အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၄ အစိုးရအသုံးစရိတ်ကနေ မြန်မာ့အရေးသုံးဖို့ အထက်လွှတ်တော် အဆိုပြုချက်အရ နောင်နှစ်မှာ မြန်မာ့အရေးထောက်ပံ့မှု အလားအလာကောင်းကြောင်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့အစည်း CAM က သုံးသပ်ပါတယ်။ CAM အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်ကို မအိသန့်စင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဗြိတိန်နိုင်ငံက အိမ်တွေမှာ အပူချိန် ထိန်းညှိပေးတဲ့ စက်တွေနဲ့ နေရောင်ခြည်စွမ်းအင် ဆိုလာ ပြားတွေကို တပ်တာ ပိုများလာတဲ့အကြောင်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်
မြန်မာနွယ်ဖွား အမေရိကန်ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးစွမ်းဆောင်ရည်က ကောင်းမွန်တဲ့ အခြေအနေမှာ ဆက်လက်ရှိနေကြောင်း သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ Indiana ပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန် လူမှုရေးအသင်း BACI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် နယ်မြေရှင်းလင်းပြီး ဒေသခံတဦးကို သတ်ဖြတ်ခဲ့သလို၊ ဒီပဲယင်းနယ်ထဲမှာလည်း ရွာတရွာကို မနေ့က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကမ္ဘာ့လူဦးရေက သန်း ၈ထောင်ပြည့်သွားပြီလို့ မကြာသေးခင်ကပဲကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာဖော်ပြပါတယ်။၂၀၅၀ ပြည့်နှစ်ကျရင်လူဦးရေသန်း ၉ ထောင့် ၇ရာထိ ဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ကင်ညာနိုင်ငံမှာတော့ လူဦးရေက ၅၃ သန်းကျော် ရှိနေပြီး ဒီထက်လည်းပိုတိုးလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မအိသန့်စင် တင်ဆက်ထားပါတယ်။
လေဆာအလင်းတန်းသုံးပြီး အင်တာနက်ကွန်ရက် ဖြန့်လို့ရနေပါပြီ၊ လက် ၂ ဘက်နဲ့ မနိုင်မနင်း ဖြစ်နေသူတွေ ရေဘဝဲလို လက်အများကြီးတပ်ထားနိုင်အောင် ဂျပန်မှာ တီထွင်နေကြပါတယ်။ အခုလို သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်က မြို့တော် လွိုင်ကော် အပါအ၀င် နေရာဒေသ အတော်များများမှာ ဇွန် ၂၇ ရက် မနက်ပိုင်းကစလို့ ဖုန်းခေါ်လို့ မရတော့တဲ့အပြင် မိုဘိုင်းအင်တာနက်ရော Wifi အင်တာနက်တွေပါ အသုံးပြုလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ MPT နဲ့ Mytel ဖုန်းတွေတော့ ဖုန်းခေါ်လို့ရတယ်လို့ ..
ထိုင်ဝမ်အထက်တန်းကျောင်းက သေနတ်ပစ်ကွင်းမှာ မောင်းပြန် ရိုင်ဖယ်သေနတ်နဲ့ တခြားလက်နက်တွေကို ကျောင်းသူကျောင်းသားတွေ ခုခံကာကွယ်ဖို့အနေနဲ့ လေ့ကျင့် ပစ်ခတ်နေကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အသက်ရှည်ဆေး ပေါ်တော့မလား၊ ၁၉ ရာစုထဲက ကွယ်လွန်သွားတဲ့ ပန်းချီဆရာကြီးဗန်ဂိုး နဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်အောင် ပြင်သစ်ကုမ္ပဏီတခုက လုပ်ထားပြီ စတဲ့သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
သက်တမ်းရှည်မြန်မာစစ်တပ်ဟာ အကျင့်ပျက်ချစားမှုတွေကြောင့် ဖွဲ့စည်းပုံယိမ်းယိုင်လာပြီ၊ စစ်ဘက်၊ အရပ်ဘက် ပြန်လည်သင့်မြတ်နိုင်ဖို့ တာဝန်ခံမှုရှိပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။ မအိသန့်စင် တွေ့ဆုံမေးမြန်းထားပါတယ်။
"...ကျနော် သိရသလောက်တော့ မတူပီရော၊ ချင်းပြည်နယ် တခုလုံးဆို အလုံး ၇၀၀ ဝန်းကျင်လောက်တော့ ဆုံးရှုံးမယ်။ လောလောဆယ်တော့ မြေပြင်အခြေအနေက (ဖုန်း)လိုင်းတွေဖြတ်တောက် ထားတာဆိုတော့လေ အဆက်အသွယ်တော့ လုပ်လို့မရသေးဘူး။ တဆင့်စကား တဆင့်နဲ့ ဒီလိုသတင်းတွေ ရနေတာပေါ့။"
ပင်လယ်သမုဒ္ဒရာကို အသုံးချပြီး လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖယ်ရှားတဲ့ စီမံကိန်းတခုကို ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေက လုပ်ဆောင်နေပါတယ်။ မြေကမ္ဘာပူနွေးလာမှုကို လျှော့ချပြီး ဥတုရာသီပြောင်းလဲမှုကို ထိန်းနိုင်ဖို့ ရည်ရွယ်တာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်းမှာ မကြာသေးခင်ကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတွေ လုံခြုံရေး စိုးရိမ်ပြီးထွက်ပြေးနေကြရပါတယ်။
အာဖရိကတိုက်နိုင်ငံတွေထဲ နည်းပညာပိုင်း အောင်မြင်သူ အများဆုံးထွက်တဲ့နိုင်ငံထဲ ကင်ညာနိုင်ငံလည်း ပါပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကွန်ပြူတာနည်းပညာနဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ထောင်နိုင်အောင် သင်ပေးတဲ့ Code with Kids အစီအစဉ်ကို တည်ထောင်ထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးစေခဲ့ပြီးတဲ့နောက် ဧပြီ ၁၉ ရက်နေ့ကစပြီး စစ်တပ်က စစ်ကြောင်း ၄ ကြောင်းနဲ့ ကန့်ဘလူမြို့နယ် တစ်ခုလုံးကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူတွေ မကြားနိုင်ပေမယ့် ဖိစီးမှုများတဲ့ အခြေအနေမှာ အပင်တွေက အော်တတ်ကြတယ်လို့ အစ္စရေးသုတေသီတွေက ပြောပါတယ်။ ဂျုံ၊ စပျစ်နွယ်ပင်၊ ဆေးရွက်ကြီးနဲ့ ခရမ်းချဉ်သီးပင်တွေအပါအဝင် အပင်တွေကို သုတေသီ တဖွဲ့ကလေ့လာနေတာ ၆ နှစ် ရှိပါပြီ။ အေပီသတင်းဆောင်းပါးကို မအိသန့်စင်က ပြန်ပြောပြမှာပါ။
ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ နေ့အပူချိန် တိုးလာနေပြီး၊ အခု ဧပြီလထဲမှာ အပူချိန်သိသိသာသာ ထပ်တိုးလာတာကို ခံစားနေရတာပါ။ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ အမြင့်ဆုံးအပူချိန် ခန့်မှန်းချက်တွေနဲ့အတူ အပူဒဏ်ကြောင့် ရုတ်တရက်ဖြစ်လာနိုင်တဲ့ ကျန်းမာရေး သတိပေးချက်တွေလည်း ရှိနေပါတယ်။
ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့နေထိုင်ဖို့လိုတဲ့ သက်ကြီးရွယ်အိုတွေက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချန်ထားရစ်ကြရပါတယ်။ ဒါပေမယ့် သက်ကြီးရွယ်အိုတွေအတွက် အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဆက်နေတာက အထောက်အကူဖြစ်နိုင်ကြောင်း သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။မအိသန့်စင် တင်ဆက်ထားပါတယ်။
သြစတြေးလျနိုင်ငံ Darwin ဒါဝင်ဒေသမှာ လူငယ်တွေရဲ့စိတ်ကျန်းမာရေး ကုထုံးအတွက် ပုံရိပ်တုနည်းပညာ VR ကို သုံးပြီး ကုလာကြပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရောစပ်ထားတဲ့ ဒီဂျစ်တယ်ကမ္ဘာတွေ ဖန်တီးပြီး စိတ်ကျန်းမာရေးကို ကုသကြတာပါ။ အေပီသတင်းဆောင်းပါးကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကယားပြည်နယ်(ဒေသအခေါ် ) ကရင်နီဒေသ လွိုင်ကော် - ဘောလခဲကားလမ်းမ သွားလာခွင့်ပိတ်ပင်ထားလို့ ဒေသတွင်းကုန်စည်စီးဆင်းဖို့ အခက်ကြုံနေပြီး၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ အခြေအနေတွေကြောင့် အဓိကလမ်းပိုင်း အသုံးမပြုနိုင်ချိန်မှာ ခရီးကုန်ကျစရိတ်ကလည်း သိန်းဂဏန်းအထိ ဈေးပေါက်နေတာပါ။
နောက်ထပ်ကြည့်ရှုရန်