ဖလော်ရီဒါပြည်နယ်က Everglades သဘာဝဉယျာဉ်မှာ မြန်မာစပါးကြီးမြွေတွေကို လိုက်လံရှင်းလင်းနေပါတယ်။ စိုစွတ်တဲ့ ချုံနွယ်တွေကြားမှာနေထိုင်ကြတဲ့ တိရိစ္ဆာန်မျိုးစုံကို ဒီစပါးကြီးမြွေကြီးတွေက လိုက်လံစားသောက်တာကြောင့် သဘာဝဝန်းကျင်ကိုထိခိုက်စရာလည်း ဖြစ်လာနေတာပါ။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ သူ့ရဲ့ မိန်ခွန်းအတွင်း ဒီမိုကရေစီ စကားလုံးကို အကြိမ်ပေါင်း ဒါဇင်ချီသုံးစွဲခဲ့ပါတယ်။ ထရမ့် ထောက်ခံပေးထားတဲ့ ရီပတ်ဘလစ်ကန်တွေဟာ အမေရိကန်ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်
မြန်မာနိုင်ငံမှာ လူဦးရေ ၁.၃ သန်းနီးပါးဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အဲဒီထဲမှာ စစ်တပ်အာဏာသိမ်းပြီး ပဋိပက္ခနဲ့ လုံခြုံရေးအခြေအနေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ကိုးသိန်းလေးဟောင်းကျော် ရှိတဲ့အကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆက်လုပ်နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲဘဲ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ခဲတွေကြုံနေရတဲအကြောင်း မြောင် ဒေသခံတွေက ပြောပါတယ်။
နိုင်ငံတကာအာကာသစခန်းကိုသွားမယ့် NASA ရဲ့ အာကာသခရီးစဉ်အတွက် စီစဉ်နေတာတွေ အောက်တိုဘာ ၃ ရက်နေ့မှာ အဆုံးသတ်ပါမယ်။ NASA ရဲ့ ဒီ Crew 5 ခရီးစဉ်ကို Nicole Aunapu Mann က ဉီးဆောင်မယ့်အကြောင်း ရိုက်တာသတင်းကိုအခြေခံပြီး ကိုအောင်အောင်က ပြောပြထားပါတယ်။
ယခင်ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် Mikhail Gorbachev ကွယ်လွန်ခဲ့တာနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက အမှတ်ရစရာတုံပြန်ပြောဆိုနေကြပါတယ်။VOA သတင်းထောက် ကလည်း သူ့ကြုံတွေ့ခဲ့တာနဲ့ နိုင်ငံတကာသတင်းထောက် တွေ ကြုံခဲ့ကြတဲ့ အမှတ်တရ အဖြစ်အပျက်တွေ ပြန်ပြောင်းပြော ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
သမ္မတဟောင်း Trump ရဲ့ နေအိမ်ကို FBI ကဝင်ရောက်ရှာဖွေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ရီပတ်ဘလစ်ကန်ဘက်က ဝေဖန်မှုတွေကို သမ္မတ Joe Biden ပထမဆုံးအနေနဲ့ တုံ့ပြန်လိုက်သလို အမေရိကန်ပြည်ထောင်စု ဉပဒေစိုးမိုးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအပေါ်တိုက်ခိုက်မှုဟာ ရွံရှာစက်ဆုပ်ဖွယ်ဖြစ်တယ်လို့ ဆိုပါတယ်။ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားက ကာ့ဒစ်ရှ်တပ်တွေဟာ IS အကြမ်းဖက်သမားတွေကိုချေမှုန်းတဲ့ စစ်ဆင်ရေးတရပ် ဆင်နွှဲနေပြီး သူတို့ရဲ့ မိသားစုဝင်တွေ ထားရှိတဲ့ စခန်းကိုလည်း ဝင်ရောက်ရှင်းလင်း ခဲ့ပါတယ်။ VOA. သတင်းထောက် Zana Omar ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
သမ္မတဟောင်း Donlad Trump ရဲ့ဖလော်ရီဒါ နေအိမ်ကနေသိမ်းဆည်းခဲ့တဲ့ ထိပ်တန်းလျို့ဝှက်စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ သီးခြားလွတ်လပ်တဲ့ ကြားခံလူတဦးထားဖို့ သမ္မတဟောင်းဖက်က အဆိုပြုထားတာကိုအခုသီတင်းပတ် ကြားနာစစ်ဆေးမယ်ဖို့ ပြည်ထောင်စုတရားသူကြီးတဦးကရက်သတ်မှတ်ထားပါတယ်။ ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာနေစဉ်တလျှောက် နံရံပန်းချီ၊ ဆီဆေး၊ ရေဆေးပန်းချီကားပေါင်း မြောက်များစွာရေးဆွဲခဲ့တဲ့ ကိုသန်းဌေးမောင်ဟာ ဘဝရပ်တည်ရေးအတွက် စက်ရုံမှာ အလုပ်လုပ်ပြီး အားလပ်ရက်ကိုပန်းချီဆွဲရင်း ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတဲ့အကြောင်း ကိုအောင်အောင်က ရိုက်ကူးတင်ပြထားပါတယ်။
အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေဆုတ်ခွာလာတာတနှစ်ပြည့်ချိန်မှာပဲ အခုလိုဆုတ်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာဟာ မှန်ကန်ပါရဲ့လားဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။ အာဖဂန်စစ်ပွဲဆိုင်ရာ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက စစ်ဖက်အကြီးအကဲ နှစ်ဉီးကို VOA သတင်းထောက်က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ကိုအောင်အောင်ကတင်ပြပေးပါလိမ့်မယ်။
အမေရိကန်နဲ့ လက်တွဲဖက် မဟာမိတ်နိုင်ငံတွေက ထုတ်လုပ်တဲ့ အင်မတန် သေးငယ်တဲ့ လျှပ်စစ်ပစ္စည်း Microelectronicsကို ရုရှားရဲ့လက်နက်တွေမှာတပ်ဆင်အသုံးပြုနေပါတယ်။ အထူးသဖြင့်ယူကရိန်းကို တိုက်ခိုက်နေတဲ့မစ်စိုင်းဒုံးတွေမှာ တွေ့ရတယ်လို့ စုံစမ်းမှုတွေအရသိရပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
Trumpကိုဝေဖန်လေ့ရှိတဲ့Whyoming ပြည်နယ်ကရီပတ်ဘလစ်ကန်အောက်လွှတ်တော်အမတ် Liz Cheney ဟာ ရီပတ်ဘလစ်ကန် ကိုယ်စားပြု အောက်လွှတ်တော်အမတ်ပဏာမရွေးချယ်ပွဲမှာ ရှုံးနိမ့်သွားပါတယ်။သူ့ရဲ့အနာဂါတ်နိုင်ငံရေး ဘယ်ပုံဘယ်နည်းလျှောက်လှမ်းမယ်ဆိုတာရီပတ်ဘလစ်ကန်တွေရောဒီမိုကရက်တွေကပါစိတ်ဝင်စားနေကြပါတယ်။ ကိုအောင်အောင် ပြောပြပါမယ်။
ဓါးစာခံအရေး ဆွေးနွေးညှိနှိုင်းရာမှ သံတမန်ရေးအရ ပရိယာယ်ကြွယ်ဝရသလို ဒီလိုကိစ္စမျိုးကို အမေရိကထိပ်တန်း အရာရှိတွေကသာ ကိုင်တွယ်ဆောင်ရွက်လေ့ရှိပါတယ်။ နိုင်ငံရပ်ခြားမှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန် ဓါးစာခံတွေ လွတ်မြောက်ဖို့နဲ့ ပတ်သတ်ပြီး ဘယ်လို သက်ရောက်မှုရှိနိုင်ပါသလဲ။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးသမားတွေ အခက်ကြုံ နေရပါတယ်။ ဒါပေမယ် အမေရိကန်တွေဟာ ငွေကြေးဖောင်းပွမှု နဲ့ ကုန်ဈေးနှုန်းတက်တဲ့ ပြဿနာတွေလို လက်ရှိ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကိုသာ ပိုအလေးပေး ဖြေရှင်းလိုတဲ့ ဆန္ဒရှိတာကို တွေ့ရပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ယူကရိန်းကို ရုရှားတို့ ကျူးကျော် သိမ်းပိုက်ပြီးနောက်ပိုင်းမှာ ယူကရိန်းနိုင်ငံသားတွေရဲ့ အဘက်ဘက်က ဘဝတွေအပေါ် ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီထဲမှာ မွေးစားမယ့်သူတွေကို စောင့်နေတဲ့ ယူကရိန်း ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဟီရိုရှီးမားနဲ့ နာဂါဆာကီ ကို အနုမြူဗုံး ကျဲချခဲ့တဲ့ နှစ်ပတ်လည် အခမ်းအနားကို ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ စစ်ရေးအင်အားကို တိုးမြှင့်ဖို့ ဂျပန်အစိုးရက လတ်တလော စီစဉ်နေရပါတယ်။ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကြောင့် အခုလို တဆစ်ချိုး အပြောင်းအလဲတွေ ဆောင်ရွက် လာရတဲ့အကြောင်း ကိုအောင်အောင်က ပြောပြပါမယ်။
၂၀၂၂ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ ရီပတ်ဘလစ်ကန်တွေ အမတ်တွေကတော့ ဒီဥပဒေ အတည်ဖြစ်မယ်ဆိုရင် ငွေတွေ မဆင်မခြင် သုံးစွဲလိမ့်မယ်ဆိုပြီး သတိပေး ကန့်ကွက် ပြောဆိုနေပါတယ်။ VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ဟာ ထိုင်ဝမ် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ထိုင်ပေမှာ ဒီကနေ့ တွေ့ဆုံပါတယ်။ တရုတ်နိုင်ငံကတော့ ဒီလိုတွေ့ဆုံမှုကို မကျေနပ်တဲ့အနေနဲ့ သူတို့ပိုင်ဖြစ်တယ်လို့ ပြောနေတဲ့ ထိုင်ဝမ်ပိုင်နယ်မြေပြင်ပမှာ စစ်ရေးလေ့ကျင့်ပြသခဲ့ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စု အလိုအရှိဆုံး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် Ayman al-Zawahiri ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အာဖဂန်နစ္စတန်မှာ အမေရိကန်တွေ ပစ်လိုက်တဲ့ မစ်ဇိုင်းဒုံးကျည်ထိမှန် သေဆုံးသွားတဲ့အကြောင်း သမ္မတ Joe Biden က တနင်းလာနေ့မှာ ပြောကြားပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်