မြန်မာနိုင်ငံမှာ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေ နေရာတော်တော်များများမှာ အသေးစား ပေါက်ကွဲမှုတွေ ခပ်စိပ်စိပ်ဖြစ်လာတာကြောင့် ပြည်သူတွေဟာ သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ အလိမ္မာ ပြောပြသွားမှာပါ။
ဘဏ်တွေမှာ ငွေအပ်ထားသူတွေ ငွေထုတ်ယူနိုင်ဖို့ အခက်အခဲတွေ ရှိနေချိန်မှာ ပြည်သူတွေဟာ ကိုယ်လိုချင်တဲ့ ငွေပမာဏပေါ်အလိုက် ရာခိုင်နှုန်းနဲ့ အကျိုးဆောင်ခပေးပြီး အပြင်ကနေ ငွေသားရအောင် လုပ်နေကြရပါတယ်။
လမ်းမတွေပေါ်မှာ ရဲနဲ့စစ်တပ်အင်အား အလုံးအရင်းနဲ့ ကင်းလှည့်ပြီး လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက ရန်ကုန်မြို့မှာ ဒီနေ့လည်း လူရာချီတဲ့ပါတဲ့ ချီတက်ဆန္ဒပြပွဲတွေကို တနေရာထက်မနည်းမှာ လုပ်ခဲ့ကြပါတယ်။ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာ က ပြောပြပေးမှာပါ။
အရပ်သားအစိုးရဆီကနေ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သတင်းထောက်တွေ သတင်းရယူတာတွေကို စစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ ဖိအားပေး ကန့်သတ်တာတွေအပြင် သတင်းမီဒီယာသမားတွေကို ဖမ်းဆီးအရေးယူတာတွေကိုပါ ပိုတိုးပြီးလုပ်ဆောင်လာတာတွေ တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်သူတွေက အာဏာပိုင်တွေဖက်က အင်အားသုံးဖြိုခွင်းတာတွေ ပစ်ခတ်တာတွေရှိပေမယ့်လည်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှူတွေ ဒီကနေ့အထိ နိုင်ငံအနှံ့ရှိနေဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ်က နမ္မတီးမြို့နယ်မှာ ဒီကနေ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဘက်က အင်အားသုံး ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခံရတာတွေရှိတယ်လို့ နမ္မတီးဒေ သခံတစ်ယောက်ကပြောပါတယ်။
ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်မှာ ရွှေကပ်ထားတဲ့ ဟမ်ဘာဂါကို ဒေါ်လာ ၆၀ လောက်နဲ့ ရောင်းချနေပါတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အမြင်အာရုံကို လှည့်စားနိုင်တဲ့ ပြတိုက်တခုကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မအလိမ္မာတို့က တင်ဆက်ထားပါတယ်။
အီဂျစ်နိုင်ငံမှာ အညောင်းအညာတွေပြေစေဖို့ မြွေအနှိပ်ခန်းတခုကို ဆန်းသစ် ဖွင့်လှစ်ထားပါတယ်။ ပီးရူးကနတ်ဆရာတွေကတော့ ၂၀၂၁ နှစ်သစ်တွက် ကံကောင်းခြင်းတွေရဖို့ သူတို့ရဲ့ ရိုးရာဓလေ့ အစဉ်အလာတွေအတိုင်း မန်းမှုတ်ခဲ့ကြပါတယ်။ ထူခြားဆန်းပြားသတင်းများကို အလိမ္မာနဲ့ ကိုဝင်းခန့်မောင်တို့က တင်ဆက်ပေးထားပါတယ်ရှင်။