ရွေးကောက်ပွဲ ဝင်ကြမယ့် တိုင်းရင်းသားပါတီ တချို့ဟာ အရင် ရည်မှန်းထားတဲ့ ကိုယ်စားလှယ် အရေအတွက်အတိုင်း နာမည်စာရင်း မပေးနိုင်ခဲ့ကြပါဘူး။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရေး ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီက ထပ်မံ ငြင်းဆိုလိုက်ပါတယ်။
ကြက်သွန်နီဈေးတွေ ကျနေလို့ ဈေးနှုန်းထိန်းညှိပေးဖို့ တောင်သူတွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား ပန်ကြားလိုက်ပါတယ်။
ထောင်ဒဏ် ၁၀၆ နှစ် ချခံထားရတဲ့ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို အာဏာပိုင်တွေက ရခိုင်ပြည်နယ် စစ်တွေထောင်ကို ပြောင်းရွှေ့ထားလိုက်ပါပြီ။
ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ နိုင်ငံရေး၊ လူမှုရေး အင်အားစုတွေက ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ကျဆုံးခဲ့ရသူတွေကို အမျှပေးဝေခဲ့ပါတယ်။
ထောင်ဒဏ် ၁၀၆ နှစ် ကျခံထားရတဲ့ ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို အာဏာပိုင်တွေက ခန္တီးထောင်ကနေ မန္တလေးထောင်ကို ပြောင်းလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက မြို့ကြီး တော်တော်များများမှာ ကျင်းပခဲ့ကြပါတယ်။
ပြည်သူ့စစ် ပြောင်းလဲဖွဲ့စည်းဖို့ သဘောတူထားတဲ့ အပစ်ရပ် SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်တချို့ SSA တောင်ပိုင်းတပ်ဖွဲ့ဘက် ပူးပေါင်းလာကြပါတယ်။
နေရာရွှေ့ပြောင်းတဲ့ ကြွက်အုပ်ကြီးတွေကို ပဲခူးဒေသဘက်မှာ တွေ့ကြရပြီး စပါးပျိုးခင်းတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့မှာ မိုးမပြတ် ရွာနေတာကြောင့် ရပ်ကွက် အတော်များများ ရေလွှမ်းမိုးပြီး အနီးအနား ဒေသတွေနဲ့ ဆက်သွယ်ဖို့ အခက်အခဲ ကြုံနေရပါတယ်။
မြန်မာအမျိုးသား အလုပ်သမားများ သမဂ္ဂကို ဖွဲ့စည်းခွင့် မပေးနိုင်ဘူးလို့ ဒီကနေ့ အာဏာပိုင်တွေဘက်က တုံ့ပြန်လိုက်ပါတယ်။
မြဝတီနဲ့ မြန်မာ့အသံက တိုက်ရိုက်ပြသနေတဲ့ ကမ္ဘာ့ဖလားပွဲ ထုတ်လွှင့်တာတွေ မနေ့က ရပ်ဆိုင်းသွားတဲ့အတွက် မကျေမနပ် ညည်းတွားသံတွေ ထွက်ပေါ်နေပါတယ်။
ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကချင်အမျိုးသားတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပါတီ ၃ ခု အခုချိန်ထိ မှတ်ပုံတင်ခွင့် မရသေးပါဘူး။