NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းခံရတဲ့အပေါ် နိုင်ငံတကာက သတိပေး၊ အိန္ဒိယနိုင်ငံသား ၃ ဦး သေဆုံးမှုကြောင့် မြန်မာနဲ့နယ်စပ်ဂိတ်တွေ မီဇိုရမ်အာဏာပိုင်တွေ ပိတ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ် စုစည်း တင်ပြထားပါတယ်။
ကမ္ဘာ့မျက်နှာပြင်၇၅ ရာခိုင်နှုန်းလောက် ရေထုကလွှမ်းမိုးထားပေမယ့် ရေချိုကတော့ ၁ ရာခိုင်နှုန်းတောင်မရှိပါဘူး။ကမ္ဘာ့လူဦးရေတိုးလာပြီးစီးပါွးရေးကဏ္ဍပေါင်းစုံမှာ ရေလိုအပ်ချက်မြင့်တက်လာချိန် ဥတုရာသီဖောက်ပြန်မှုကြောင့် ရေအရင်းအမြစ်တွေထိခိုက်လာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ရောက်လာပြီးတဲ့နောက် အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီပေါင်း ၄၀ ကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။
မြန်မာစစ်တပ်လုပ်ရပ်တွေ ပံ့ပိုးနေသူတွေကို အမေရိကန်က အရေးယူပိတ်ဆို့မှု အသစ်တွေထပ်ချမှတ်၊ စစ်ရေးပဋိပက္ခတွေ ပိုဆိုးရွားလာလို့ ဒေသခံတွေ ပိုမိုထိခိုက်သေကြေ၊ ဒေသတွင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရေး ခက်ခဲ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
New South Wales ပြည်နယ်မြစ်တခုမှာသန်းချီတဲ့ ငါးတွေသေဆုံးရတာဟာသဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်ဖြစ်မယ်လို့တာဝန်ှရိသူတွေ ခန့်မှန်းပါတယ်။ နိုင်ငံရဲ့ဒုတိယအရှည်ဆုံး Darling River မြစ်ထဲမှာပြီးခဲ့တဲ့နှစ်ပိုင်းကလည်း ငါးကောင်ရေတသန်းလောက်သေဆုံးခဲ့ရတာပါ။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မဲခေါင်မြစ်ထဲကဧရာဝတီလင်းပိုင်တွေဟာရေလှောင်တမံတွေ၊တရားမဝင်ငါးဖမ်းလုပ်ငန်းတွေ၊ ပလတ်စတစ်အမှိုက်တွေကြောင့်မျိုးတုန်းပျောက်ကွယ်နေပါပြီ။ကျန်လင်းပိုင် ၇၀%ကလည်းမျိုးမပွါးနိုင်ကြတော့တဲ့အတွက်ကမ္ဘောဒီးယားအစိုးရက ဥပဒေသစ်နဲ့ ထိန်းသိမ်းဖို့ကြိုးပမ်းနေပါတယ်။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဉ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး၊ မြန်မာ့အကျပ်အတည်းကို အာဆီယံနဲ့ တကွ နိုင်ငံတကာနဲ့ပါ ပူးပေါင်းဖြေရှင်းဖို့ စင်္ကာပူဝန်ကြီးချုပ် ကတိပြု၊ ပင်လောင်း လူသတ်မှုကိစ္စ တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ် တင်ပြထားပါတယ်။
သမုဒ္ဒရာထဲကဇီဝမျိုးကွဲတွေကိုကာကွယ်ရေး မဖြစ်မနေလိုက်နာရမယ့် နိုင်ငံတကာသဘောတူညီချက်ကိုကုလအဖွဲ့ဝင် နိုင်ငံပေါင်း ၁ ရာကျော်က တညီတညွှတ်ထဲ သဘောတူညီလိုက်ပါပြီ။ကုလသမဂ္ဂရဲ့ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေလည်း ပြည့်မှီနိုင်ပါတော့မယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကိုင်းတိုင်းအတွင်းသတ်ဖြတ်မှုတွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရှုတ်ချ၊ တရုတ်ကြေးနီစီမံကိန်းတွေ ပြန်စတင်ရေး စစ်ကောင်စီ တပ်အင်အားတိုးချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီ ထိုးစစ်တွေ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေ မီးရှို့လို့ ဒေသခံတွေ ထွက်ပြေးနေရ၊ အိန္ဒိယလက်နက်စက်ရုံက မြန်မာစစ်တပ်အတွက် အမြောက်ပြောင်းတွေ တင်ပို့၊ မြန်မာကို အာဆီယံကနေ ခဏဖယ်ထားဖို့မလေးရှား တိုက်တွန်း ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အမြဲစိမ်းတောတွေထက်ကာဗွန်ဓာတ်ငွေ့ ၂ ဆစုပ်ယူသိုလှောင်ပေးတဲ့စိမ့်မြေတောတွေ ကမ္ဘာတဝှမ်းတဖြည်းဖြည်းပျောက်ကွယ်နေပြီး ဗြိတိန်က Wicken Fen စိမ့်မြေကတော့တိုးချဲ့နေပါတယ်။ ဇီဝမျိုးစုံ၊မျိုးကွဲတွေနဲ့သဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးလှတဲ့စိမ့်မြေတောတွေအကြောင်းဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
စစ်တပ်ကတပ်စွဲထားတဲ့ မန္တလေးတိုင်း မြင်းခြံမြို့ လေးရွာစုံ ကျေးရွာက ဒေသခံ ၄ ဦးကို လက်နက်ကိုင်လူတစုက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သတ်ဖြတ်ခံရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အာရှတိုက်ရဲ့ဆန်အိုးကြီးလို့တင်စားကြတဲ့ မဲခေါင်မြစ်ဝှမ်းကြီးရဲ့ မြစ်အထက်ပိုင်းမှာ ရေလှောင်တမံတွေတိုးချဲ့ဆောက်လုပ်နေတာကြောင့် မြစ်ဝှမ်းတလေ ျှာက်ဇီဝဂေဟစနစ်တွေကိုရော ပြည်သူတွေရဲ့စားဝတ်နေရေးကိုပါ ထိခိုက်နေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်တင်ပြထားပါတယ်။
မြန်မာစစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်ပြီးပိတ်ဆို့ဒဏ်ခတ်၊ မြန်မာမှာ ထမင်းနပ်မမှန်သူများပြား၊ လူ ၁၈ သန်းလောက် အကူညီ လိုအပ်လို့ ကုလခန့်မှန်း၊ နိုင်ငံကူးလက်မှတ် အွန်လိုင်းစနစ်သစ်နဲ့ ထုတ်ပေးမယ်လို့ စစ်ကောင်စီ ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
တရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ကုန်သွယ်ရေးတည်ဆောက်နေကြတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်ပြင်အတော်များများကို သူပိုင်အဖြစ်ပြောဆိုနေတဲ့ကိစ္စမှာတော့ တရုတ်နိုင်ငံကိုသတိနဲ့ ရေရှည်ဆက်ဆံနေကြပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ ဇီဝဂေဟစနစ်တွေ အဆိုးဆုံးပျက်စီးယိုယွင်းလာနေတဲ့နိုင်ငံတခုအဖြစ် သတ်မှတ်ခံထားရပြီး ပြင်းထန်တဲ့သဘာဝဘေးတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ အသင်းအဖွဲ့ဥပဒေသစ်ကြောင့် သဘာဝပတ်ဝန်းကျင်ရေးလှုပ်ရှားမှုတွေပျောက်ကွယ်ကုန်ပါပြီ။ ဥတုရာသီနဲ့အနာဂတ်အစီအစဉ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံ၊ အမေရိကန်က မြန်မာအတွက် ဒေါ်လာ သန်း ၅၀ ထပ်ပြီး အကူအညီထပ်ပေးမှာ ဖြစ်ကြောင်း ကြေညာ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာ မြေအောက်ထဲ ကျွံဆင်းလာနေတာကြောင့် တည်ငြိမ်တဲ့ မြေပြင်ရှိရာ နိုင်ငံအရှေ့ပိုင်းက ဘော်နီယိုကျွန်းဆီပြောင်းရွှေ့ဖို့ဆောင်ရွက်နေပါပြီ။ဒါဟာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးအမြဲစိမ်းသစ်တောထဲက ဇီဝဂေဟစနစ်ကောင်းတွေထိခိုက်ပျက်စီးမယ့်လက္ခဏာဖြစ်တယ်လို့ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတွေကို တိုးပြီး ထောက်ပံ့ပေးတာအပါအဝင် ဒီမိုကရေစီစနစ် ထွန်းကားတဲ့နိုင်ငံဖြစ်လာဖို့ နည်းလမ်း ၃ သွယ်နဲ့ ဆောင်ရွက်ကြောင်းပြော၊ Chevron စွမ်းအင်ကုမ္ပဏီ ရတနာဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံမှု ရောင်းချ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အီဂျစ်နိုင်ငံသားတွေ ကိုယ့်မြေမှာ သမိုင်းကြောင်းတွေကို လေ့လာရင်း စိတ်ကျန်းမာရေးအတွက် လာရောက်နိုင်မယ့် တရားစခန်းတခုကို သမိုင်းဝင် ဂီဇာ ပိရမစ်ကြီးနားမှာ ဖွင့်ထားပါတယ်။ ရိုက်တာ သတင်းဆောင်းပါးတပုဒ်ကို နန်းလော်ဝ်က တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်