ကမ္ဘာ့ သတင်းမီဒီယာတွေမှာ မြောက်ကိုရီးယားရဲ့ နျူးကလီးယား လက်နက်တွေကို အဓိကထားပြီး ဖော်ပြနေကြချိန်မှာ တောင်ကိုရီးယား တွေကတော့ အထီးကျန် မြောက်ကိုရီးယားရဲ့ လူမှုဘဝတွေကို ပိုပြီး တွေ့မြင်နေကြပါတယ်။ မြောက်ကိုရီးယားဘက်ကနေ ထွက်ပြေးလာသူတွေက သူတို့ကိုယ်တွေ့တွေကို တင်ပြနေတာပါ။ မသိင်္ဂ ီထိုက် ပြောပြပါလိမ့်မယ်။
စီးပွားရေး လုပ်ငန်းတွေ ပုံမှန် မလည်ပတ်နိုင်တဲ့ ကပ်ဘေးကာလ အတွင်း စီးပွားရေး လုပ်ငန်းရှင် အတော်များများ က လူမှုကွန်ယက် Facebook ပေါ်က တိုက်ရိုက်လွှင့် ရောင်းချမှုကို ခပ်မြန်မြန် ပြောင်းလဲလာနေကြပါတယ်။
Golden Retriever မျိုး အသက် ၁၂ နှစ် အရွယ် Ricochet ဟာ ခွေးတွေ ရေလွှာလျှောစီးတဲ့ ခေတ်ရေစီးကြောင်းကို စခဲ့တဲ့ ခွေးတွေထဲမှာ ပါပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီဖို့ လိုအပ်သူတွေ အတွက် Ricochet က ကူညီပေးနေပါတယ်။ Genia Dulot ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။
လွန်ခဲ့တဲ့သုံးနှစ်က ဘင်္ဂလားဒ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အမေရိကန် ဒေါ်လာ သန်း ၂၀၀ နီးပါး လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးရေး အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့ သတင်းပတ်က ကြေညာခဲ့ပါတယ်။ အမေရိကန်အပါအဝင်အလှူရှင်တွေရဲ့ ညီလာခံအကြောင်း မသီဂီ င်္ထိုက် ပြောပြပါလိမ့်မယ်။
ဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်ဆိုတာ ဆရာဝန်တွေ သိထားပြီးသားပါ။ အခုတော့ COVID-19 က ကိုယ်ဝန်ဆောင်တွေကို ထိခိုက်စေသလားဆိုတာကို ဆရာဝန်တွေ အသည်းအသန် လေ့လာနေကြပါတယ်။ Carol Pearson ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါမယ်။
COVID-19 ကပ်ဘေး ကာလ အတွင်း မြန်မာ အများစု ရွှေ့ပြောင်း အလုပ်လုပ်ကိုင်ရာ ထိုင်းနဲ့ မလေးရှားကနေ လုပ်သား အများအပြား ဌာနေပြန်လာနေကြပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန် အဓိကပြိုင်ဘက် အင်အားကြီးပါတီကြီး ၂ ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ ပြည်ထောင်စုကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ အစိုးရရုံးစိုက်ရာ နေပြည်တော်တဝိုက် အင်အားပြ စည်းရုံးပွဲတွေ အသီးသီး လုပ်နေကြပါတယ်။
COVID-19 ကပ်ရောဂါဘေး ကာလအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေပြန်ရေး အခက်တွေ့နေကြရဆဲ အခြေအနေတွေကို စုစည်း တင်ပြပေးထားပါတယ်။
အမေရိကန် နိုင်ငံ New Orleans မြို့က အစီအစဉ်သစ် က ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် အလုပ်နားထားရသူတွေကို အလုပ်သစ်တွေ လုပ်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးနေပါတယ်။ ဝန်ဆောင်မှု လုပ်ငန်းကလူတွေကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ဖို့သင်ကြားပေးနေတဲ့အကြောင်း မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
COVID-19 ကာလ အတွင်း နိုင်ငံတွင်းက ကုန်စည် သယ်ယူပို့ဆောင်ရေး အချက်အချာ ဒေသတိုင်း လိုလိုမှာ အဝေးပြေး ကုန်ကားကြီးတွေနဲ့ ယာဉ်ကြောပိတ်ဆို့နေပါတယ်။
တရုတ်နဲ့ စစ်ရေး တင်းမာနေတဲ့ နယ်စပ်ကို ဆက်သွယ်မယ့် လမ်းတွေ ဖောက်ဖို့ အိန္ဒိယဘက်က စိုင်းပြင်းနေပါတယ်။ နယ်စပ်က စစ်အခြေစိုက် စခန်းတွေကြား ဆက်သွယ်မယ့် လမ်းတွေ ဖြစ်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက Ladakh ကို လက်နက်တွေနဲ့ တပ်ဖွဲ့တွေ အမြန်ပို့ဆောင် တပ်ချနိုင်ရေးလည်း အထောက်အကူ ဖြစ်စေမှာပါ။
အိန္ဒိယနဲ့ မြန်မာ နှစ်နိုင်ငံ နယ်စပ် တဖက်တချက်မှာ နေထိုင်နေကြတဲ့ နာဂ မျိုးနွယ်စုတွေအကြား တဖွဲ့နဲ့ တဖွဲ့ တောင်တွေခြားပြီး ဝေးကွာနေပေမယ့် အရင်က အပြန်အလှန် သွားရောက် လည်ပတ်ခွင့်တွေရခဲ့ကြပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်ပြီး သွားလာခွင့်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေ ပိတ်ပင်ထားပါတယ်။
COVID-19 ပျံ့နှံ့ ကူးစက်မှု တိုးလာနေတဲ့ ရန်ကုန်မှာ COVID-19 လူနာ ၆၀၀ လက်ခံ ကုသနိုင်မယ့် သာကေတက Happy COVID-19 Medical Center ကို ပရဟိတ အဖွဲ့ We Love Yangon၊ Fortune Plaza နဲ့ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း ပြင်ဆင်နေပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မသိင်္ဂ ီထိုက် ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ COVID-19 ကပ်ဘေးကာလ အတွင်း ကန့်သတ်ချက်တွေကြောင့် လူတွေတော်တော်များများ အပြင်မထွက်နိုင်ဘဲ လူစုလူဝေးတွေ လုပ်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲ အတွက် ဆိုက်ကားတွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ တွင်ကျယ်နေတဲ့ အကြောင်း Reuters သတင်းတပုဒ်ကို မသိင်္ဂ ီထိုက် ပြောပြပါလိမ့်မယ်။
Walter Reed စစ်ဆေးရုံမှာ ဆေးကုသမှုခံနေတဲ့ သမ္မတ Donald Trump ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်ပြီး ဒီနေ့ တနလာင်္နေ့မှာ ဆေးရုံက ဆင်းနိုင်တယ်လို့ ဆေးကုသမှုပေးနေတဲ့ ဆရာဝန်တွေက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ပြောပါတယ်။ အပြည့်အစုံ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပါလိမ့်မယ်။
သမ္မတ Trump ကို ကုသမှုပေးနေတဲ့ ဆေးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဒေါက်တာ Brian Garibaldi က သမ္မတရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှုရှိတဲ့အကြောင်း၊ အစောဆုံး တနင်္လာနေ့မှာ ဆေးရုံကဆင်းပြီး အိမ်ဖြူတော်မှာပဲ ဆက်လက် ကုသမှုခံယူနိုင်ရေးအထိပါ မျှော်လင့်ထားကြောင်း တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
အမေရိကန်သမ္မတ Donald Trump ဟာ COVID-19 ရောဂါ ဖြစ်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ တကယ်လို့ သမ္မတတာဝန် မထမ်းဆောင်နိုင်ရင် သူ့နေရာမှာ ဘယ်သူက တာဝန်ယူရမလဲ။ တကယ်လို့ ဒုတိယသမ္မတရော အဲလိုဖြစ်ခဲ့ရင် နောက် ဘယ်သူတွေ တာဝန်ယူနိုင်သလဲ။
COVID 19 ကုသနေရတဲ့ အမေရိကန် သမ္မတ Donald Trump ရဲ့ ကျန်းမာရေး အခြေအနေတွေကို အမေရိကန် စံတော်ချိန် စနေနေ့မှာ ကုသပေးနေတဲ့ ဆရာဝန် အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲကနေ ကောက်နုတ် တင်ပြပေးပါမယ်။
လက်ရှိအချိန်ထိ သမ္မတရဲ့ တိုးတက်မှုတွေအတွက် သူ့အနေနဲ့ရော ကုသရေးအဖွဲ့ အနေနဲ့ပါ အင်မတန်မှ ကျေနပ်ပါတယ်။ ကြာသပတေတးနေ့တုန်းကဆိုရင် သမ္မတဟာ အနည်းငယ် နှာစေး ချောင်းဆိုးပြီး နည်းနည်း မောနေပေမယ့် အခုတော့ အားလုံးသက်သာပြီး တိုးတက်မှုရှိပါတယ်။
ရခိုင်မှာ COVID 19 ကူးစက်မှု များလာတာကြောင့် ရခိုင် အပါအဝင် နိုင်ငံတဝန်းမှာ အသွာအလာ တားမြစ် ကန့်သတ်ချက်တွေ ပြန်လည် ချမှတ်လာတာနဲ့ အတူ ကုန်စည်စီးဆင်းမှုပါ တုံ့ဆိုင်းသွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်