အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံဖို့အတွက် ယူကရိန်းနဲ့ ရုရှားနိုင်ငံသားတွေက မက္ကဆီကို နယ်စပ်မြို့ Tijuana ကို ရောက်လာကြပါတယ်။ ရုရှားနိုင်ငံသားတွေထက်စာရင် ယူကရိန်းနိုင်ငံသားတွေက နယ်စပ်ကို ပိုလွယ်လွယ်ကူကူဖြတ်နိုင်တာတွေ့ရကြောင်း မအိသန့်စင်က တင်ဆက်ထားပါတယ်။
ရုရှားကျုးကျော်စစ်ကို ခုခံဖို့ ယူကရိန်းကို လက်နက်နဲ့ ကာကွယ်ရေးပစ္စည်းတွေ ဒေါ်လာ သန်း ၈၀၀ ဖိုး ကူညီထောက်ပံ့ဖို့ အမေရိကန်ပြောကြား၊ စစ်ပွဲနဲ့ ကပ်ရောဂါကြောင့် အာရှအစုရှယ်ယာဈေးကျပြီး အမေရိကန်ဗဟိုဘဏ်အတိုးနှုန်း တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ အခေါက်ရွှေတကျပ်သားကို ကျပ်သိန်း ၂၀ ကျော်အထိ ဒီကနေ့ ဈေးတက်သွားတာဟာ ကမ္ဘာ့ရွှေဈေးနည်းနည်းတက်တာကြောင့်ဖြစ်သလို ငွေစက္ကူအတုတွေ ပျံ့နေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရွှေဝယ်သူ များလာနေတာဖြစ်ပါ တယ်။
ယူကရိန်းကို ရုရှားက ကျုးကျော်ပြီး စစ်ရေးအရ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာပဲ ယူကရိန်းနိုင်ငံ အနာဂတ်အတွက် ဘက်ပေါင်းစုံက ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေကြပါတယ်။ VOA အရှေ့ဥရောပဌာနအကြီးအကဲ Myroslava Gongadze ပိုလန်နိုင်ငံ ဝါစောမြို့ကနေ ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် ပြောပြပါလိမ့်မယ်။
ရုရှားကျုးကျော်စစ် လက်တုံ့ပြန်ဖို့ ရုရှားရေနံနဲ့ စွမ်းအင်တင်ပို့မှုတွေ ကန်သမ္မတ ပိတ်ပင်၊ တောင်ကိုရီးယားရှေးရိုးစွဲဝါဒီ ယွန်းစုတ်ရိုး သမ္မတရွေးကောက်ပွဲအနိုင်ရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
“ကျနော့်မိဘတွေကိုဆိုရင် လုံခြုံမယ်လို့ထင်တဲ့ အရပ်ဒေသဖြစ်တဲ့ ဘုန်းကြီးကျောင်းကို ပို့လိုက်တာ မှားသွားတယ်။ အမေနဲ့အဒေါ်နဲ့ ဆုံးတဲ့ထဲပါသွားတယ်။ လက်နက်ပြီးထိပြီးတော့။ ကျနော့်အိမ်က သူတို့တည်းတဲ့ နေရာနဲ့နီးတော့ အကုန်ဖျက်ဆီးသွားတယ်။“ (ကံသာရွာဒေသခံ)
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားအစိုးရအပေါ် ဒဏ်ခတ်တဲ့အနေနဲ့ အမေရိကန်ကို တင်ပို့နေတဲ့ ရုရှား ရေနံနဲ့ စွမ်းအင်ထုတ်ကုန်တွေ အားလုံးကို ပိတ်ပင်လိုက်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာပါတယ်။ အဲ့ဒီနောက်ကမ္ဘာတဝှမ်းမှာ လောင်စာဆီဈေးတွေလည်းတက်သွားခဲ့ပါတယ်။ မအိသန့်စင် ပြောပြပါလိမ့်မယ်။
ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အဖြေရှာနေချိန်မှာ ရုရှားနဲ့ ယူကရိန်း ကိုယ်စားလှယ်တွေ နောက်တကြိမ် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေကြပါတယ်။ VOA သတင်းထောက် Anita Powel ပေးပို့ထားတဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်စစ် တပတ်ကျော်ချိန် အိုးအိမ်စွန့်ပြေးဒုက္ခသည် တသန်းကျော်လာ၊ ရုရှားကို နိုင်ငံတကာ စီးပွားရေးနဲ့ အားကစားဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုထပ်တိုး၊ ဖိလစ်ပိုင်စွမ်းအင်ကဏ္ဍမှာ နျူကလီးယားစွမ်းအင်ကိုပါ ထည့်သွင်း၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
ယူကရိန်းနိုင်ငံထဲ ရုရှားတပ်တွေ စတင်ကျုးကျော်တိုက်ခိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ယူကရိန်းအနောက်ဖက် နယ်စပ်ဖြတ်ကျော်ပြီး အိုအိမ်စွန့်ခွာထွက်ပြေးသူတွေ တသိန်းကျော် ရှိသွားပါပြီ။ VOA သတင်းထောက် Oksana Lihostova ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
လက်နက်စနစ်တွေကအစ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေထုတ်လုပ်ရာမှာ အသုံးလိုတဲ့ မြေရှားသတ္တုတွေနဲ့ တခြားအရေးပါတဲ့ သတ္တုတွေကို အမေရိကန်က ပိုထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်မယ့်အကြောင်း ဘိုင်ဒန်အစိုးရက ကြေညာထားပါတယ်။ အမေရိကန်အိမ်ဖြူတော်ဆိုင်ရာသတင်းထောက် Patsy Widakuswara ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စတင်လို့ ယူကရိန်းပြည်သူတွေ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေကြရပါတယ်၊ ကမ္ဘောဒီးယားမှာ အသက် ၃ နှစ်အရွယ်ကလေးတွေကို ကိုဗစ်ကာကွယ်ဆေးစထိုးပေးနေပါပြီ၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က တင်ပြထားပါတယ်။
နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင် ဆန်းစုကြည်၊ သူ့ရဲ့ စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရဝန်ကြီး သုံးဦးတို့ တရားစွဲခံထားရတဲ့အမှုကို တလကြာရပ်နားထားရာက ဒီနေ့ ပြန်လည်ကြားနာပါတယ်။
ယူကရိန်းနဲ့ ရုရှား ဆက်ဆံရေး တင်းမာနေချိန် စစ်ဖြစ်နိုင်ခြေရှိနေတဲ့ အချိန်မှာ အမေရိကန်ရောက် ယူကရိန်းအသိုင်းအဝိုင်းကြား သူတို့ရဲ့ ဇာတိမြေအပေါ် စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။ Chicago မြို့ကနေ VOA သတင်းထောက် Kane Farabaugh ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
၂၀၁၄ ခုနှစ်တုန်းက ရုရှား ကျောထောက်နောက်ခံပြုထားတဲ့အစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ မေဒန် တော်လှန်ရေး ယူကရိန်းမှာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ၈ နှစ်အကြာမှာ Kyiv မြို့တော်က ပြည်သူတွေက ဒီလှုပ်ရှားမှု နှစ်ပတ်လည်နေရာမှာ အောက်မေ့ဖွယ် အမှတ်တရ လာရောက် ဂုဏ်ပြုကြပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
စင်ကာပူနိုင်ငံမှာ တနှစ်ခြား တခါကျင်းပနေကျ လေယာဉ်ပြပွဲကို ဒီနှစ်လည်း ကပ်ရောဂါအခြေအနေကြောင့် အကျဉ်းချုံးပြီး ကျင်းပခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လေကြောင်းသွားလာမှုတွေ အထိနာပြီးတဲ့နောက် ၂ နှစ်အကြာမှာ လေယာဉ်ခရီးသွားမှုလုပ်ငန်း ပြန်လည် ဦးမော့လာဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
အာဖရိကတိုက်ကနေ ဆင်စွယ် မှောင်ခိုထုတ်နေတာကို ဒုစရိုက်အဖွဲ့ကြီး ၃ ခုက အဓိကလုပ်နေတာလို့ အာဏာပိုင်တွေက ယူဆကြပါတယ်။ ဆင်စွယ်ကို DNA မျိုးဗီဇ စမ်းသပ်တဲ့နည်းလမ်းတဲ့ ဆင်စွယ်မှောင်ခိုလုပ်ငန်းကို ခြေရာခံနိုင်နေပါတယ်။ AP သတင်းဆောင်းပါးကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
ယူကရိန်း ရုရှားပဋိပက္ခတင်းမာချိန်အတွင်း အမေရိကန် အင်အားဖြည့်တင်းမှု နေတိုးထောက်ခံ၊ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်သူဦးရေ စံချိန်တင်မြင့်တက်၊ ကိုဗစ်ကြားက ဘေကျင်းဆောင်းရာသီ အိုလံပစ် ကျင်းပ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံက စစ်တပ်နဲ နီးစပ်တဲ့ လူနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် အစိုးရက အရေးယူ ဒဏ်ခတ်ထားပြီး ဒီလို အရေးယူမှုတွေဟာ မပြီးသေးတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet က CSIS ဦးစီးကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ မအိသန့်စင်က တင်ပြထားပါတယ်။
“ဒီနေ့ ရုံးချိန်းမလာနိုင်ဘူးလေ။ မနက်စာစားပြီး မူးပြီး အော့အန်ချင်သလိုဖြစ်တာတဲ့၊ အန်ချင်သလိုဖြစ်တော့ ဆရာဝန် ဆေးစာအရ အနားယူရမယ်ဆိုပြီးတော့ ရုံးချိန်းမလာနိုင်ဘူးပေါ့၊ အဲဒါကို တရားရုံးမှာ လာဖတ်ပြတယ်လေ။ အဲဒါပဲသိတာပါ။ ကျန်တာတော့မသိရဘူး။” (တရားရုံးနဲ့နီးစပ်သူ ရှေ့နေတဦး)
နောက်ထပ်ကြည့်ရှုရန်