မြန်မာစစ်ကောင်စီနဲ့ နိုင်ငံ အုပ်ချုပ်ရေးအဖွဲ့ဝင် တချို့ အပါအဝင် လူပုဂ္ဂိုလ် ၁၉ ဦး အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုထပ်ပြီး ချမှတ်၊ မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမယ့် အာဆီယံထိပ်သီး အစည်းအဝေး ကမ္ဘောဒီးယားမှာ ကျင်းပ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကောင်စီ အရေးယူပိတ်ဆို့ရေး သြစတြေးလျ ဆက်ပြီးစဉ်းစား၊ မြန်မာနဲ့ ကမ္ဘာမှာ သတင်းသမားတွေ သတ်ဖြတ်ခံရမှု ယူနက်စကို အစီရင်ခံစာ ထုတ်ပြန်၊ ထိုင်းမှာဖမ်းလိုက်တဲ့ ဒေါက်တာထွန်းမင်းလတ်ပိုင်ဆိုင်မှု သန်းပေါင်းများစွာ သိမ်းခံရ၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးအစည်းအဝေး တရပ်ကျင်းပဖို့ရှိ၊ စစ်ကောင်စီလက်နက်ရအောင် ကူညီမှုနဲ့ လုပ်ငန်းရှင် ၃ ယောက်၊ ကုမ္ပဏီတခု အမေရိကန်ဒဏ်ခတ် အရေးယူ၊ ဂျပန်တိုယိုတာ ကားစက်ရုံမှာ လုပ်ငန်းတွေ ပြန်လည် စတင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်အတွင်း ထောင်နဲ့ချီတဲ့ဒေသခံတွေ တောတောင်တွေထဲမှာ လနဲ့ချီ စစ်ဘေးရှောင်နေရပြီး လုံလောက်တဲ့ဆေးဝါး ကုသမှုတွေမရှိတဲ့အပြင် ဆေးဝါးတွေရှားပါးလာပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နန်းလောဝ် က တင်ပြပါ့မယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကိုဗစ်ကပ်ရောဂါနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် နိုင်ငံတဝန်း လူမှုရေး၊ စီးပွါးရေးနဲ့ နိုင်ငံရေး အကျပ်အတည်းမျိုးစုံနဲ့ နိုင်ငံတဝန်း ရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီက သတင်းမီဒီယာအပေါ် နှိပ်ကွက်မှု၊ နိုင်ငံမှာ တရားမဝင်အုပ်ချုပ်နေမှုကို ချက်ချင်းရပ်ဖို့ ဥရောပပါလီမာန် တောင်းဆို၊ မြန်မာစစ်တပ်ကို လေယာဉ်ဆီ အဓိကတင်ပို့တဲ့ ပူးမားစွမ်းအင်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွါဖို့ ပြင်ဆင်၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဧရာဝတီတိုင်း တိုးမြစ်ထဲ ရေကြောင်း သွားလာခွင့်နဲ့ ငါးဖမ်းခွင့်ကို မြန်မာစစ်တပ်ဘက်က ၂ လနီးပါး ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငါးဖမ်းခွင့် ပိတ်ပင်ခံထားရတဲ့ အခြေအနေ သတင်းပေးပို့ချက်ကို နန်းလောင်ဝ် က ပြောပြပါမယ်။
ကုလမဟာမင်းကြီး ကုလလူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအရေးထည့်သွင်းတင်ပြ၊ လက်ယက်ကုန်းပစ်ခတ်မှု စစ်ရာဇဝတ်မှုမြောက်မမြောက် IIMM စုံစမ်း၊ မြန်မာစစ်တပ်ကို လက်နက်ပိတ်ပင်မှု ထိရောက်အောက် အမေရိကန်နည်းလမ်းရှာ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုစံကျော်တို့ ပြောပြပေးပါမယ်။
တိုင်းရင်းသားလူမျိုးစုတွေအတွက် ဖက်ဒရယ်အခွင့်အရေးပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခွင့်အရေးသာ ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာလည်း လွှတ်တော်လမ်းကြောင်းကသာ ပြင်ဆင်နိုင်မှာဖြစ်ကြောင်း စစ်ကောင်စီအကြီးအကဲက ပြောဆိုထားပါတယ်။
စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ UWSA ဝ၊ NDAA မိုင်းလားနဲ့ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ခေါင်းဆောင်တွေ တနင်္လာနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ တနင်္လာနေ့က ဆွေးနွေးပွဲအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို နန်းလောင်ဝ် က တင်ပြထားပါတယ်။
ကန်သမ္မတဘိုင်ဒန်က မြန်မာ့အရေး ကုလအထွေထွေညီလာခံမှာ ထည့်သွင်းပြောကြား၊ စစ်ကောင်စီနဲ့ NUG ကုလမြန်မာ ကိုယ်စားလှယ်နေရာ အပြိုင်အဆိုပြု၊ မြန်မာ့စီးပွားရေး ၂၂ မတ်လ နောက်ပိုင်း အတန်အသင့် တိုးတက်ဟု ADB ပြော၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုစံကျော်တို့ ပြောပြပေးပါမယ်။
ဒီမိုကရေစီလိုလားတဲ့ပြည်သူ့ဆန္ဒ လေးစားဖို့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ အမေရိကန်သံရုံး တောင်းဆို၊ သတင်းထောက် မထက်ထက်ခိုင် ထောင် ၃ နှစ် ချမှတ်၊ မြန်မာမှာ ကိုဗစ်ပိုး တကျော့ပြန်ကူးစက်မှု တိုးများ၊ ဒီလို ထိပ်တန်းရောက် တပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
"လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဆက်လက်ရင်ဆိုင်နေရတဲ့ ညှဉ်းပန်းနှိပ်စက်မှုများ "ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု၊ Georgetown တက္ကသိုလ်၊ Berkley Center မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ဆွေးနွေးပွဲတရပ်ကျင်းပခဲ့ပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၁ ကြိမ်မြောက် ညီလာခံမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာတစောင်မှာတော့ ကမ္ဘာ့ဒေသစုံက လူ့အခွင့်အရေးချိုးဖောက်မှုတွေ စိုးရိမ်စရာ တိုးလာနေတာကို မီးမောင်းထိုးပြသွားသလို ငြိမ်းချမ်းရေး အဖြေရှာမှာတော့ မေ ျှာ်လင့်ချက် ရောင်ခြည်အနည်းငယ်ပဲတွေ့နေရပါတယ်။
အရှေ့ဖျား စီးပွါးရေးဖိုရမ် တက်ရောက်ခဲ့တဲ့ စစ်ကောင်စီအကြီးအကဲက ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံဆွေးနွေး၊ အော်ရီဒူးဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံ လုပ်ငန်းတွေကို ရောင်းချ၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးမယ်လို့ ကြေညာ၊ NLD လက်ထက် ကရင်ပြည်နယ်ဝန်ကြီး ၃ ဦး ပြန်လွတ်၊ မလေးရှားမှအပ အာဆီယံနိုင်ငံတွေ စစ်ကောင်စီ ပြည်ဝင်ခွင့်ကင်းလွတ်ပေး၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ထားပါတယ်။
Gorbachev ဟာ စစ်အေးခေတ်ကို အဆုံးသတ်ခဲ့ပြီး ကွန်မြူနစ်အရှေ့ဥရောပကို လွတ်လပ်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမဲ့၊ သူ့လက်ထက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပါတယ်။ သူ့ရဲ့ "glasnost" "perestroika" စတဲ့ လွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ဆိုဗီယက်ကို ထိန်းထားဖို့ အောင်မြင်မှု မရခဲ့ပါဘူး။
မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်း ၃ ခုကို ဗြိတိန်ဒဏ်ခတ်ပိတ်ဆို့၊ ရိုဟင်ဂျာတွေ ထွက်ပြေးရမှု ၅ နှစ်ပြည့်မှာ ရိုဟင်ဂျာအရေး နိုင်ငံတကာ တိုက်တွန်းတောင်းဆို၊ ရုရှားလောင်စာဆီ မြန်မာဝယ်ရန်ရှိ၊ ဒီလို ထိပ်တန်းရောက်တပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုဝင်းခန့်မောင်တို့ ပြောပြပေးပါမယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Noeleen Heyzer မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ နယ်စပ်လုံခြုံရေးအတွက် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကောင်းဖို့လိုတယ်လု့ိ ကာကွယ်ပြောပါတယ်။ ဒီလိုတပတ်အတွင်းမြန်မာသတင်းတွေကို နန်းလောဝ်နဲ့ ကိုဉာဏ်ဝင်းအောင်တို့စုစည်းတင်ဆက်ထားပါတယ်။
ရုရှားက မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွတ်မှုတွေဟာ ငြိမ်းချမ်းရေးကိုရှေးရှု၊ ၂ နိုင်ငံလုံးရဲ့ အကျိုးစီးပွား စဉ်းစားပြီးမှ လုပ်တယ်ဆိုတာ ဟုတ်ပါသလား။ အချက်အလက်အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ပုံပြရုပ်သံမှာ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်