပါး ရှိလာချိန်မှာ ရောဂါ ကူးစက်ခံရတဲ့ လူနာတွေကို ကုသပေးနေတဲ့ သူနာပြုတွေဟာ ခြေကုန်လက်ပန်းကျပြီး တချို့လည်း အလုပ်ကနေ ထွက်တဲ့ထိ ဖြစ်ကုန်ပါတယ်။ ဒီကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကျေးဇူးတော်နေ့ မိသားစုညစာ ဆင်နွှဲဖို့ အမေရိကန်တွေ ပြင်ဆင်နေချိန်မှာပဲ ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့နဲ့ တတိယမြောက် အားဖြည့် ကာကွယ်ဆေးထိုးဖို့ လိုသူတွေလည်း ထပ်ထိုးကြဖို့ ကျန်းမာရေး အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။ Michelle Quinn ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
တနင်္လာနေ့က ကျင်းပခဲ့တဲ့ အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်ဝမ်အရေး၊ နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ ဆိုက်ဘာလုံခြုံရေးရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်လို့ နှစ်ဘက် ဆက်လက် ဆွေးနွေးအဖြေရှာကြဖို့ သမ္မတ ၂ ဦး သဘောတူခဲ့ကြပါတယ်။ Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကြောင်း လက်မှတ်အထောက်အထား အတုတွေကို အွန်လိုင်း လူမှုကွန်ယက်အကောင့် တွေမှာ ရောင်းချနေကြတယ်လို့ ဆိုင်ဘာလုံခြုံရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အစစအရာရာ ကုန်ဈေးနှုန်းတွေ တက်နေတာကြောင့် ဒီလို အခြေအနေကို ကုစားဖို့ သမ္မတ ဂျိုးဘိုင်ဒန်က သူ့ရဲ့ အသုံးစားရိတ် အစီအစဉ်ကို လွှတ်တော်က အတည်ပြုပေးနိုင်အောင် ကြိုးစားနေပါတယ်။ Michelle Quinn ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
ကပ်ရောဂါကာလ ရောဂါကူးစက်မှုတွေ လျော့ကျသွားပြီးနောက် အမေရိကန်ပြည်ထောင်စုမှာ ကုန်ဈေးနှုန်းတွေ တက်လာပါတယ်။ မော်တော်ကား ဓါတ်ဆီဈေးက အစ စားသောက်ကုန်အဆုံး ဈေးတက်လာတာကြောင့် အခုအခါမှာ အစားအသောက် လှုဒါန်းပေးတဲ့ နေရာတွေမှာလည်း အခက်အခဲ ရင်ဆိုင်လာရပါတယ်။ ဒီအကြောင်း အေပီသတင်းကို ကိုအောင်အောင်က ပြောပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုက လုပ်ငန်းခွင်တွေမှာ Covid-19 ကာကွယ်ဆေး မဖြစ်မနေထိုးဖို့ Joe Biden အစိုးရက စည်းမျဉ်းစည်းကမ်း ချမှတ်ဆောင်ရွက်တာနဲ့ ပတ်သတ်ပြီး အငြင်းပွားမှုတွေ ဆက်ဖြစ်နေပါတယ်။ Michelle Quinn ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု အဓိကမြို့ကြီးတချို့က မြို့တော်ဝန် ရွေးကောက်ပွဲတွေမှာ အာရှနွယ်ဖွားတွေ ပထမဆုံးအကြိမ်အနေနဲ့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရပါတယ်။ ဒီအကြောင်း အေပီသတင်းကို ကိုအောင်အောင်က စုစည်းတင်ပြပေးထားပါတယ်။
ပဲရစ် ရာသီဥတုဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကနေ အမေရိကန် ပြည်ထောင်စု နှုတ်ထွက်ခဲ့တာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စကော့တလန် Glasgow မှာ ကျင်းပတဲ့ ညီလာခံမှာ တောင်းပန်လိုက်ပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
စကော့တလန် Glasgow မြို့မှာကုလသမဂ္ဂရဲ့ ဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံ ကျင်းပနေချိန်မှာပဲ ရာသီဥတုဖေါက်ပြန် ပြောင်းလဲမှု လျှော့ချရေး လက်တွေ့ကျကျဆောင်ရွက်ကြဖို့ ရာသီဥတုအရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူတွေက တောင်းဆို တိုက်တွန်းနေပါတယ်။ ကိုအောင်အောင်က စုစည်းတင်ပြထားပါတယ်။
ကုလသမဂ္ဂရဲ့ ဥတုရာသီ ဖေါက်ပြန်မှု တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံကို တက်ရောက်ဖို့ အမေရိကန် သမ္မတ Joe Biden စကော့တလန် Glasgow မြို့ကို ရောက်နေပါတယ်။ သူအဆိုပြုထားတဲ့ ဒေါ်လာတြီလျံနဲ့ချီသုံးစွဲမယ့် အသုံးစရိတ် ဥပဒေကြမ်း ကို အတည်ပြုနိုင်အောင် ဒီမိုကရက် လွှတ်တော်အမတ်တွေ ကြိုးစားနေပါတယ်။ ကိုအောင်အောင် ပြောပြပါ့မယ်။
Halloween ရာသီအတွက်ဆိုရင် ရွှေဖရုံသီးက မပါမဖြစ်ပါ။ ပွဲတော်အတွက် ရွှေဖရုံသီးမုန့်လုပ်ရာမှာနဲ့ အလှဆင်ဖို့အတွက် ၊ ရွှေဖရုံသီးတွေကို စိုက်ခင်း တွေမှာ စိတ်ကြိုက်သွားရောက် ဝယ်ယူနိုင်သလို ဘယ်သူက အကြီးဆုံး ရွှေဖရုံသီး စိုက်နိုင်လည်း ဆိုတာကိုလည်း ပြိုင်ပွဲကျင်းပကြပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အာဖဂန်နစ္စတန်မှာ အစားအစာ ရှားပါးတဲ့ ပြသနာ ရင်ဆိုင်နေရပြီး မကြာခင် ကြရောက်မယ့် ဆောင်းရာသီမှာ နှင်းကြောင့် တနိုင်ငံလုံးကို စားနပ်ရိက္ခာ ပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်ဖွယ် ရှိနေပါတယ်။ ကလေးတွေ အစားအစာ ပုံမှန်စားနိုင်အောင် ဘယ်လိုရုန်းကန်နေရလဲဆိုတဲ့အကြောင်း ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကာလကြာရှည် မောပန်းနွမ်းနယ်တာ၊ စိတ်မကြည်လင်တာ၊ အိပ်မရတာ၊ နှလုံး ပြသနာနဲ့ အသက်ရှုရ ခက်ခဲတာတွေဟာ ကာလကြာရှည် ခံစားရတဲ့ COVID ရောဂါ လက္ခဏာတွေဖြစ်ပါတယ်။ ဒီ လနဲ့ချီခံစားရတဲ့ ဝေဒနာတွေကို ဘယ်လို ကုသမှု ပေးနိုင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး ကျန်းမာရေးပညာရှင်တွေ ဆွေးနွေးအကြံပေးနေကြပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်