“ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ကာကွယ်တဲ့နေရာမှာ အမေရိကန်ရဲ့ ထောက်ခံအားပေးမှုတွေ ဆုံးရှုံးသွားရမှာကို လွန်စွာ စိုးရိမ်မကင်း ဖြစ်ရပါတယ်။ အခုချိန်ထိ သေသေချာချာ မသိရသေးသလို၊ ပြောဖို့လည်း စောပါသေးတယ်။"
Crimea ဒေသကို ရုရှားသိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ အဲဒီဒေသမှာ ရုရှားနဲ့ နေတိုး နှစ်ဘက်စလုံးက စစ်တပ်နဲ့ လက်နက်အင်အားတွေ အပြည့်အစုံ ချထားပါတယ်။ အမေရိကန်အစိုးရ အပြောင်းအလဲကြောင့် နေတိုးနဲ့ ရုရှားအကြား ဆက်ဆံရေးကို ရိုက်ခတ်လာနိုင်တဲ့အကြောင်း Henry Ridgwell သတင်းလွှာကို ရှားဖောင်က တင်ပြထားပါတယ်။
"KNU ရဲ့ လုပ်ရိုးလုပ်စဉ် အစဉ်အလာနဲ့ ဆန့်ကျင်ပြီးတော့ ဖြစ်တာနဲ့အလျှောက် အလားအလာ မကောင်းဘူးလို့ပဲ ကျနော်တို့ အဲ့လို ယေဘုယျ ပြောလို့ရမှာပေါ့နော်။"
ဥတုရာသီပြောင်းလဲမှု၊ မှီတင်းနေထိုင်ရာနေရာတွေ ပျောက်ဆုံးလာတာနဲ့ အမဲလိုက်သတ်ဖြတ်မှုတွေကြား ကမ္ဘာပေါ်ကတိရိစ္ဆာန်တွေရဲ့ ကျက်စားနေထိုင်မှု ပုံစံတွေလည်းပြောင်းလဲလာပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း တောရိုင်းတိရိစ္ဆာန်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အကြောင်း Kevin Enochs ပေးပို့ထားတဲ့သတင်းကို ရှားဖောင် ကတင်ပြပေးပါမယ်။
အမျိုးသားဥယျာဉ်ဝန်ဆောင်မှု နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ပွဲ အဖြစ် ဝါရှင်တန်ဒီစီမြို့တော်က ရုက္ခဗေဒဥယျာဉ်ထဲမှာ ကွဲပြားခြားနားတဲ့ အပင် မျိုးစုံကိုအသုံးပြုပြီးတော့ အထင်ကရ နေရာတချို့ရဲ့ နမူနာ ပုံစံတူ ၅၀ ကျော်ကို တီထွင်ပြုလုပ်ထားပါတယ်။ Julie Taboh သတင်းပေးပို့ထားတာကို ရှားဖောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံသားရွှေ့ပြောင်းလုပ်သားတယောက်ကို သတ်ဖြတ်မှု၊ တရားမဝင်လူကုန်ကူးမှုတွေနဲ့ မျက်ကွယ်သေဒဏ်ချခံထားရတဲ့ ထိုင်းရဲဆရာဝန်ဟောင်းတယောက်ကို ထိုင်းနဲ့ မြန်မာအာဏာပိုင်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ မွန်ပြည်နယ်ထဲမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မြောက်ကိုရီးယားအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးလာပေမဲ့ မြောက်ကိုရီးယားဘက်က နျုးကလီးယား စွမ်းရည် တိုးချဲ့လုပ်ဆောင်မှုတွေ လျော့မသွားခဲ့ပါဘူး။ မြောက်ကိုရီးယား နျူကလီးယားအစီအစဉ်နဲ့ ရန်ဘက်နိုင်ငံတွေအကြောင်း Brian Padden ပေးပို့တဲ့သတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းထောက်ကိုစိုးမိုးထွန်းအသတ်ခံရတာကိုနမူနာယူပြီး သတင်းထောက်တွေအနေနဲ့ အကဲဆတ်တဲ့ သတင်းတွေကို ရယူတဲ့အခါ မိမိတို့ရဲ့ လုံခြုံရေးအတွက် ကြိုတင်လေ့လာ ပြင်ဆင်မှုတွေလုပ်သင့်တယ်လို့ မြန်မာသတင်းသမဂ္ဂအဖွဲ့ က ပြောဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွင်း အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump ဟာ ကျောက်မီးသွေးလုပ်ငန်းတွေကို ပြန် စတင်မယ်လို့ ကတိပေး ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ သဘာဝဓာတ်ငွေ့နဲ့ ပြန်ပြည့်မြဲစွမ်းအင် အသုံးပြုမှုတွေ ပိုများလာနေတာပါ။ Nadeem Yaqub ရဲ့သတင်းဆောင်းပါးကို ရှားဖောင်က တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းထောက်တဦး အသတ်ခံရ တာနဲ့ ပတ်သက်ပြီး သေခြာစုံစမ်းဖော်ထုတ်အရေးယူသင့်ကြောင်း စာနယ်ဇင်း သမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ - CPJ အဖွဲ့ က ပြောဆို
ဖွံ့ဖြိုးဆဲနိုင်ငံတွေက မိန်းကလေးငယ်တွေ ကောင်းမွန် လုံခြုံတဲ့ ကျန်းမာရေးနဲ့ပညာရေးတွေရဖို့ အဟန့်အတားတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားတဲ့အကြောင်း Zlatica Hoke ပေးပို့တဲ့သတင်းကို ရှားဖောင်က တင်ပြထားပါတယ်။
ဆုကတော့ လူအရင်းအမြစ်တိုးတက်ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေကြတဲသူတွေကိုပေါ့နော်၊ အထူးသဖြင့် အခွင့်အရေးနည်းပါးတဲ့ လူ့အသိုင်းအဝိုင်းလူမျိုးစု အခွင့်အရေးတိုးတက်အောင် လုပ်ဆောင်တဲ့ အဖွဲ့၊ လူတွေကိုပေးတဲ့ ဂုဏ်ပြုဆု ဖြစ်ပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဒါဟာ သိပ်ကိုပြင်းထန်တဲ့ စွပ်စွဲချက်ဖြစ်ပါတယ်။ ဒီလိုစွပ်စွဲနိုင်ဖို့အတွက် တရားဥပဒေရှုထောင့်က သုံးသပ်ဖို့ လိုအပ်ပါတယ်။ တရားစီရင်ရေးပိုင်းက ဆုံးဖြတ်ဖို့ လိုပါတယ်။ လက်လွတ်စပယ် လုံးချပြောဆိုလိုက်လို့ ရတဲ့အရာ မဟုတ်ပါဘူး။”
“ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အာမခံချက်ပေးဖို့အတွက် အစိုးရမှာ တာဝန်ရှိပါတယ်။ သူတို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အပါအဝင် သူတို့တွေ အသက်ရှင်နေထိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့တွေ ပါဝင်ပါတယ်။”
Fidel Castro ကွယ်လွန်သွားတဲ့အတွက် ကျူးဘားရဲ့ စီးပွားရေးအနာဂတ်နဲ့ ကမ္ဘာတဝှမ်းနိုင်ငံတွေနဲ့ဆက်ဆံရေးတွေအပေါ် မေးခွန်းထုတ်စရာတွေဖြစ်လာပါတယ်။ ကျူးဘားအစိုးရအနေနဲ့ ဈေးကွက်စီးပွားရေးမှာ ရှေ့တိုးမှုအသစ်တွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ပါ့မလား အများကသိချင်နေကြတာပါ။ Marcus Harton သတင်းကို ရှားဖောင်က ပြောပြပေးပါမယ်။
မျက်မမြင်တွေအတွက် 3D ပန်းချီ
အီရတ်နိုင်ငံ Mosul မြို့သိမ်းတိုက်ပွဲအတွက် အီရတ်တပ်ဖွဲ့တွေ မိုဆူးလ်မြို့ဆီ တိုးပြီး ထိုးစစ်ဆင်နေချိန်မှာပဲ အနောက်ဘက်ခြမ်းမှာလည်း Yazidi လူမျိုးစုဝင် အမျိုးသမီးတွေက IS စစ်သွေးကြွတွေရဲ့ ရန်ကကာကွယ်နိုင်ဖို့ တိုးပြီး လုပ်ဆောင်နေပါတယ်။ Heather Murdock သတင်းပေးပို့ထားတာကို ရှားဖောင်က တင်ပြထားပါတယ်။
"လူမျိုးပေါင်းစုံ မှီတင်းနေထိုင်ပေမဲ့ တစည်းတလုံးတည်း ရပ်တည်တယ်။ ဘယ်လူမျိုး၊ ဘယ်ကိုးကွယ်တဲ့ဘာသာတမျိုးထဲကမှ စိုးမိုးထားတာမဟုတ်ပဲ လူတိုင်းဟာမွေးရာပါ အခွင့်အရေးရှိတယ်ဆိုတာကို လက်ခံထားတာဖြစ်ပါတယ်။"
“ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက်ပိုင်းမှာ ကိုယ်လုပ်မယ်လို့ ပြောဆိုခဲ့တဲ့အရာတွေကို မလုပ်တော့ဘဲ အတိတ်ကိုအတိတ်မှာပဲ ထားလိုက်တာဟာ အမေရိကန် နိုင်ငံရေးလောကရဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။"
"အိန္ဒိယနဲ့ အာရှပစိဖိတ်ဝန်းကျင်းရှိ မဟာမိတ်တွေနဲ့ မိတ်ဆွေနိုင်ငံတွေအပေါ် အမေရိကန်အနေနဲ့ ခိုင်မာတဲ့ သံန်နိဋ်ဋ္ဌာန်ကို ဆက်လက် ထားရှိသွားမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။"
နောက်ထပ်ကြည့်ရှုရန်