ရန်ကုန်မြို့အတွင်း ရဲတပ်ဖွဲ့စစ်ဆေးရေး ဂိတ်တွေကနေ ဖြတ်သန်းသွားလာသူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး ငွေတောင်းခံတာ၊ ရိုက်နက်တာတွေ လုပ်နေတဲ့အကြောင်း ကိုယ်တိုင်ငွေပေးခဲ့ရတဲ့ သာကတေမြို့ခံ တယောက်က VOA ကို ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ပြည်နယ်အများစုက မြန်မာတိုင်းရင်းသားပေါင်းစုံ စနေနေ့က ဝါရှင်တန်ဒီစီ မြို့တော်မှာ စုဝေးကာ တရုတ်သံရုံးနဲ့ မြန်မာစစ်သံရုံးတို့ကို ကန့်ကွက်ဆန္ဒပြကြပြီး အမေရိကန်လွတ်လပ်ရေးကျောက်တိုင်ကွင်း ကို ချီတက်ကြပါတယ်။
ဒီနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ " မြန်မာပြည်က အသံများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြင်ပ ပညာရှင်တွေရဲ့ သုံးသပ်ချက် သဘောထားတချို ဦးသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လမ်းတွေ တံတားတွေနဲ့ တခြား အခြေခံအဆောက်အအုံတွေ အသစ်ဆောက်လုပ်ဖို့နဲ့ မွမ်းမံဖို့ ဒေါ်လာ ၂ တြီလျံသုံးစွဲမယ်လို့ သမ္မတဘိုင်ဒန်က ကြေညာထားပါတယ်။ ဒါပေမဲ့ ဥပဒေအဖြစ် အတည်ပြုရေး လွှတ်တော်မှာ အတားအဆီးတွေ ကြုံရနိုင်တဲ့အကြောင်း Michelle Quinn ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာရယူပြီးချိန်ကတည်းက ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အကျိုးဆာင်ရှေ့နေ ဒေါ်မင်းမင်းစိုးနဲ့ ဗွီဒီယိုကတဆင့် ဆက်သွယ်စကားပြောခွင့်ရခဲ့ပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ ရှေ့နေကြီး ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။
မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးတွေအပေါ် အမေရိကန်ပြည်ထောင်စုက ကြာသပတေးနေ့မှာ အရေးယူ ဒဏ်ခတ်ခဲ့ပါတယ် ။ မြန်မာ နိုင်ငံရေး ပဋိပက္ခတွေဟာ ပြည်တွင်းစစ်ဖြစ်နိုင်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်ဆိုပြီး ဒါကို ဟန့်တားနိုင်ရေး ကူညီဖို့ အမေရိကန်အစိုးရကို ပြောဆိုနေတာပါ။ ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ဒေါ်လာ ၁.၉ ထရီလီယံကိုဗစ်ထောက်ပံ့ရေး အစီအစဉ်နဲ့ပတ်သက်ပြီး ပြည်သူအများ ထောက်ခံမှုရဖို့ နိုင်ငံတဝှမ်း ခရီးတွေ ထွက်နေပါတယ်။ သမ္မတဘိုင်ဒန်ရဲ့ ကိုင်တွယ်မှုနဲ့ အရင် သမ္မတ ဒေါ်နယ်ထရန့်မ် ရဲ့ ကိုင်တွယ်မှု ပုံစံနှစ်ခုကို နှိုင်းယှဉ်ပြီး ကိုသိန်းထိုက်ဦး က တင်ပြပေးပါမယ်။
အမေရိကန်မှာ COVID-19 ကာကွယ်ဆေး အရေးပေါ်သုံးရမယ့် တတိယဆေးကို ခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့လည်း စီပွားရေးအရ ထိခိုက်မှုတွေဆက်ရှိနေပြီး အလုပ်လက်မဲ့တွေ၊ လုပ်ငန်းတွေကို ပံ့ပိုးရေး ဒေါ်လာ ၁ ဒသမ ၉ တြီလျံ သုံးစွဲမယ့် ဥပဒေကြမ်း အတည်ပြုနိုင်အောင် သမ္မတ Joe Biden ကြိုးစားနေပါတယ်။ ဦသိန်းထိုက်ဦး တင်ပြပါ့မယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ လက်ရှိဖိအားတွေနဲ့တင် မလုံလောက်ဘဲ အာဏာသိမ်းယူထားတဲ့ မြန်မာစစ်တပ်ကို ပိုမို ပြင်းထန်တဲ့ ဖိအားပေးဖို့လည်း ဒီကနေ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအတွက် သီးသန့်ကျင်းပတဲ့ အလွတ်သဘော ဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။
ကိုဗစ် 19 ရောဂါကြောင့်အမေရိကန်မှာသေဆုံးသူ ငါးသိန်းနားကပ်လာပြီးကာကွယ်ဆေးထိုးတဲ့အတွက် ရောဂါကူးစက်မှုတွေကျလာတာကြောင့်အခြေအနေပုံမှန်ပြန်ဖြစ်တော့မလားဆိုတဲ့မျှော်လင့်ချက်တွေလည်း ပိုတိုးလာနေပါတယ်။ ကျောင်းတွေ ပြန်ဖွင့်ဖို့ ကိစ္စကတော့ အခြေအတင်အငြင်းပွားနေတဲ့ အကြောင်းအရာတခုဖြစ်ပါတယ်။သိန်းထိုက်ဦးကတင်ပြထားပါတယ်။
မြန်မာနိုင်ငံ အမျိုးသားရေး သင်္ကေတ အဖြစ် သတ်မှတ်ထားတဲ့ ဒေါင်း ငှက်တွေ ရှားပါးလာတာကြောင့် ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်နေတယ်လို့ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့တွေက သတိပေးနေပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ဦးသိန်းထိုက်ဦး ပြောပြပါ့မယ်။
သမ္မတဟောင်း Donald Trump ကို တရားစွဲဆိုထားတဲ့ကိစ္စ အထက်လွှတ်တော်မှာ ကြားနာပါလိမ့်မယ်။ သမ္မတ Joe Biden အဆိုပြုတဲ့ ဒေါ်လာ ၁.၉ တြီလျံ သုံးစွဲမယ့် စီးပွားရေး အကူအညီ ပေးရေး ဥပဒေကြမ်းကိုလည်း ဒီတပတ် အမေရိကန်လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးမသတ်သေးခင်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် ယုံကြည်မှု ပျောက်ဆုံးသွားနိုင်တဲ့အကြောင်း RCSS/SSA ရှမ်းတောင်ပိုင်းတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သတိပေး ပြောဆိုပါတယ်။ ဦးသိန်ထိုက်ဦး တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေရဲ့ တုံ့ပြန်မှုတွေကတော့ မတူကြပါဘူး။ မြန်မာ့အရေး ပြောကြားချက်တွေကိုတော့ ဦးသိန်းထိုက်ဦးက ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်း COVID-19 ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ ဆက်လုပ်နေတဲ့ တချိန်တည်းမှာ ကိုဗစ် စီးပွားရေးအကူအညီပေးရေး ကိစ္စတွေကို ဒီတပတ် အမေရိကန် လွှတ်တော်ခေါင်းဆောင်တွေ အခြေအတင် ဆွေးနွေးဖို့ စီစဉ်နေကြပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို တင်ပြပါ့မယ်။ ကျနော် သိန်းထိုက်ဦးပါ။
သမ္မတဟောင်း Donald Trump အုပ်ချုပ်တဲ့ နောက်ဆုံးနှစ် ရဲတပ်ဖွဲ့တွေရဲ့မတရားမှုတွေကို ရှုတ်ချပြီး လူမျိုးရေး တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ သမ္မတသစ် Joe Biden အစိုးရသစ်လက်ထက်၊ ဒီလှုပ်ရှားမှု အနာဂတ် အလားအလာကို VOA သတင်းထောက် Esha Sarai သတင်းပေးပို့ထားတကို ဦးသိန်းထိုက်ဦး တင်ပြပါ့မယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတသစ် Joe Biden ပထမဆုံး စတာဝန်ယူတဲ့ သတင်းပတ်အတွင်းမှာပဲ ရင်ဆိုင်စရာ အခက်အခဲတွေ အပြည့်ရှိနေပါတယ်။ သမ္မတဟောင်း Donald Trump ကို အရေးယူရေး တရားစွဲဆိုထားတဲ့အမှု အထက်လွှတ်တော်မှာ ကြားနာမယ့် ကိစ္စကလည်း ပါဝင်နေပါတယ်။ Michelle Quinn ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦးတင်ပြပါ့မယ်။
အမေရိကန် သမ္မတသစ် Joe Biden လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေး ပိုပြီး ကောင်းမွန်လာမယ်၊ လက်တွဲဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ရင်း ကမ္ဘာ့ခေါင်းဆောင်တွေက ကြိုဆိုနေကြပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီနေ့ ဗုဒ္ဓဟူးနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့အတူ ဒုသမ္မတဟောင်း Joe Biden ကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်အဖြစ် ကြိုဆိုကြတော့မှာပါ။ Joe Biden ဟာ နိုင်ငံရေး အစဉ်အလာနဲ့ အတွေ့အကြုံရှိသူ တဦးဖြစ်ပါတယ်။ သူ့အကြောင်း Carolyn Presutti ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်လွှတ်တော်ရှေ့ မျက်နှာစာမှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ ရွေးကောက်ခံ သမ္မတ Joe Biden အမေရိကန် ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာပါ။ ဝါရှင်တန်မြို့တော်နဲ့တခြားမြို့ကြီးတွေမှာ လုံခြုံရေးကိုအထူးတင်းကြပ်ထားပါတယ်။ Michelle Quinnရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်