“ရှားတော၊ ဒီဘက်နဲ့ ရေရှင်ဘက်တွေကျတော့ တောင်ပေါ်တွေမှာ နေရတာဖြစ်တဲ့အတွက် ရေရှားတယ်။ ရေတခေါက်ရဖို့အရေးကို အဝေးကြီးပေါ့။ တောင်ပေါ်တွေ၊ တောင်ဆင်းတောင်တက်နဲ့ ထမ်းသယ်ရတာပေါ့။ အခု လူအို သူအိုတွေကလည်း နေပူချိန်တွေမခံနိုင်လို့ ကျန်းမာရေးတွေဖောက် သေတဲ့သူက သေ၊ အဲ့လိုမျိုးတွေ ဖြစ်တာပေါ့လေ။" (ဒေသခံ)
ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုမှာပါဝင်တယ်ဆိုတဲ့ အကျဉ်းသား ၁၉ ဦးကို ထောင်တွင်းအပြစ်ပေးအရေးယူထားသလို နောက်ထပ် ပြစ်ဒဏ်ချမှတ်ဖွယ်ရှိနေပါတယ်။ လူသေဆုံးတဲ့အထိပစ်ခတ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ အကျဉ်းဦးစီးအရာရှိတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။
"ခုချိန်ထိတော့ဘာမှ ထူးခြားမှုမရှိသေးဘူး။ ပုံမှန်ပဲပေါ့။ ရိပ်သာမှာခေါ်ထားတယ်။ ကျနော်တို့မိသားစုတွေ တွေ့လို့ရတယ်။ အဲလောက်ပါပဲ။ လောလောဆယ်ကျနော်တို့ပြောနိုင်တာ ဘာမှမရှိသေးဘူး။ သူတို့ပြောသလိုပဲပေါ့။ ငြိမ်းချမ်းရေးအတွက် သူတို့ခေါ်ထားတယ်ပေါ့။ ကျနော်တို့ အဲလိုပဲ နားလည်ထားတယ်။" (မိသားစုနဲ့နီးစပ်သူ)
ကမ္ဘာမှာစံချိန်တင်အပူချိန်မြင့်တက်ပြီး သဘာဝဘေးဒဏ်တွေပိုမိုပြင်းထန်လာချိန်မှာပဲ မြေကမ္ဘာနေ့ကျရောက်လာပါတယ်။
"ကြားထဲမှာ တိုက်ပွဲတော့ မရှိဘူး။ သင်္ကြန်အကြိုနေ့ကတည်းက လက်နက်ကြီးနဲ့ ပစ်နေတာ။ သူတို့က အနောက်ဘက်ကမ်းကို လုံခြုံရေးယူတဲ့အနေနဲ့ ခြောက်လှန့်တဲ့သဘော ပစ်လိုက်တာ။ အဲဒီအချိန်မှာ ထိမှန်သွားတာ။" (ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ် စစ်ကြောင်း တာဝန်ရှိသူ)
ဥရောပလူ့အခွင့်အရေးဆိုင်ရာအမြင့်ဆုံးတရားရုံး(ECHR)မှာ ဥတုရာသီအရေးသမိုင်းဝင်ဆုံးဖြတ်ချက်တရပ်ချမှတ်လိုက်ပါတယ်။ ဥတုရာသီပြောင်းလဲမှုတားဆီးရေးအစိုးရကအပြည့်အဝဆောင်ရွက်မှုမရှိတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာဖြစ်တယ်ဆိုပြီး တရားရုံးကဆုံးဖြတ်လိုက်တာပါ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်ကတင်ပြထားပါတယ်။
မွန်လွှတ်တော် ဒုဥက္ကဌ လုပ်ခဲ့သူ မွန်နိုင်ငံရေးသမား ဒေါက်တာအောင်နိုင်ဦးနဲ့ သတင်းသမားဟောင်းကိုမျိုးအောင်တို့ နှစ်ဦးဟာ စစ်ဘေးရှောင်တွေကို ကူညီဖို့ သွားစဉ် လမ်းမှာပဲ စစ်ကောင်စီဖမ်းဆီးတာ ခံကြရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ဟာ ကမ္ဘာ့မိုးလေဝသအဖွဲ့ WMO နဲ့ပူးပေါင်းပြီး Global Weather Kids Campaign လှုပ်ရှားမှုစတင်လိုက်ပါတယ်။ နိုင်ငံပေါင်း ၈၀ ကျော်မှာ မိုးလေဝသခန့်မှန်းချက်တွေကို ကလေးတွေတိုက်ရိုက်ထုတ်လွှင့်တင်ပြတဲ့ အစီအစဥ်ပါ။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
ဆွီဒင်နိုင်ငံက Site Zero လုပ်ငန်းမှာ အနီအောက်ရောင်ခြည်၊ လေဆာရောင်ခြည်၊ကင်မရာတွေနဲ့ ဥာဏ်ရည်တုနည်းပညာတွေကိုပါသုံးပြီး ပလတ်စတစ်အမှိုက်တွေကို အမျိုးအစားခွဲနေပါတယ်။ ခေတ်မှီနည်းနဲ့ စွန့်ပစ်ပလတ်စတစ်တွေကိုပြန်သုံးပစ္စည်းထုတ်နိုင်အောင် ခွဲထုတ်နေတာပါ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ် တင်ပြထားပါတယ်။
"သူတို့တောက်လျှောက်ပစ်ခတ်နေတော့ ဘယ်သူမှ မီးဝင်မငြှိမ်းရဲဘူးလေ။ ....မီးလည်းငြှိမ်းသတ်လို့မရဘူးဆိုတော့ တရွာလုံး ပြာကျသွားနိုင်တယ်။ ရွာခံတွေကတော့ ရှောင်တဲ့လူက ရှောင်တယ်၊ တချို့က ရွာမှာကျန်ရှိနေသေးတယ်။ ဒါပေမယ့် မီငြှိမ်းသတ်ဖို့က ငြှိမ်းသတ်လို့မရဘူးလေ။ အနီးအနားရွာမှာလည်း လက်နက်ကြီးကျတာ ရှိတယ်။”(ရွာခံ)
အဏုမြူဗုံးတီထွင်ခဲ့သူ Robert Oppenheimer အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ဒါရိုက်တာ Christopher Nolan ရဲ့ ရုပ်ရှင်အောင်မြင်ခဲ့ပြီးတဲ့နောက် Oppenheimer ကြီးပြင်းခဲ့တဲ့ ငယ်ဘဝကအိမ်ကို နယူးယောက်မြို့၊ မန်ဟက်တန်အရပ်မှာ တွေ့နိုင်ပြီး အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့ရုပ်တုတခုကိုလည်း မက်ဟက်တန်အရပ်မှာ တွေ့နိုင်ပါတယ်။
"ဒီရုပ်တုက ပေါက်ကွဲမှုဖြစ်တဲ့ဘက်ကို မျက်နှာမူနေခဲ့တာပါ။ ဟောဒီအောက်ဘက်ပိုင်းနားမှာ အရောင်တွေပြောင်းနေတာကို တွေ့မြင်နိုင်ပါတယ်၊ အဲဒါကလည်း ပေါက်ကွဲမှုကြောင့်ဖြစ်ခဲ့ရတာပါ။” (Kurt Rye-သိက္ခာတော်ရဆရာတော် Buddhist Church)
"မဲမပေါက်တဲ့ပြည်သူတွေကျတော့ တအိမ်ထောင်ကို ၅,၀၀၀၊ ၁၀,၀၀၀ ကောက်ခံကြတယ်။ ... ဘာ လုပ်ဖို့လဲမေးတော့ သူတို့မဲဖောက်လိုက်တဲ့သူတွေ သင်တန်းတက်တဲ့အခါမှာ လစာပေးဖို့ သုံးဖို့အတွက် ကောက်ခံတာပေါ့။ ပြောရရင်ငါးကြင်းဆီနဲ့ငါးကြင်းကြော်တာပေါ့။ ခုကောက်ခံနေပြီ။ မဲပေါက်တဲ့သူက အပြင်ထွက်ခွင့်မရှိဘူး။" (မင်းဘူးမြို့ဒေသခံ)
"ပြေးနေရတာက မင်းကုန်း၊ တဇယ်ချောင်၊ ညောင်ပင်ဝန်း၊ ပန်းဆိုင်း၊ ငါးဖျက်၊ မုဌော၊ လေယာဉ်က ပတ်ပစ်တယ်။ မင်းကုန်း တဇယ်ချောင်လည်း ပတ်ပစ်တယ်။ တနေ့က မုဌောကိုလည်း ပစ်တယ်လေ။ စစ်ဘေးရှောင်တွေက ဘေးကင်းမယ်ထင်တဲ့နေရာတွေကို ပို့ပေးထားတာ။” (ကနီ ဒေသခံ)
“ဖားဆောင်းမြို့ထဲမှာတော့ ထိတွေ့တိုက်ပွဲတွေက ရှိနေတုန်းပဲပေါ့နော်။ လောလောဆယ်မှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားတပ်တွေ သူတို့ရဲ့ ဒီမြို့ရဲ့ စေတီကုန်းကကုန်းစခန်းကနေ ပြန်ဆုတ်ပြီးတော့ သူတို့ အခြေစိုက်တပ်ရင်းတွေဘက်ကို ပြန်ပြီးတော့ ဆုတ်ခွာသွားတဲ့အခြေအနေမျိုးဖြစ်သွားပါပြီ။" (တာအယ်စိုး-KNDF) ရဲ့ ဗဟိုပြန်ကြားရေး)
ရှမ်းပြည်နယ်မြောက်ပိုင်းက မန်တုံ၊ နမ္မတူ၊ နမ့်ဆန်-သုံးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ကြောင်း စစ်ကောင်စီက မတ်လ ၄ ရက်နေ့မှာ ကြေညာလိုက်တာကြောင့် စစ်အာဏာသိမ်းပြီး သုံးနှစ်ကျော်လာတဲ့ အခုကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ပေါင်း ၆၀ ကျော်လာပါပြီ။
ကမ္ဘာကြီးကိုပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထွက်စေပဲ ကမ္ဘာပတ်နေတဲ့ Energy Observer စက်လှေဟာ နောက်ဆုံးပန်းတိုင်ကို ရောက်လုနီးနေပါပြီ။ ပြန်ပြည့်မြဲစွမ်းအင်နဲ့သာ မောင်းနှင်နေတဲ့ Energy Observer စက်လှေဟာ ခရီးစဥ် နောက်ဆုံးမှတ်တိုင်အဖြစ် ဖလော်ရီဒါပြည်နယ်ကို ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ဆိုက်ကပ်လာပါတယ်။
"အိမ်ကိုက မသွားတာကြာပြီ။ ကြောက်လို့။ သမီးမိန်းကလေးရှိတော့ ပိုဆိုးတယ်။ တော်လှန်ရေးအဖွဲ့ကိုမကြောက်ဘူး။ စစ်ကောင်စီပဲ။ သူများသားပျိုသမီးပျိုတွေကို မုဒိန်းကျင့်တာရှင့်။ အဲဒါကြောက်လို့၊ သမီးမိန်းကလေးရှိလို့ ကြောက်လို့ ရှောင်လာတာပါ။" (မိုးမိတ်မြို့ စစ်ရှောင်တဦး)
"ကောလင်းမြို့နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွေဟာ ခံစစ်ပြင်နေတယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်၊ မြို့ထဲမှာရှိတဲ့အခိုင်အမာရှိတဲ့ အထပ်မြင့်အဆောက်အဦတွေ သူတို့ယူတယ်။ မြင်ကွင်းမရှင်းတဲ့ ပတ်ချာလည်ကရပ်ကွက်တွေ၊ သူတို့ခံစစ်ယူထားတဲ့နေရာတွေကို မီးရှို့ဖျက်စီးနေတယ်လို့ မြင်တယ်။" (ဒေသခံ)
ကရေဘီယံပင်လယ်ကွေ့တဝိုက်နက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြမ်းပြင်မှာ ရာစုနှစ်တွေနဲ့ချီ ရှင်သန်ပေါက်ပွါးကြတဲ့ ပင်လယ်ရေမြှုပ် Ocean Sponges သက်ရှိသတ္တဝါမျိုးစိတ်တခုကိုအခြေပြုပြီးကမ္ဘာ့အပူချိန်ကို သိပ္ပံပညာရှင်တွေလေ့လာခဲ့ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်