အမေရိကန်မဲဆန္ဒရှင်တွေက Donald Trump ကို နောက်တက်မယ့်သမ္မတသစ်အဖြစ် ရွေးချယ်ခဲ့ကြပါပြီ။ သဘောထားကွဲပြားမှုတွေနဲ့ အချိန်အတော်ကြာ ခါးခါးသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးတဲ့နောက် အခုတော့ အေးဆေးတည်ငြိမ်စွာ အာဏာလွှဲပြောင်းပေးရေး လုပ်ငန်းတွေ စတင်နေပါပြီ။ Chris Simkins ရဲ့သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
Donald Trump ကို အမေရိကန်သမ္မတအဖြစ်ရွေးချယ်လိုက်ကြပြီဖြစ်တဲ့ အတွက် ကမ္ဘာမှာ ထိပ်ဆုံးက ဖိဖိစီးစီး ကိုင်တွယ်ရမယ့်ကိစ္စရပ်တချို့အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းကို Trump အနေနဲ့ ပြောင်းလဲပစ်လိမ့်မယ်လို့ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
ကမ္ဘာမှာ ဖိဖိစီးစီး ကိုင်တွယ်ရမယ့် ကိစ္စရပ်တချို့အပေါ် အမေရိကန်ရဲ့ ချဉ်းကပ်ပုံချဉ်းကပ်နည်းကို Donald Trump အနေနဲ့ ပြောင်းလဲပစ်လိမ့်မယ်လို့ နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ Nike Ching ရဲ့သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အမေရိကန်ပြည်သူတွေ သမ္မတသစ်ကို ရွေးချယ်တဲ့အခါ စီးပွားရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေလိုပဲ သမ္မတ လောင်းနှစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေး စရိုက်လက္ခဏာတွေကို ကြည့်ပြီးတော့လည်း ဆုံးဖြတ်ကြတယ်ဆိုတာ လူထု စစ်တမ်းတွေက ပြပါတယ်။ Jim Malone ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ သီတင်း နှစ်ပတ်တောင ်မလိုတော့တဲ့အချိန်မှာ အမေရိကန်သမ္မတလောင်းတွေဟာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမဲတွေရဖို့ သေချာအောင် အထူးသဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ် တွေမှာ ကြိုးစားစည်းရုံးနေကြပါတယ်။ VOA သတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
ရွေးကောက်ပွဲရလာဒ်ကို လက်ခံမယ်လို့ ကတိပေးဖို့ Donald Trump က ငြင်းဆိုလိုက်ပါတယ်။ ဗုဒ္ဒဟူးနေ့ညက ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Hillary Clinton နဲ့ တတိယနဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲ မှာ Donald Trump က အဲဒီလိုငြင်းသွားတာပါ။ Jim Malone ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump အနိုင်ရအောင် ကြံစည် တဲ့အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီကော်မတီကို ရုရှားက Cyber အင်တာနက်ကနေ ထိုးဖောက် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်အစိုးရက တရားဝင်စွပ်စွဲထားပါတယ်။ Cindy Saine ရဲ့ သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချနေထိုင်သူ မြန်မာနိုင်ငံသားဦးရေဟာ ၁ သိန်း ၆ သောင်းနီးပါးရှိပါတယ်။ California ၊ San Francisco Bay ဒေသမှာဆိုရင် မြန်မာပြည်ကလာသူ ထောင်နဲ့ချီ အခြေချနေထိုင်နေကြပါတယ်။
Democratic သမ္မတလောင်း Hillary Clinton ဟာ Republican သမ္မတလောင်း Donald Trump နဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲအပြီး လူထုထောက်ခံမှုပိုရလာမယ်လို့မျှော်လင့်နေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရလို့ လူပေါင်း ၃၀၀၀ နီးပါးသေဆုံးခဲ့ရတာ ၁၅ နှစ်ပြည့်ခဲ့ပါပြီ။ ဒီအဖြစ်ဆိုးကြီးကို အမေရိကန်ပြည်သူတွေ ဒီနေ့အထိ မေ့ပစ်လို့မရကြသေးကြောင်း နယူးယောက်မြို့ကနေ VOA သတင်းထောက် Ramon Taylor သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်း ကတင်ပြထားပါတယ်။
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton ဟာ နိုဝင်ဘာရွေးကောက်ပွဲအတွင်း သူမရဲ့ ဖခင်ဇာတိ Scranton မြို့မှာအနိုင်ရဖို့ Scranton မြို့သား နောက်တဦးဖြစ်တဲ့ ဒုသမ္မတ Joe Biden နဲ့အတူ Scranton မြို့မှာ မဲဆွယ်စည်းရုံးဖို့ရှိပါတယ်။ VOA သတင်းထောက် Aru Pande သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံအကြား တင်းမာမှုတွေ တိုးနေတာကြောင့် ယူကရိန်းတပ်ဖွဲ့တွေကို အရေးတကြီး တပ်လှန့်ထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ယူကရိန်းလက်ထဲကနေ ရုရှား သိမ်းယူခဲ့တဲ့ Crimea ကျွန်းဆွယ်နဲ့ပတ်သက်လို့ အပြန်အလှန် စွပ်စွဲပြောဆိုနေကြတာပါ။ Carolyn Presutti သတင်းလွှာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လာမယ့်နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးရမလဲ ဆိုတာ မဆုံးဖြတ်သေးတဲ့ မဲဆန္ဒရှင်တွေရှိတဲ့ ပြည်နယ်တွေမှာ သမ္မတလောင်းတွေ အကြိတ်အနယ် မဲဆွယ် စည်းရုံးနေကြပါတယ်။ ဗွီအိုအေသတင်းထောက် Zlatica Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာအမေရိကန်တပ်ဖွဲ့အင်အား၈,၄၀၀ဆက်လက်ထားရှိမယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် NATO မြောက်အန္တလန်တိတ်စစ်စာချုပ် အဖွဲ့ခေါင်းဆောင်တွေဟာ အဓိကကျတဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးဖို့ ပိုလန်နိုင်ငံမှာ နှစ်ရက်တာ တွေ့ဆုံကြဖို့ရှိပါတယ်။CarlaBabbရဲ့သတင်းလွှာကို ဒေါ်ခင်စိုးဝင်းကတင်ပြထားပါတယ်။
ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၁၆ ခုနှစ် နိုင်ငံတကာလူကုန်ကူးမှု အစီရင်ခံစာမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံး Tier-3 အဆင့် လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုံး၀ ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်လိုက်ပါတယ်။
အီးယူကနေ UK ခွဲထွက်ချိန်၊ တူရကီမှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ မြောက်အမေရိက ခေါင်းဆောင် ၃ ဦးဟာ ကနေဒါနိုင်ငံ အော်တဝါမြို့မှာတွေ့ဆုံခဲ့ကြပြီး နိုင်ငံအချင်းချင်းအကြား ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဆက်ဆံကြဖို့ ဆွေးနွေးခဲ့ကြပါတယ်။ Zlatica Hoke သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။
"အရပ်သားအစိုးရ ပြုပြင်ပြောင်းလဲအောင် ဆက်လက်ကြိုးစားနိုင်ရေးနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် စုပေါင်း ဆောင်ကြဉ်းကြဖို့ ထောက်ခံနိုင်အောင် အားပေး နေတာဖြစ်ပါတယ်။”