၂၀၁၈ ခုနှစ်အတွင်း စံချိန်တင်လောက်အောင် ဆိုးရွား ပြင်းထန်တဲ့အပူချိန်ကို ကမ္ဘာ့နေရာ အတော်များများမှာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကမ္ဘာကြီးပူနွေးလာတဲ့ ဒီလိုအခြေအနေနဲ့ အလားတူဖြစ်ရပ်တွေမကြာခဏဆိုသလို ကြုံရတော့မယ်လို့လည်း လေ့လာမှုတခုက ဖော်ပြပါတယ်။ Zlatica Hoke က သတင်းပေးပို့ထားတာကို နန်းလောင်ဝ်ကတင်ပြထားပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google ကုမ္ပဏီရဲ့ YouTube, Facebook နဲ့ Twitter လူမှုကွန်ယက်စာမျက်နှာတွေဟာလူတွေ လွတ်လပ်စွာရေးသားဖော်ပြခွင့် ရနေတဲ့နေရာတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီစာမျက်နှာတွေပေါ်မှာ ထိပါးစော်ကားတဲ့ စကားတွေ၊ အကြမ်းဖက်တဲ့ စကားလုံးတွေရေးသားလာကြတဲ့အပေါ် အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုသံတွေလည်း တဖြည်းဖြည်းများလာပါတယ်။
ပါကစ္စတန်နိုင်ငံက အင်ဂျင်နီယာတယောက်ဟာ နှစ်စဉ် အလဟသဖြစ်နေတဲ့ တန်ချိန် သန်းနဲ့ချီတဲ့ ကောက်ရိုးတွေကို သုံးပြီးအီသနော ဓာတ်ငွေ့ လောင်စာရည်တွေ ထုတ်လုပ်မယ့် နည်းစနစ်တခုကို တီထွင်လိုက်ပါတယ်။ Faith Lapidus သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အာဖရိကတိုက်နိုင်ငံအတော်များများမှာ ကာလဝမ်းရောဂါဘေးဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းနေရပြီး ရောဂါကာကွယ်ကုသရေးမှာ ပိုပြီးထိရောက်မှုရှိစေဖို့အတွက် လူနာတွေရှိနိုင်မယ့်နေရာတွေကို ဓာတ်ပုံရိုက်ယူဖို့ အဆင့်မြင့် ဒရုန်းယာဉ်ကိုသုံးနေကြတဲ့ အကြောင်း နန်းလောင်ဝ်က တင်ပြမှာပါ။
လေဟာနယ် ပိုက်လုံးထဲက သယ်ယူပို့ဆောင်ရေး စနစ် ဖြစ်တဲ့ Hyperloop ထဲပြေးဆွဲမယ့် ယာဉ်အလုံးလေး Hyperloop Pod ပြိုင်ပွဲကို အမေရိကန်နိုင်ငံ Los Angeles မြို့မှာ ဂျူလိုင်လထဲ တတိယနှစ်မြောက်အဖြစ် ကျင်းပပါတယ်။ ဒီအကြောင်း Genia Dulot သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ပင်လယ်ပြင်မှာ ရေနံယိုဖိတ်မှု ပြဿနာတွေကို အပြာရောင် မီးကွင်းလို့ နာမည်ပေးထားတဲ့ စမ်းသပ်ချက်တခုက ရှင်းလင်းပစ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ VOA သတင်းထောက် George Putic ရဲ့သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Nevada ပြည်နယ်က လူသူအရောက်နည်းတဲ့ သဲကန္တာရထဲမှာ သီတင်းတပတ်သာကြာတဲ့ မြို့တမြို့ နှစ်စဉ် ပေါ်ပေါက်လာပါတယ်။ တပတ်ကြာ စုဝေးကြတဲ့ပွဲကို Burning Man လို့ခေါ်ပြီး ဒီလို စုဝေးပွဲလုပ်တာ အနှစ် ၃၀ နီးပါးရှိပါပြီ။ Genia Dulot ပေးပို့တဲ့ သတင်းဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ရောဂါ ရှေ့ပြေးလက္ခဏာတွေကို ကြည့်ပြီး ဖြစ်လာနိုင်ခြေ အများဆုံး ရောဂါပိုးကို သုတေသနလုပ် ထုတ်လုပ်ကြရတာပါ။ ဒါပေမဲ့ မကြာခင်မှာတော့ ဘယ်လိုတုပ်ကွေး ရောဂါပိုးမျိုးကိုမဆို ကာကွယ်နိုင်မယ့်ဆေး ထုတ်လုပ်နိုင်တော့မယ့်အကြောင်း Kevin Enoches သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
အစိုးရရဲ့တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိရေး အိန္ဒိယနိုင်ငံသားတွေ သတင်းအချက်အလက် ရယူခွင့် ဥပဒေတရပ်ကို အသုံးချပြီး နယူးဒေလီမြို့တော်မှာ သန့်ရှင်းတဲ့ရေ၊ မိလ္လာစနစ်နဲ့ သယ်ယူပို့ဆောင်ရေး တိုးတက်ကောင်းမွန်လာအောင် အမျိုးသမီးအဖွဲ့တခုက ကြိုးပမ်းနေပါတယ်။ Anjana Pasricha ရဲ့သတင်းကို နန်းလောဝ်က တင်ပြထားပါတယ်။
ဇီကာဗိုင်းရပ်စ် ဒါမှမဟုတ် သွေးလွန်တုပ်ကွေး ရောဂါကူးစက် ခံထားရသလား ဆိုတာကို စက္ကူချောင်းလေးတခုတည်းနဲ့ ရိုးရိုးလေး စမ်းသပ်လို့ရနေပါပြီ။ ခြင်ကတဆင့် ဒီရောဂါပိုးတွေ ကူးစက်ခံရတဲ့ အနေအထားမှာ ရောက်နေသူတွေလည်း ချက်ချင်း အကူအညီရနိုင်ပါပြီ။ Deborah Block ပေးပို့တဲ့သတင်းကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ပင်လယ်သမုဒ္ဒရာတွေထဲမှာတွေ့ရတဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို အန္တာတိကတိုက်က နှင်းထုတွေထဲမှာလည်းတွေ့နေရပါပြီ။ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး တက်ကြွလှုပ်ရှားတဲ့ Greenpeace အဖွဲ့က သုတေသနပြုကြတဲ့သူတွေက လေ့လာထားပါတယ်။ ဒီအကြောင်း Henry Rigdwell ပေးပို့ထားတဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
လေယာဉ်ပျံတွေနဲ့ ဌက်တွေဟာ ကောင်းကင်မှာ အတူတူ ပျံသန်းကြရင်း တိုက်မိရင် လေယာဉ်စက်တွေ ပျက်သလို လေယာဉ်ပျက်ကျနိုင်ပါတယ်။ Netherlands နိုင်ငံ ကုမ္ပဏီတခုကRobird လို့ခေါ်တဲ့ စက်ရုပ် သုံးပြီး ငှက်တွေကိုမောင်းထုတ်တာ ထိရောက်မှုရှိတယ်လု့ိပြောပါတယ်။ George Putic ပေးပို့တဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကြယ်အလုံး ၅၀ နဲ့ အလျားလိုက် အစင်းကြောင်း ၁၃ ခုပါတဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလံကို Star-Spangled Banner ဒါမှမဟုတ် Old Glory ဆိုပြီး အမေရိကန်အများစုက သိထားကြသလို ဒီအလံဟာ ဘာသာရေး သင်္ကေတတခု လိုလည်း ဖြစ်နေတာပါ။ အမေရိကန်အလံ သမိုင်းအကြောင်း Nikoleta Ilic က သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြပေးပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရတဲ့ မှတ်တမ်းမှတ်ရာမဲ့ ရွှေ့ပြောင်းလာသူတွေရဲ့ အခွင့်အရေးနဲ့ တရားရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးနေတဲ့အစီအစဉ်ကို အမေရိကန်တရားရေးဌာနက ပြန်လည်သုံးသပ်နေပါတယ်။ Pennsylvania ပြည်နယ်က PIRC အဖွဲ့အကြောင်း Bill Rogers သတင်းပေးပို့ထားတာကို နန်းလောင်ဝ် တင်ပြမှာပါ။
ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတမ်းတလျှောက်မှာ ရေနေသတ္တဝါတွေနေထိုင်ကျက်စားတဲ့ ဒေသတွေပျက်စီးလာတာနဲ့ ငါးအလွန်အကျွံဖမ်းဆီးတာတွေကြောင့် ကမ္ဘောဒီးယားရဲ့ ရေသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေပါတယ်။ AP သတင်းဆောင်းပါးကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။
အရင်နေ့ကထက်စာရင်တော့ မီးခိုးငွေ့တွေ ထွက်တာ သိပ်မတွေ့ရတော့ဘူးခင်ဗျ။ ဒီနေ့မှာ ဆိုရင်လည်း မီးသတ်တပ်ဖွဲ့ဝင် အရင်နေ့က နှစ်ရာလောက် ချထားပေးတယ်။ ဒီနေ့ဆို လေးရာလောက်ပေါ့နော်။ အင်အားထပ်တိုးပေးထားတယ်။
ဒီနှစ်အတွက် ပေးအပ်တဲ့ Aurora ဆိုကို ကမ္ဘာတဝန်း ပရဟိအကျိုးသယ်ပိုးသူပေါင်း ၇၅၀ ထဲက သုံးယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးအပ်ပွဲကိုတော့ လာမယ့် ဇွန်လ ၆ရက်၊ အာမေးနီးယားနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပေးအပ်တဲ့ Aurora ဆုကို ကမ္ဘာတဝန်း ပရဟိအကျိုးသယ်ပိုးသူပေါင်း ၇၅၀ ထဲက နောက်ဆုံး သုံးယောက်ကို ရွေးချယ်ခဲ့တာဖြစ်ပြီး ဆုပေးပွဲ အခမ်းအနားကို လာမယ့် ဇွန်လ ၆ရက်၊ အာမေးနီးယားနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာ ဆုရှင် သုံးဦးထဲက တဦးကို ထပ်မံရွေးချယ်ပြီး လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေအတွက် ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁.၁ သန်း ချီးမြှင့်မှာဖြစ်ပါတယ်။
Earth Day လို့ခေါ်တဲ့ မြေကမ္ဘာနေ့ ကျရောက်တဲ့ ဧပြီလ ၂၂ ရက်နေ့မှာပဲ “ Skip The Straw” ဆိုပြီး အချိုရည်သောက်တဲ့ ပလပ်စတစ် ပိုက်တွေအသုံးမပြုဖို့ ဒီအဖွဲ့က လူတွေကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ VOA သတင်းထောက် Steve Baragona ပေးပို့ထားတဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ဆုံးတီထွင်လိုက်တဲ့ MasSpec Pen ဆိုတဲ့ ဘောပင်ကလေးကတော့ ကင်ဆာရောဂါရှိမရှိ စက္ကန့်ပိုင်းအတွင်း အဖြေထုတ်ပေးပါတယ်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆတ်ပြည်နယ်၊ အော်စတင်မြို့ကနေ VOA သတင်းထောက် Elizabeth Lee ပေးပို့ထားတဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တာ ဘယ်သူ့လက်ချက်လဲဆိုတာ ဖေါ်ထုတ်မယ့် စုံစမ်းစစ်ဆေးနိုင်ရေး စနစ်သစ်တရပ် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အမေရိကန်ပြည်ထောင်စုက အဆိုပြုခဲ့ပြီး၊ ဒီ အဆိုကို ရှရှားက ဗီတိုအာဏာသုံးပယ်ချလိုက်ပါတယ်။ Cindy Saine ပေးပို့ထားတဲ့ ဆောင်းပါးကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်