ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတွေကိုတော့ နန်းလောဝ်က မူရင်းအာဘော်မပျက် ကောက်နုတ် တင်ဆက်ထားပါတယ်။
မီးဖုတ်ထားတဲ့ မြေစေးတုံးတွေကို ကမ္ဘာတဝှမ်းက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ ရိုးရာနည်းနဲ့ ထုတ်လုပ်တဲ့ မြေစေးတုံးတွေဟာ ကျန်းမာရေးနဲ့ ဥတုရာသီကို ညစ်ညမ်းမှုတွေဖြစ်စေပါတယ်။ အုတ်ဖုတ်လုပ်ငန်းအတွက် ပိုကောင်းတဲ့ နည်းလမ်းတွေရှိတဲ့အကြောင်း နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဆိုမာလီနွယ်ဖွား၊ အမေရိကန် မော်ဒယ်လ် Iman ဟာ ၁၉၇၀ နဲ့ ၈၀ ကာလနောက်ပိုင်း လူကြိုက်များသလို အခုခါမှာလည်း ဆိုမာလီနွယ်ဖွား အမေရိကန်မော်ဒယ်လ် တဦးဟာ မွတ်ဆလင်တွေရဲ့ ခေါင်းပေါင်းပုဝါခြုံပြီး ဖက်ရှင်ပြပွဲလျှောက်သူ တဦးအဖြစ် သတင်းစာ ခေါင်းကြီးပိုင်းတွေမှာနေရာယူလာနေပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံအကြောင်း ဆောင်းပါးတချို့ကို နန်းလောင်ဝ်က တင်ပြပါလိမ့်မယ်။
တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းကြီးလို့ခေါ်တဲ့ ခါးပတ်လမ်းစီမံကိန်းဟာ ပါဝင်သူနိုင်ငံပေါင်းစုံက စီးပွါးရေးနဲ့ ကုန်သွယ်ရေးတွေဖွံ့ဖြိုးတိုးတက်လာစေမယ့်အပြင် ယဉ်ကျေးမှုနဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ ကနဦးလုပ်ဆောင်ချက်ဖြစ်တယ်ဆိုပြီး နိုင်ငံအတော်များများက နိုင်ငံရေး ကိုယ်စားလှယ်တွေသဘောတူညီလိုက်ကြပါတယ်။
ကမ္ဘာ့သတင်းမီဒီယာတွေထဲမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို နန်းလောင်ဝ်က တင်ပြပါလိမ့်မယ်။
ကမ္ဘာ့ သတင်းမီဒီယာတွေမှာ ရေးသားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို နန်းလောင်ဝ်က တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ နှစ်ပေါင်းများစွာ စနစ်တကျ ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ရှိခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်က စွပ်စွဲလိုက်ပါတယ်။ ဖိနှိပ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်ဒဏ်ခတ် အရေးယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က တွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပေမဲ့၊ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ယုံကြည်လက်ခံနိုင်မှု ကင်းမဲ့နေကြောင်း ပြောဆိုလိုက်ကြပါတယ်။ ဒီအတွက် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိတိကျကျ သိနိုင်ဖို့ နိုင်ငံတကာက လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုဖို့လည်း ထပ်မံတောင်းဆိုခဲ့ကြတာပါ။
မြန်မာနိုင်ငံတွင်းက ကရင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားလူမျိုးစုတွေအရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်ပြီး ထောက်ခံကူညီသွားဖို့နဲ့၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေအပေါ် မျိုးတုံးသတ်ဖြတ်ရှင်းလင်းမှုတွေမဖြစ်အောင် အကာအကွယ်ပေးဖို့ ကရင်လူမျိုး ထောင်ဂဏန်းလောက် စုဝေးပြီး အမေရိကန်လွှတ်တော်ရှေ့မှာ စုဝေး ဆန္ဒပြပွဲတရပ်ပြုလုပ်နေပါတယ်။
ကမ္ဘောဒီးယားအစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အလျှင်အမြန် လုပ်ဆောင်နေပါတယ်။ လာမယ့်နှစ်ပါလီမန်ရွေးကောက်ပွဲမှာ မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းတွေ ကောက်ယူနေတာမှာ လူအတော်များများက စိတ်မဝင်စားကြပါဘူး။ David Boyle နဲ့ Tum Malis တို့ဖနွမ်းပင်က ပေးပို့ထားတဲ့ သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ဝန်ထုပ်ဝန်ပိုး ဘင်္ဂလားဒေ့ရှ် ဒေသခံတွေ စိုးရိမ်
"ကျနော်တို့လုပ်နိုင်တာကတော့ သူတို့ိကို ယာယီကူညီပေးတာပါ။ ဒါက ပြသနာကိုရေရှည်ဖြေရှင်းနိုင် မှာတော့ မဟုတ်ပါဘူး။ နောက်တချက်က သူတို့ကို ဘယ်လောက်ကြာကြာလက်ခံထားမှာလည်း၊ ခုဆို ဒုက္ခသည် ၅ သိန်းကျော် ကျနော်တို့ နိုင်ငံထဲ တရားမဝင်ရောက်လာပြီ။ တချို့က ဒုက္ခသည် စခန်းထဲ မှာနေပြီး တချို့ကလည်း ဒီက အရပ်သားတွေနဲ့ ရောပြီးနေပါတယ်။ ဆင်းတောင့်ဆင်းရဲနဲ့ ငတ်ပြတ် လာရင် တရားမဝင်အလုပ်တွေ သူတို့လုပ် လာနိုင်တယ်။ ဒီကိစ္စကို စဉ်းစားဖို့ိလိုပါတယ်။”
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူပေါင်းသောင်းနဲ့ချီ ထပ်မံထွက်ပြေးလာတယ်ဆိုတဲ့ သတင်းတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်သံတွေ ထွက်ပေါ်လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နှင့်ပြီးသား သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအတွက် ကျန်းမာရေး အပါအဝင် အရေးပေါ် အကူအညီတွေ လိုအပ်ကြောင်း ပြောဆိုနေချိန်မှာပဲ နောက်ထပ် ထွက်ပြေးသူတွေ ရှိနေတဲ့ သတင်းတွေ ထွက်ပေါ်လာနေတာပါ။
ဇီကာဗိုင်းရပ်စ် ဒါမှမဟုတ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသလား ဆိုတာကို စက္ကူချောင်းလေးတခုတည်းနဲ့ ရိုးရိုးလေးစမ်းသပ်ကြည့်လို့ရပါပြီ။ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေအတွက်လည်း မွေးလာမယ့်ကလေးတွေမှာ ဇီကာရောဂါပိုး ရှိ မရှိ ကြိုတင် စမ်းသပ်နိုင်ပါတယ်။ Deborah Block သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဗွီအိုအေ တီဗွီသတင်းလွှာ အစီအစဉ်ကို ဆက်လက်ထုတ်လွှင့်နေပါတယ်။ အခု ဆက်လက်ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာ ဖေါ်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတချို့ကို နန်းလောင်ဝ်က တင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အကျပ်အတည်းကို ဖြေရှင်းရာမှာ ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ရင်း ပြန်နိုင်ရေး အရေးကြီးတဲ့အကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒုက္ခသည်ပေါင်း ၅ သိန်းလောက် ထွက်ပြေးရောက်ရှိနေတယ်လို့ဆိုတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာအစိုးရကြား ဆွေးနွေးနေချိန်မှာပဲ ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ အေဂျင်စီတွေက ဒီကနေ့ပဲ သတိပေးလိုက်ကြတာပါ။
ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ တိတိကျကျ ဖြစ်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ တိုက်တွန်းမှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေအပြင် အခုနောက်ဆုံး ဟိန္ဒူဘာသာဝင် အများအပြား အသတ်ခံခဲ့ရကြောင်း သတင်းတွေကြောင့် တိတိကျကျဖြစ်အောင် ဖော်ထုတ်နိုင်ဖို့ အကဲခတ်တွေက တိုက်တွန်းနေကြတာပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကို အလေးထား ပြောကြားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ မိန့်ခွန်းအပေါ်မှာတော့ သဘောထားအမြင်တွေ အမျိုးမျိုးရှိနေကြပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ပြောကြားတဲ့ မိန့်ခွန်းကို နိုင်ငံတကာ အသိုက်အဝန်းကို ရည်ရွယ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားပေမဲ့လည်း လက်တွေ့ အခြေအနေတွေနဲ့ ကင်းကွာနေတယ်ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်