ဒီအပတ် ဂျာမနီကနေ စပိန်ကို အလည်ရောက်နေတဲ့ နော်သဇင်က စပိန်နိုင်ငံ မာဘဲယာ မြို့လေးမှာ ကမ်းခြေကို အလည်သွားခဲ့သလို စပိန်ရိုးရာအစားအစာကို အဲဒီက ညီမလေးတယောက်နဲ့ အတူစားရင်း မာဘဲယာမြို့ကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီကနေ စပိန်ကို အလည်ရောက်နေပြန်ပါတယ်။ သူက စပိန်နိုင်ငံ မာဘဲယာ မြို့ဟောင်းကို သွားလည်ခဲ့ပါတယ်။ နှစ် ၃၀၀ ကျော် တည်ရှိနှင့်နေပြီးသားဖြစ်တဲ့ ဥရောပရဲ့ ဆောင်းခိုမြို့ကလေး မာဘဲယာမြို့ကို နော်သဇင်နဲ့ တူတူ သွားကြည့်ကြရအောင်ပါ။
ဒီအပတ်တော့ နော်သဇင်က တက္ကသိုလ်ကျောင်းသားတွေချည်း အယောက် ၂၈,၀၀၀ ရှိတဲ့ တူဘင်ဂန်မြို့လေးကို ရောက်နေတာ ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်နဲ့ ဓမ္မကျမ်းစာ တက္ကသိုလ်တွေရှိတဲ့ မြို့လေးမှာ သဇင်နဲ့တူတူ လှေထိုးစီး သွားကြရအောင်။
ဒီအပတ်တော့ နော်သဇင်က နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက တည်ဆောက်ထားတဲ့ လုဒ်ဗစ်ဘာ့ဂ်မြို့အကြောင်း တင်ဆက်ထားတဲ့ပြတိုက်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဂျာမနီနိုင်ငံရဲ့ သမိုင်းဝင် နန်းတော် ၃ ခုနဲ့ ရေကန်ကြီးနဲ့ ဘုရားကျောင်းတွေရှိတဲ့ မြို့သမိုင်းကို နော်သဇင်နဲ့တူတူ လိုက်ကြည့်ရအောင်ပါ။
ဒီအပတ် နော်သဇင်က စာနဲ့အလုပ် သပ်သပ်စီမဟုတ်ပဲ ဂျာမနီက နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ ကျောင်းသူ၊ကျောင်းသားတစ်ယောက် အနေနဲ့ ရနိုင်တဲ့အလုပ်တွေအကြောင်း ပြောပြထားပါတယ်။ ဂျာမနီမှာ တရားဝင် ကျောင်းသားအလုပ်တွေကို နော်သဇင့် Vlog မှာ ကြည့်နိုင်ပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီမှာ သူ အကြိုက်ဆုံးဒေသဖြစ်တဲ့ ပြည်နယ်ဖြစ်တဲ့ ဘာယန်းပြည်နယ်ကို ခေါ်သွားပါတယ်။ ဘာယန်းပြည်နယ် မြောက်ပိုင်း မြူဆန်းမြို့မှာ ၄နှစ်တစ်ခါပဲညကျင်းပတဲ့ ဂျာမန်ရိုးရာ နွားရိုင်းစီးချန်ပီယံပြိုင်ပွဲကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
ဂျာမနီနိုင်ငံမှာ နေတော့မယ်ဆိုရင် နေရာထိုင်ခင်းအတွက် သေချာစဉ်းစားရပါပြီနော်။ တည်နေရာ ပတ်ဝန်းကျင်၊ ဈေးနှုန်း၊ သွားရေးလာရေး အကုန်ထည့်စဉ်းစားရတာပါ။ ဒီတော့ ဂျာမနီမှာ နော်သဇင်နဲ့ အတူ အိမ်ခန်းရှာရင်၊ အိမ်အသစ်ကို လိုက်ကူ ပြောင်းပေးကြရအောင်ပါ။
ဂျာမနီနိုင်ငံမှာ နွေရာသီအချိန်ရောက်ရင် ည ၉နာရီ နောက်ပိုင်းမှ နေဝင်တာမို့လို့ ရုံးဆင်းချိန် အချိန်ပိုအလုပ်တွေပြီးသွားခဲ့ရင်တောင် နေဝင်ချိန် သွားကြည့်လို့ရပါတယ်။ နော်သဇင်နဲ့အတူ သူနေတဲ့ မြို့စွန်က စပျစ်ခင်း၊ ပြောင်းခင်းနားမှာ နေဝင်ချိန်အလှကို သွားကြည့်ကြရအောင်ပါ။
ဂျာမနီနိုင်ငံကိုရောက်နေတဲ့ နော်သဇင်က ဒီတပတ်တော့ စတူးဂတ်မြို့က TV tower တီဗွီမျှော်စင်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ မီတာ ၁၅၀ အမြင့်ရှိတဲ့ တီဗွီမျှော်စင် နဲ့ စတူးဂတ်မြို့က အမြင့်ဆုံးဘားကို နော်သဇင်နဲ့အတူ သွားကြည့်ကြရအောင်ပါ။
ဂျာမနီနိုင်ငံကိုရောက်နေတဲ့ နော်သဇင်က ဒီတပတ်တော့ နွေရာသီကျောင်းပိတ်ရက်ရထားတာမို့ ဂျာမနီနိုင်ငံအတွက် ဂုဏ်ယူစရာ ထုတ်ကုန် မာစီဒီးကားတွေပြထားတဲ့ မာစီဒီးပြတိုက်ကို သွားပြီးလေ့လာခဲ့ပါတယ်။ နော်သဇင်နဲ့အတူ မာစီဒီကားပြတိုက်ကို လေ့လာနိုင်ပါတယ်။
ဒီအပတ် နော်သဇင်က လုဗစ်ဘော့ဂ် မှာရှိတဲ့ အမဲလိုက်နန်းတော် Favorite Schloss ကို သွားလည်ခဲ့ပါတယ်။ တစ်ချိန်က အမဲလိုက်ခံရတဲ့ သားကောင်တွေဟာ အခုတော့ ဘေးမဲ့တိရစ္ဆာန်လေးတွေအနေနဲ့ နန်းတော်ပရဝဏ်ထဲမှာ လွတ်လွတ်လပ်လပ် နေနေရပြီး လူလည်းယဉ်ပါတယ်။ နော်သဇင်နဲ့ အတူ သွားရောက်ကြည့်ရှုကြရအောင်ပါ။
ဒီအပတ် နော်သဇင်က စတူးဂတ်မြို့ Wilhelma တိရစ္ဆာန်ရုံက ငါးပြတိုက်ကိုသွားလည်ခဲ့ပါတယ်။ နော်သဇင်နဲ့အတူ ငါးပြတိုက်မှာ ဘယ်လိုငါးအမျိုးအစားတွေပြသထားသလဲဆိုတာ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က Euro ၂၀၂၄ ဘောလုံးပွဲတွေကျင်းပနေတဲ့ ဂျာမနီနိုင်ငံမှာ ဂျာမနီနဲ့ ဟန်ဂေရီပွဲကို သွားကြည့်ခဲ့တာပါ။ သူက ဘောလုံးပွဲကျင်းပတဲ့ Stuttgart Arena စတုဂတ်ဘောလုံးကွင်းထဲမှာ မဟုတ်ပေမဲ့ အပြင်ဘက် လူပရိတ်သတ် ၃ သောင်းကျော် စုဝေးအားပေးတဲ့နေရာမှာ သွားကြည့်တာ ဖြစ်ပါတယ်။ သဇင်နဲ့ အတူတူ လိုက်ကြည့်ရအောင်ပါ။
ဒီအပတ် နော်သဇင်က ဥရောပဖလားဘောလုံးပွဲ ကျင်းပတဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့က ဘိုင်ယန်မြူးနစ် ဘောလုံးအသင်းအိမ်ကွင်း အလိုင်းရန့်စ်ကွင်းကို သွားလည်ခဲ့တာပါ။ ဥရောပချံပီဘောလုံးပွဲ ကျင်းပချိန်မှာ “မြူးနစ်ဘောလုံးကွင်း”လို့ ခေါ်တဲ့ ဘောလုံးကွင်းနဲ့ ပြတိုက်ကို နော်သဇင်နဲ့တူတူ လိုက်ကြည့်နိုင်ပါတယ်။
ဒီအပတ် နော်သဇင်က ဂျာမနီနဲ့ ဩစတီးယား နယ်စပ် ၂ နိုင်ငံ ခွပြီး တည်ရှိနေတဲ့ တောထဲကို ရောက်နေတာဖြစ်ပါတယ်။ သစ်တောအပေါ်မှာ ၂ နိုင်ငံ ဖြတ် ဆောက်လုပ်ထားတဲ့ တံတားလေးရှိပါတယ်။ အနီးမှာ ရေစီးသန်တဲ့ မြစ်လေးလည်းရှိပါတယ်။ နော်သဇင်နဲ့အတူ ဂျာမနီ၊ ဩစတီးယား တောအုပ်လေးထဲ လျှောက်ကြည့်ကြရအောင်ပါရှင်။
ဒီတပတ် နော်သဇင်က ဂျာမနီနိုင်ငံ၊ အလှဆုံးနေရာ ၁၀၀ ထဲမှာပါတဲ့ Lechfall လက်ချ်ဖားရေတံခွန်နဲ့ Forggensee ဖော်ဂန်စီးရေကန်ကို သွားခဲ့တာပါ။ ဩစတီးလျားက စီးလာတဲ့ လက်ချ်မြစ်ဟာ ဂျာမနီကိုရောက်တော့ အဲ့လ်ပ်စ်တောင်တန်းတွေ ဝန်းရံထားတဲ့ ဖူဆန်မြို့ထဲဝင်သွားပြီး ရေကန်ဖြစ်သွားပါတယ်။ နော်သဇင်ရဲ့ Vlog မှာ ကြည့်ရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာရှိတဲ့ မန်ရှင်ရောက်ဟောက်စ်၊ မြူးနစ်မြို့တော်ခန်းမနဲ့ ဒုတိယကမ္ဘာစစ်အပြီး ကျန်ရှိနေခဲ့တဲ့ ၁၂ရာစု အဆောက်အဦး စိန့်ပီတာဘုရားကျောင်းကို သွားရောက်လေ့လာခဲ့ပါတယ်။ နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ လူးဗစ်ဘော့ဂ် နန်းတော်မှာ နွေဦးရောက်တိုင်း နှစ်စဉ်ကျင်းပတဲ့ ပန်းပွဲတော်ကို သွားခဲ့ပါတယ်။ ပန်းမျိုးအစုံအလင်ပွင့်ဖူးကျတဲ့ နန်းတော်နဲ့ ရဲတိုက်ကြီးတွေက ဘယ်လိုတွေများ နတ်သမီးပုံပြင်ဆန်သလဲဆိုတာကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်စာ ရှိထားတဲ့ အနောက်တိုင်းဆေးသိပ္ပံပညာရပ် ပြတိုက်ကို သွား လေ့လာခဲ့တာပါ။ ဆေးပညာတိုးတက်လာမှုရဲ့သက်သေ ဂျာမန်ဆေးဝါးပြတိုက်ကြီးကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
ဒီအပတ် နော်သဇင်က ဂျာမနီနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဟိုင်းဒေးဘတ် တက္ကသိုလ်နဲ့ ကျောင်းအကျဉ်းထောင်ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ နိုဘယ်ဆုရှင် ၅၆ ယောက် မွေးထုတ်ပေးထားပြီး ဥရောပတိုက် သိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေရဲ့ အချက်အချာ ကျောင်းတော်ကြီးကို နော်သဇင်နဲ့အတူ လိုက်ကြည့်ကြရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်