တရုတ်နိုင်ငံအပေါ်ထားတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒဟာ Doanld Trump အစိုးရလက်ထက်ကနေ Joe Biden အစိုးအထိ တသမတ်တည်း ဖြစ်ပါတယ်။ သမ္မတ နှစ်ဦးလုံးက တရုတ်ကို အမေရိကန် ရဲ့ အကြီးဆုံးပြိုင်ဘက် အဖြစ်မြင်ထားတာပါ။
အမေရိကန် Michigan ပြည်ဖွား Stephen Jomes Hubbard ဟာ တလကို ဒေါ်လာ (၁,၀၀၀) နဲ့ ယူကရိန်းအရှေ့ပိုင်းမှာ နယ်မြေကာကွယ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းမှုနဲ့ ရု ရှားတရားရုံးတခုက အသက် (၇၂) နှစ်အရွယ် အမေရိကန်နိုင်ငံသားတဦးကို ယူကရိန်းမှာ ကြေးစားစစ်မှုထမ်းဆောင်မှုနဲ့ ထောင်ဒဏ် (၆) နှစ်နဲ့ (၁၀) လ ချမှတ်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက နိုင်ငံတကာဟာမတ်စ် ရံပုံငွေကွန်ယက်ကို ပါလက်စတိုင်း စစ်သွေးကြွ တွေအတွက် ပြည်ပရံပုံငွေရှာဖွေရေးမှာ အဓိက အခန်းကဏ္ဍကပါဝင်နေတယ်လို့စွပ်စွဲပြီး တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ ဒါဟာ ဂါဇာစစ်ပွဲနှစ်ပတ်လည်အတွက် လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
အစ္စရေးတောင်ပိုင်းကို ဟာမတ်စ်တို့တိုက်ခိုက်ခဲ့တဲ့နှစ်ပတ်လည်မှာ အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသက ဟာမတ်စ်ပစ်မှတ်တွေနဲ့ လက်ဘနွန်က ဟက်ဇဘိုလာပစ်မှတ်တွေကို လေကြောင်းက တိုက်ခဲ့ပြီး ဟာမတ်စ်ဘက်ကလည်း အစ္စရေးရဲ့ဒုတိယအကြီးဆုံးမြို့ Tel Aviv နဲ့ အစ္စရေး တောင်ပိုင်းနယ်စပ်တလျှောက်ကိုပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ကရာချီမြို့မှာ တနင်္ဂနွေညဘက် အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် တရုတ်ဝန်ထမ်း ၂ ဦး သေဆုံး၊ တဦးဒဏ်ရာရခဲ့ရပြီနောက် နိုင်ငံတွင်း တရုတ်စီမံကိန်းတွေနဲ့ တရုတ်လုပ်သားတွေရဲ့ ဘေးအန္တရာယ်ကင်းဖို့ လုံခြုံရေးဟာကွက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်က အောက်တိုဘာ ၇ ရက်က တောင်းဆိုခဲ့ပါတယ်။
"Non-CDM မို့လို့ ဖမ်းဆီးအရေးယူတာ မဟုတ်ဘူး။ Non-CDM အဖြစ်နဲ့နေတာကို မပြောဘူးပေါ့နော်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်ပတ်သက်လာတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်။ တခြား ဆရာ၊ ဆရာမတွေလည်း အများကြီးရှိသေးတယ်။ အဲတော့ ဒီလုပ်ငန်းစဉ်ထဲမှာမပါဝင်ဖို့ ပြောချင်တယ်ခင်ဗျ။" (လောင်းလုံးပကဖ)
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားမြို့နယ် ဖုံသာချောင်းဒေသက ကျေးရွာ ၁ဝ ကျော်မှာ လက်ရှိအချိန်ထိ နေထိုင်စားသောက်ရေး ကျန်းမာရေးစတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်၊ ဇွန်လက ဒေါ်နယ်ထရမ့်နဲ့ စကားစစ်ထိုးပွဲမှာ သေချာမပြောနိုင်ခဲ့ရာကနေ၊ သမ္မတရွေးကောက်ပွဲကနေ နှုတ်ထွက်သွားခဲ့ပြီး ဒုသမ္မတ ကာမာလာဟဲရစ်က ဒီမိုကရက်တစ်သမ္မတလောင်း ဖြစ်လာတာပါ။ ဒီမှာ သမိုင်းတလျှောက် သမ္မတလောင်းစကားစစ်ထိုးပွဲတွေက မဲဆွယ်မှုလားရာကို ဘယ်လို ပြောင်းစေခဲ့လဲ ကြည့်ရအောင်ပါ။
တနင်္ဂနွေညပိုင်းက ပါကစ္စတန်တောင်ပိုင်း Karachi မြို့ လေဆိပ်အပြင်ဘက်မှာ Port Qasim လျှပ်စစ်ဓါတ်အားပေး ကုမ္ပဏီက တရုတ်ဝန်ထမ်းတွေလိုက်ပါလာတဲ့ ယာဉ်တန်းဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် အနည်းဆုံး တရုတ် နိုင်ငံသား ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရတယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေကပြောပါတယ်။
အစ္စရေးနယ်ထဲ ဟာမတ်စ်အဖွဲ့ ဝင်တိုက်ခဲ့တဲ့ တနှစ်ပြည့်နေ့မှာပဲ အစ္စရေး စစ်တပ်က ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟာမတ်စ်တွေရှိမယ့် နေရာတွေကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေပါတယ်။
ဟာရီကိန်း Milton ဟာ ဒီနေ့တနင်္လာနေ့ အစောပိုင်းမှာ မက္ကဆီကိုပင်လယ်ကွေ့တောင်ပိုင်းကိုဖြတ်ပြီး၊ အရှေ့ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှာ အင်အားပိုကောင်းလာနိုင်တယ်လို့ အမေရိကန် အမျိုးသားဟာရီကိန်းစင်တာက သတင်းထုတ်ပြန်ထားပါတယ်။
ပဋိပက္ခတွေကို ဖြေရှင်းရာမှာလည်း လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားနိုင်ငံနဲ့ လက်တွဲပြီး သံတမန်နည်းလမ်းတွေနဲ့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ကပြောပါတယ်။
NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂ )နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ကနေ ၂၀၂၁ ထိ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အသက် ၇၃ နှစ်အရွယ်မှာ ဒီနေ့ မနက် ၃နာရီလောက်တုန်းက မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာရာက ဒီကနေ့အစောပိုင်း လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ တဦးလည်းဖြစ် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားတဲ့အတွက် မိသားစု မိတ်ဆွေတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မျိုးဗီဇတွေ အလုပ်လုပ်တဲ့စနစ်ရဲ့ အခြေခံဖြစ်တဲ့ microRNA ကို ရှာဖွေ ဖော်ထုတ်ခဲ့ကြတဲ့ Victor Ambros နဲ့ Gary Ruvkun တို့ကို နိုဘယ်ဆေးပညာဆု ချီးမြှင့်ကြောင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က ဒီကနေ့ အခမ်းအနားမှာ နိုဘယ်ကော်မတီ အတွင်းရေးမှူး Thomas Perlmann က ကြေညာလိုက်တာပါ။
လွန်ခဲ့တဲ့နှစ်က ဟာမတ်စ်တွေ အစ္စရေးကို ဝင်ရောက်စီးနင်းပြီး အစ္စရေး ထောင်ကျော် သတ်ဖြတ်ခဲ့ပြီးနောက် ခုအခါ အရှေ့အလယ်ပိုင်းဒေသအတွင်း နောက်ဆက်တွဲ စစ်ပွဲတွေကြား လူပေါင်း ၄၀၀၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။
အစ္စရေးကို ဟာမတ်စ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နှစ်ပတ်လည်နေ့မတိုင်ခင် ပါလက်စတိုင်းလိုလားသူတွေနဲ့ အစ္စရေးလိုလားသူအုပ်စုတွေဟာ ကမ္ဘာအနှံ့ ကန့်ကွက်ပွဲတွေနဲ့ အထိမ်းအမှတ်အခမ်းအနားတွေကျင်းပခဲ့ကြပါတယ်။
နယ်သာလန်နိုင်ငံကာကွယ်ရေးဝန်ကြီး Ruben Brekelmans ဟာ တနင်္ဂနွေနေ့က Kyiv မြို့တော်ကို ရုတ်တရက်သွားရောက်ခဲ့ပြီး ယူကရိန်းနဲ့ပူးတွဲလုပ်ဆောင်မယ့် အဆင့်မြင့်ဒရုန်းယာဥ်ထုတ်လုပ်ဖို့ ဒေါ်လာသန်း ၄၄၀ မြှုပ်နှံမယ်လို့ ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးအခြေအနေဆိုးဝါးလာတာကြောင့် လွတ်ငြိမ်းသက်သာခွင့်နဲ့ပြန်လွှတ်ပေးလိုက်ပြီးနောက် NLD အစိုးရလက်ထက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ မြန်မာစံတော်ချိန်နံနက် ၃ နာရီမှာ ကွယ်လွန်သွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်