ဂျာမဏီမြူးနစ်လုံခြုံရေးညီလာခံ မြန်မာနိုင်ငံကိုယ်စား NUG နိုင်ငံခြားရေးဝန်ကြီး တက်ရောက်၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီအကြီးအကဲ တွေ့ဆုံ၊ ဂျပန်ရာကူဇာခေါင်းဆောင် မြန်မာကိစ္စနဲ့ တရားစွဲခံရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံအခြေအနေ အမေရိကန်လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ခြိမ်းခြောက်စေတဲ့အတွက် သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို အိမ်ဖြူတော်က နောက်ထပ်တနှစ်သက်တမ်းတိုး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်ရေး သက်တမ်းတိုး၊ မြန်မာ့အရေး ကန်အစိုးရတွင်း တွန်းအားပေး လုပ်ဆောင်ဖို့ ပါတီ၂ ရပ် ကိုယ်စားလှယ်များ Burma Caucus ဖွဲ့၊ ပယ်ဆောက်ချိန်ကို တရုတ်ဘက်ကို လွှဲပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တရုတ်သံအမတ်နှင့် တွေ့ဆုံ၊ အပစ်ရပ်ရေး သဘောတူထားတဲ့ ရှမ်းမြောက်ပိုင်းမှာ စစ်ကောင်စီဘက်က ဆက်ပြီးထိုးစစ်ဆင်၊ ရခိုင်တိုက်ပွဲများ ပြင်းထန်နေတာပါ။ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
အမေရိကန်၊ မိုင်ယာမီကမ်းခြေက စတင်ထွက်ခွာတဲ့ အပျော်စီး ပင်လယ် သင်္ဘောကြီးမှာ ခရီးသည် အယောက် ၁၀,၀၀၀ ကျော်ဆန့်၊ ခရိုအေးရှားအနုပညာရှင် တယောက်က မီးခြစ်ဆံနဲ့ လူရုပ်ထု ဖန်တီး။ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို မအိသန့်စင်က ကိုဝင်းခန့်မောင်နဲ့အတူ ပြောပြပေးသွားချင်ပါတယ်။
မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ CPJ ပြောကြား၊ အိမ်နီးချင်းမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ထိုင်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
တရုတ်ပြည်ဟာ ၂၀၂၃ခုနှစ်မှာ ဂျပန်ကိုကျော်တက်ပြီး ကမ္ဘာ့ကားတင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာတယ်လို့ တရုတ်ကားလုပ်ငန်းအဖွဲ့အစည်းတွေက ဆိုလိုက်ပါတယ်။ ဒါဟာ ရုရှားနိုင်ငံရဲ့ ဈေးကွက်နဲ့ တကမ္ဘာလုံး လျှပ်စစ်ကားဝယ်လိုအားမြင့်လာမှုတို့ကြောင့်ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က အိမ်မွေးခွေးလေး တကောင် သူ့သခင်ရဲ့ ပိုက်ဆံ အမေရိကန်ဒေါ်လာ ၄၀၀၀ ကို ကိုက်စားပစ်၊ ဂျပန်နိုင်ငံ တူနာငါးတကောင်ကို အမေရိကန်ဒေါ်လာ ၈ သိန်းနီးပါးနဲ့ ရောင်းရ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
ရှမ်းမြောက်မှာ ယာယီစစ်ရပ်ဖို့ နှစ်ဘက်သဘောတူ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုအထူး ကိုယ်စားလှယ်နဲ့ စစ်ကောင်စီအကြီးအကဲ နေပြည်တော်မှာ တွေ့ဆုံ၊ NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တွေ့၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
ချီလီနိုင်ငံမှာ မကြုံစဖူး ၁၅ ပေါင်ကျော်တဲ့ ကလေးမွေးဖွား၊ ထိုင်းနိုင်ငံ ချင်းရိုင်မြို့က ကြောင်ဒီဇိုင်း စပါးခင်းများ၊ ခြောက်ကမ်းပါးမှာ ပိတ်မိနေတဲ့ ခွေးလေး ရဟတ်ယာဉ်နဲ့ ကယ်၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လောက်ကိုင် MNDAA ထိန်းချုုပ်၊ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း သဘာဝပတ်ဝန်းကျင်နဲ့ ဥတုရာသီပြောင်းလဲမှုနဲ့ပတ်သက်လို့ ဆိုးရွားပြင်းထန်လာတဲ့ သဘာဝဘေးဒဏ်တွေ၊ သူ့ရဲ့သက်ရောက်မှုတွေနဲ့ အတူ အပြုသဘော ဆောင်တဲ့ ဖြစ်ပေါ်တိုးတက်တွေကို အနှစ်ချုပ် တင်ပြပါမယ်။ နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ စုစည်းတင်ဆက်ထားပါတယ်။
ကမ္ဘာတဝန်း စန်တာဘိုးဘိုးကြီးတွေရဲ့ အပြေးပြိုင်ပွဲ၊ ခရစ္စမတ်ဆို ထုတ်မကုန် လက်ဆောင်တထုပ်နဲ့ အလုပ်ရှုပ်နေကျ စန်တာဘိုးဘိုး ခေတ်သစ်နဲ့အညီ ရဟတ်ယာဉ်ရောက်လာ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြားသတင်းတွေကို ကိုဝင်းခန့်မောင်နဲ့ မအိသန့်စင် တင်ဆက်ထားပါတယ်။
မန္တလေးနန်းတွင်း စစ်ကောင်စီတပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခံရ၊ ပြည်တွင်းပဋိပက္ခ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တရုတ်ထပ်ပြီးတိုက်တွန်း၊ ကုလမြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြထားပါတယ်။
မတူပီမြို့နယ်၊ ထယ်ဘွေးကျေးရွာက စစ်တပ် တပ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ် တာဝန်ရှိသူတွေ စခန်းကို စွန့်ခွါသွားထွက်ပြေးခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း လိုက်လံ ရှာဖွေနေကြပါတယ်။
နမ့်ဆန်နောက်ဆုံးစခန်း ဗျူဟာကုန်းကို TNLA တအာင်းတပ်က သိမ်းလိုက်၊ မြန်မာမူးယစ်ဆေး ထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး၊ အမေရိကန်ဒေါ်လာငွေလဲနှုန်း သတ်မှတ်လို့ တနိုင်ငံလုံး စက်သုံးဆီပြတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင်တို့က ပြောပြပေးသွားပါမယ်။
ပြီးခဲ့တဲ့လထဲ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာတဝိုက်မှာ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေတာ ခုချိန်ထိ နေရပ်မပြန်နိုင်ကြပါဘူး။
တရုတ်အစိုးရဟာ လွတ်လပ်စာထုတ်ဖော်ရေးသားခွင့်ကို သူ့နိုင်ငံမှာ ခွင့်မပြုပဲ အင်တာနက်မှာ နိုင်ငံရေးကာတွန်းတွေ ပိတ်ထားပေမဲ့ အနောက်အင်တာနက်စာမျက်နှာမှာတော့ နိုင်ငံရေးကာတွန်းတွေနဲ့ သူများကိုထိုးနှက်ပါတယ်။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဥပဒေရုံးကို စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁ ဦး အပါအဝင် ၅ ဦး ထက်မနည်း သေဆုံးခဲ့ ရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ခမ်းပတ်မြို့မှာလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ် တွေမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်း ၄ ခုကို တနင်္ဂနွေနေ့မှာ တအာင်းတပ် TNLA က သိမ်းယူခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်