ပြင်သစ်သမ္မတ Francois Hollande က သူ့ရဲ့ ဆံပင်ညှပ်သမားကို တလ ဒေါ်လာ တသောင်းကျော် (ယူရို ၉၈၀၀ ကျော်) ပေးပြီး ငှားထားတယ်ဆိုတဲ့ သတင်းထွက်လာလို့ ပြင်သစ်နိုင်ငံသားတွေ အံအားသင့်နေကြသလို တချို့လည်း ဒေါသဖြစ်နေကြပါတယ်။ ဒီအကြောင်း Reuters သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဆားဘီးယားနိုင်ငံဟာ အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ စောင့်ဆိုင်းနေတာ သိပ်ကိုကြာလွန်းတယ်လို့ ဆားဘီးယားတချို့က ယူဆကြချိန်မှာပဲ တချို့တော့ဆက်ပြီး အားမထုတ်သင့် တော့ဘူးလို့လည်း ယူဆလာကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Luis Ramirez သတင်းပေးပို့ထားတာကို မခင်ဖြူထွေး က တင်ပြထားပါတယ်။
Texas ပြည်နယ် Dallas မြို့မှာ ရဲအရာရှိ ၅ ယောက်ပစ်သတ်ခံရပြီးနောက် သမ္မတအိုဘားမားက အကြမ်းဖက်မှုတွေကို ရှုတ်ချပစ်တင်လိုက်ပါတယ်။ ဒီကိစ္စဟာ အရင်ကတည်းက အငြင်းပွားနေတဲ့ ပြည်သူတွေရဲ့ လုံခြုံမှု အကြောင်းအရာအပေါ် ပိုမို ရှုတ်ထွေးသွားစေတဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ကြာသပတေးနေ့ညက သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့်ရဲအရာရှိ၅ ယောက်သေဆုံးခဲ့တဲ့Texas ပြည်နယ် Dallasမြို့မှာလုံခြုံရေးကိုအထူးတင်းကျပ်ထားပါတယ်။ပစ်ခတ်တယ်လို့သံသယရှိတဲ့သူ၃ ယောက်ကိုဖမ်းဆီးထားပြီး စတုတ္ထမြောက် တယောက်ကတော့ သေဆုံးသွားခဲ့တဲ့အကြောင်း ရဲအရာရှိတွေက ပြောပါတယ်။ ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နောင်တက်လာမယ့် သမ္မတတာဝန်ကို ယူမယ့်သူဟာဟီလာရီကလင်တန်ထက်ပိုပြီး သင့်တော်တဲ့သူ မရှိဘူးလို့ သမ္မတအိုဘားမားက မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte မြို့မှာကျင်းပတဲ့ မစ္စစ်ကလင်တန်အတွက် မဲဆွယ်ပွဲမှာ ပြောသွားပါတယ်။ APနဲ့Reutersသတင်းတွေကိုအခြေခံပြီး ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဖြစ်လာဖို့သေချာနေတဲ့ Hillary Clinton ဟာ သူနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့တဲ့အချိန်က ရုံးစာတွေကို ပုဂ္ဂလိကအီးမေးလ်နဲ့အသုံးပြုခဲ့တာနဲ့ပတ်သက်လို့ FBI စုံစမ်းစစ်ဆေးသူတွေနဲ့ သုံးနာရီကြာတွေ့ဆုံခဲ့တဲ့အကြောင်း Michael Bowman သတင်းပေးပို့ထားကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဥရောပသမဂ္ဂက နုတ်ထွက်မယ်ဆိုတဲ့ ဗြိတိန်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် သမ္မတရွေးကောက်ပွဲတွေအပေါ်မှာလည်း ရိုက်ခတ်နေတဲ့အနေကြောင်း VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဥရောပသမဂ္ဂ EU ထဲကနေထွက်ဖို့ ဗြိတိန်မဲဆန္ဒရှင်တွေ ဆုံးဖြတ်လိုက်ပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ် David Cameroon က သူနှုတ်ထွက်မယ့်အကြောင်း ကြေညာပါတယ်။ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တခြား ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာလည်း ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။ ဒီအကြောင်း ဦးသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂက ခွဲထွက်မယ် မထွက်ဘူး ဆုံးဖြတ်မယ့် လူထုဆန္ဒခံယူပွဲ ဒီကနေ့ ကျင်းပပါတယ်။ မနေ့ကတော့ ဥရောပကမခွဲထွက်ရေး ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ၊ ကြာသပတေးနေ့က အသတ်ခံခဲ့ရတဲ့ ဗြိတိန်လွှတ်တော်အမတ် Jo Cox ရဲ့မွေးနေ့နဲ့ အောက်မေ့ဘွယ် အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
Orlando မြို့မှာ သေဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ၊ အသက်ရှင်ကျန်ရစ်သူတွေကို နှစ်သိမ့်အားပေး ခဲ့တဲ့တချိန်တည်းမှာ သေနတ်မကိုင်သင့်တဲ့သူတွေ လက်ထဲ သေနတ်မရောက်ရေး တိုးပြီး အရေးယူလုပ်ဆောင်ဖို့ သမ္မတအိုဘားမားက တိုက်တွန်းသွားပါတယ်။ VOA သတင်းထောက် Ramon Taylor ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဖလော်ရီဒါပြည်နယ် အော်လန်ဒို မြို့မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဘွယ် မီးထွန်းဆုတောင်းပွဲတွေမှာ အမေရိကန်ပြည်ထောင်စုတဝှမ်းက မူဆလင်တွေ တက်ရောက်ပြီး သေနတ်သမားရဲ့လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြပါတယ်။ Elizabeth Lee ရဲ့ သတင်းပေးပို့ချက်ကို ဦးသိန်းထိုက်ဦးက တင်ပြထားပါတယ်။
Florida ပြည်နယ် နိုက်ကလပ်တခုမှာ ဖြစ်ပွားခဲ့တဲ့ လူတွေအစုလိုက် ပစ်ခတ်ခံရမှုဟာ အမေရိကန် ပြည်ထောင်စုရဲ့ သမိုင်းမှာ သေဆုံးမှုအများဆုံး သေနတ်ပစ်ခတ်မှုလို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
"ဂရိမှာရောက်နေတဲ့သူတွေကို သူတို့ လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ သိပ်ကို အရေးကြီးပါတယ်။ သူတို့ ခိုလှုံခွင့်တောင်းတာကို ကြားနာ စစ်ဆေးပေးရပါလိမ့်မယ်။"
"စစ်တပ် အပါအဝင် ပစ်မှတ်ထားတဲ့ လူတဦးချင်းဆီ၊ နောက် စီးပွားရေးလုပ်ငန်းတွေအပေါ် ဆက်ပြီး ဖိအားပေးဖို့ ရည်ရွယ်ပါတယ်။"
မြန်မာ၊ မြောက်ကိုရီးယား၊ တရုတ်၊ စတဲ့ အာရှ သုံးနိုင်ငံ အပါအဝင် ၁၀ နိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာ ဆက်ပြီး ထည့်သွင်းဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဆီ အဆိုပြုထားတာ ဖြစ်ပါတယ်။
"ဒီနေ့ကျင်းပတဲ့ ပြည်နယ် ၅ ခုလုံးမှာ Trump က နိုင်ဖို့ များပါတယ်။ နိုင်ဖို့ များတော့ ကိုယ်စားလှယ်မဲ အရေအတွက်လည်း တက်သွားမှာပေါ့လေ၊"
"အရေးကြီးတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းချက်ကို ၅ နှစ်တာ တားထားခဲ့တာကတော့ ကြိုဆိုရမယ့် ရဲရင့်တဲ့ ဆုံးဖြတ်ချက်လို့ မြင်ပါတယ်။ ဒါပေမဲ့ တရုတ်ပြည်နဲ့ နယ်စပ်အရေးတွေမှာ သူ့လက်ထက် တိုက်ပွဲတွေချည်း ဖြစ် လာတယ်။"
"ဈေးအားလုံးမှာ မီးသတ်စနစ်တွေ မပါဘူး။ မီးသတ်ဆေးဗူးလောက်ပဲ အားကိုးတော့ တကယ်လောင်ပြီဆို အဲဒီ မီးသတ်ဆေးဗူးကို ပစ်ပြီး ပြေးရတာ။"
နောက်ထပ် ဒီမိုကရေစီရေး အပြောင်းအလဲ ထပ်ပြီး လုပ်ဆောင်တာတွေ အပါအဝင် ကိစ္စရပ် တော်တော် များများမှာလည်း ကျနော်တို့အနေနဲ့ ဆက်ပြီး ပံ့ပိုးသွားမှာပါ။
"အင်မတန်ကြိုးစားပြီးတော့ ထက်မြက်တဲ့ အမျိုးသမီးတယောက်ပဲလေ၊ သမိုင်းမှာ ဒီလို အမျိုးသမီးမျိုး တခါမှ မရှိဘူးသေးဘူးလေ၊ အမေရိကန် သမိုင်းမှာ။ အဲဒီတော့ ကျနော်တို့က သူတို့ အမေရိကန် သမ္မတဖြစ်စေချင်တယ်ပေါ့နော်။"
နောက်ထပ်ကြည့်ရှုရန်