ယူကရိန်းအရေး ကုလအထွေထွေညီလာခံ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ကုလ လုံခြုံရေးကောင်စီမှာ အများစုဆုံးဖြတ်ချက်နဲ့ အတည်ပြုခဲ့ပါတယ်။ ရုရှားတိုက်ခိုက်မှု ရပ်တန့်ဖို့နဲ့ တပ်တွေ ပြန်ဆုတ်ခွာဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာသုံး ကန့်ကွက်ခဲ့တာပါ။ ကိုအောင်အောင် က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ် တားဆီးရေး မဖြစ်မနေလိုက်နာရမယ့် အမိန့်တွေကို ဆန့်ကျင်ဆန္ဒပြတဲ့ Truck ကား မောင်းသူ တွေ ကယ်လီဖိုနီးယားပြည်နယ်ကနေ ဝါရှင်တန်ဒီစီ မြို့တော်ကို ကားတွေနဲ့ ချီတက်လာနေကြပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်အောင် တင်ပြထားပါတယ်။
ရေမြေခြားမှ ရုပ်ပုံလွှာ အစီအစဉ်မှာ အင်ဒီယာနား ပြည်နယ် ဖော့ဝိန်းမြို့က လက်ထောက်ဆရာဝန်အဆင့် သူနာပြု ဆရာကျော်သက်ဦးအကြောင်း တင်ဆက်ပေးမှာပါ။ သူဟာ Nurse Practitioner တဦးအဖြစ်နဲ့ မြန်မာပြည်က ရွှေ့ပြောင်းအခြေချသူတွေကို ဆေးကုသပေးနေသူလည်းဖြစ်ပါတယ်။ ကိုအောင်အောင်က ရိုက်ကူးတင်ပြပေးထားပါတယ်။
ယူကရိန်းမြောက်ဘက် ဘေလာရုစ်နိုင်ငံမှာ ရုရှားက ဆက်လက် စစ်ရေးလေ့ကျင့်နေပြီး ယူကရိန်းနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်သူတွေ တပ်စွဲထားတဲ့ နယ်မြေကြားကို လက်နက်ကြီးတွေနဲ့ ၂ရက်ကြာ ပစ်ခတ်နေခဲ့ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
မြောက်ကာရိုလိုင်းနားပြည်နယ် ကန်နပိုလီမြို့က လူဖြူတွေနဲ့ လူမည်းတွေရဲ့ ဘုရားကျောင်း အတူပေါင်းစည်းခဲ့တာ ၅ နှစ်တာ ရှိလာပါပြီ။ အမေရိကန် တောင်ပိုင်းမှာ လူမျိုးရေးခွဲခြားမှု ပပျောက်ပြီး စုစည်းညီညွတ်စွာ အတူနေထိုင်လာခဲ့ကြတဲ့ ပြယုဂ်အဖြစ် ကြိုးပမ်းခဲ့ကြတာပါ။ အေပီသတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကလေးတွေ အနေနဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းရေး ပိုနားလည်သဘောပေါက်လာအောင် ရည်ရွယ်ချက်နဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကျောင်းတွေမှာ သက်သတ်လွတ် ကျွေးတဲ့ စနစ် စတင်နေပါတယ်။ ရိုက်တာ သတင်းကို အခြေခံပြီး ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ယူကရိန်းမှာရှိတဲ့ အမေရိကန်သံရုံးဝန်ထမ်း အရေအတွက် လျှော့ချလိုက်ချိန်မှာပဲ စစ်သင်တန်းပေးနေတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေလည်း ယူကရိန်းက ထွက်ခွာဖို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ညွန်ကြားပါတယ်။ Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နယူးဂျာစီနဲ့ ဒလဝဲလ်ပြည်နယ်တွေက ကျောင်းတွေမှာ လာမယ့် သီတင်းပတ်အတွင်း နှာခေါင်းစည်းတပ်ရမယ့် စည်းမျဉ်းကို ပြန်ဖယ်ရှားဖို့ ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ဆေးရုံတွေမှာ မကြုံဖူးလောက်အောင် သွေးလိုအပ် နေပါတာကြောင့် သွေးလှုဒါန်းဖို့ အလှုရှင်တွေကို တိုက်တွန်းနှိုးဆော်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကာလ ကြာရှည်လာတာနဲ့အမျှ သွေးအလှုရှင်တွေ ရှားပါးတဲ့ အခက်အခဲလည်း ကြုံနေရပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်
ယူကရိန်းနယ်ခြား ရုရှားနဲ့ တင်းမာမှုတွေ တိုးလာနေတဲ့အချိန်မှာပဲ နယ်ခြားမှာ ရုရှားတပ်ဖွဲ့ဝင် တသိန်းကျော်တပ်စွဲထားတဲ့အကြောင်းနဲ့ ယူကရိန်းကို တမဟုတ်ချင်း ကျူးကျော် ဝင်ရောက်နိုင်တဲ့ အနေအထားမှာ ရှိနေသေးတဲ့အကြောင်း အမေရိကန်အစိုးရက သတိပေးနေပါတယ်။ ကိုအောင်အောင်က ပြောပြပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကုမ္ပဏီတွေ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာကုန်သလို နိုင်ငံရပ်ခြားမှာနေတဲ့ မြန်မာတွေလည်း မတည်ငြိမ်တဲ့ အခြေအနေအောက်မှာ မွေးရပ်မြေကို ပြန်နိုင်ဖို့ လွယ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်
အာရှနွယ်ဖွားအမေရိကန်တွေအပေါ် အမုန်းတရားအခြေခံ နှုတ်အားဖြင့်ရော ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကို ဆန့်ကျင်တဲ့ အင်အားပြပွဲတွေကို အမေရိကန်မြို့ကြီးတချို့မှာ ဒီသီတင်းပတ်ကုန်နဲ့ မကြာခင်ရက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီအေကြာင်း ကိုအောင်အောင်က စုစည်း တင်ပြထားပါတယ်။
စက်ရုံ ထုတ်လုပ်ရေးလုပ်ငန်းခွင် ကြီးကြပ်သူ တဉီးရဲ့ တနေ့တာမှာ ဘာတွေ စီမံခန့်ခွဲရသလဲဆိုတာနဲ့ ကြီးကြပ်သူ အဆင့်အထိရောက်အောင် ဘယ်လို တက်လှမ်းခဲ့ရသလဲ ဆိုတာကို ကိုအောင်အောင်က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်း တချို့ဒေသတွေမှာ Omicron ကိုဗစ် ဗီဇမျိုးကွဲပိုးသစ် ကူးစက်မှုနှုန်း လျော့ကျသွားပါပြီ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအထိ ဆေးရုံတွေမှာ ပိုးကူးစက်တဲ့ လူနာတွေနဲ့ ပြည့်နေခဲ့သလို တချို့ ပြည်နယ်တွေမှာ ထပ်တိုးနေဆဲဖြစ်ပါတယ်။ ကိုအောင်အောင် ပြောပြပေးပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ လူနည်းစု မဲဆန္ဒရှင်တွေရဲ့ မဲပေးခွင့်ကို မကန့်သတ်ဖို့ ရွေးကောက်ပွဲ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဒီမိုကရက်ပါတီဘက်က အဆိုပြုထားတဲ့ ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က မကြာသေးခင်ကပဲ ပယ်ချက်ခဲ့ပါတယ်။ အေပီသတင်းကိုအခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမြို့ကြီး တော်တော်များများမှာ အိမ်ခြေရာမဲ့ များပြားလာတဲ့ ပြဿနာရင်ဆိုင်နေရပါတယ်. ခုအခါ ဒီပြဿနာကိုဖြေရှင်းဖို့ မြို့ အုပ်ချုပ်ရေး အာဏာပိုင်တွေက နည်းအမျိုးမျိုးနဲ့ ကြိုးစားနေကြပါတယ်။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်.
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းနယ်မြေထဲ ခြေချလိုက်တာနဲ့ ဒါကို ကျူးကျော်သိမ်းပိုက်မှုအဖြစ် မှတ်ယူမှာဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားအပြီးမှာပဲ အမေရိကန်က ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေစတင်ပို့ဆောင်နေပါတယ်။VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် ပြောပြပေးပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ရောဂါ ကူးစက် ပြန့်ပွားမှုတားဆီးရေး ဆောင်ရွက်ချက်တွေကို နိုင်ငံရေးအရ ဦးစားပေး စဉ်းစား လုပ်ဆောင်နေတယ်လို့ ပညာရှင်တချို့က ထောက်ပြဝေဖန် နေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကားမှာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ဖို့ ကြိုးစားနေတာမှာ ကိုယ့်ဖာသာ ကိုဗစ် စစ်ဆေးလို့ရတဲ့ စမ်းသပ်ကိရိယာ ပစ္စည်းတွေကို တိုးချဲ့ဝေငှသွားမှာဖြစ်သလို သူနာပြုအင်အား လိုအပ်တဲ့ နေရာတွေကိုလည်း စစ်ဘက် ကျန်းမာရေးဝန်ထမ်းတွ စေလွှတ်သွားပေးမယ်လို့ အစိုးရက ပြောပါတယ်။ အေပီသတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Omicron ကိုဗစ်မျိုးကွဲသစ် ကူးစက်မှု တရက်ကို တသန်းလောက် ရှိလာချိန်မှာ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရရဲ့ ကိုင်တွယ်ပုံအပေါ် တချို့က ဝေဖန်ကြပါတယ်။ အစိုးရကတော့ ကူးစက်မှုထိန်းချုပ်ဖို့ အားလုံး ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။ Arash Arabassdi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်