မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က တောင်းဆိုထားတဲ့ အတိုင်းပဲ EU ဥရောပသမဂ္ဂအဖွဲ့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသုံးသပ်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။
လက်ရှိရွေးကောက်ပွဲဆိုင်ရာ နောက်ဆုံးအခြေအနေနဲ့ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့ တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။
ယခု ၂၀၁၅ခုနှစ်အတွက် နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးက ပေးအပ်တဲ့ Human Rights Tulip ဆု ရွေးချယ်ခံရတဲ့ ဆန်ခါတင်စာရင်းထဲမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံ ကျောင်းသားခေါင်း မဖြိုးဖြိုးအောင်လည်းပါဝင်ပါတယ်။