အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းတဲ့ COVID -19 ကာကွယ်ဆေးတွေဟာ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ မန္တလေးတိုင်းအတွက် ရရှိတဲ့ ကာကွယ်ဆေးတွေကို မန္တလေးတိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး စတင် ထိုးနှံပေးမှာဖြစ်ပါတယ်။
ဗစ်တိုးရီးယားအမှုအဖြစ် လူသိများခဲ့တဲ့ အရွယ်မရောက်သေးသူ မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရမှုမှာ သံသယရှိသူအဖြစ် မှားယွင်းဖမ်းဆီးခံခဲ့ရတဲ့ ကိုအောင်ကြီးဟာ ရဲတပ်ဖွဲ့ထံက နစ်နာကြေးရဖို့ တရားရုံးမှာ ရင်ဆိုင်မယ့်အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံက လူဦးရေ ၁၅ သန်းအတွက် အိန္ဒိယနိုင်ငံက မှာယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံး ရရှိနိုင်အောင် စီစဉ်နေပြီး မကြာခင် ရရှိမယ်လို့ ခန့်မှန်းထားကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီကနေ့ပဲ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။
ဒီကနေ့ကျရောက်တဲ့ ( ၇၃ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ရှိ ဗထူးအားကစားကွင်းမှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ပြီး ကျင်းပတာဖြစ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေ ရပ်စဲထားပေမဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကသာ အဓိက ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရခိုင်နဲ့ချင်းပြည်နယ်တို့မှာ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြခဲ့ကြလို့ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့အကြောင်း ကိုထက်အောင်ခန့် က တင်ပြပေးပါလိမ့်မယ် ။
မန္တလေးတိုင်းမှာတော့ ကပ်ရောဂါကြောင့် ခရစ္စမတ်ကာလကို လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ထားပြီး ဘုရားရှစ်ခိုးကျောင်းတွေကလည်း ဝတ်ပြုဆုတောင်းသူတွေကို လူမှုကွန်ယက်ကနေတဆင့် ဝတ်ပြုဆုတောင်းနိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။
မန္တလေးခရိုင်မှာ ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ သီတင်း ၂ ပတ်ကြာ ဆောင်ရွက်ခဲ့ပြီးတဲ့နောက် ကူးစက်မှုလျော့ကျသွားတယ်လို့ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အခုတော့ ကန့်သတ်ချက်တွေကိုလည်း ပြန်လေ ျှာ့လိုက်တဲ့အကြောင်း ကိုထက်အောင်ခန့် က ပြောပြပါလိမ့်မယ်။
သင်္ကြန်သံချပ်ထိုးရာမှာ တပ်မတော်အပေါ် ဝေဖန်တာတွေ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တဦးဖြစ်တဲ့ ကိုဇေယျာလွင်ကို နောက်ထပ်တရားရုံးတခုက ထောင်ဒဏ် ၆ လ ချမှတ် လိုက်တဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ဒုတိယအများဆုံးဖြစ်နေတဲ့ မန္တလေးမြို့မှာ အိမ်ပြင်မထွက်ရ အမိန့်အပါအဝင် ရောဂါကူးစက်မှုထိန်းချုပ်နိုင်အောင် တာဝန်ရှိသူတွေ ကြိုးပမ်းနေကြပါတယ်။ မန္တလေးမြို့ရဲ့ အခြေအနေကို ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်နော်အုံးလှကို ဆွီဒင်နိုင်ငံ အခြေစိုက်အဖွဲ့အစည်းတခုက နိုင်ငံသားအခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှု ဆုပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။
ကိုဗစ်ရောဂါ ကူးစက်သူ ၁၀၀,၀၀၀ ကျော်လာတဲ့အချိန်မှာပဲ ရန်ကုန်တိုင်းပြီးရင် ကူးစက်မှု အများဆုံးကြုံနေရတဲ့ မန္တလေးတိုင်းမှာ အခုဆိုရင် ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ သီတင်း ၂ ပတ်ကြာ အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။
ဥပဒေမဲ့ ငါးဖမ်းဆီးမှုတွေကြောင့် ရှားပါးဧရာဝတီလင်းပိုင်တွေ မျိုးတုန်းပျောက်ကွယ်မယ့်အရေး အချိန်မီကာကွယ်နိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့်က တင်ပြထားပါတယ်။
မန္တလေးတိုင်း မန္တလေးခရိုင်မှာ COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ မနေ့ ဒီဇင်ဘာ ၅ ရက်ကစလို့ ဒီဇင်ဘာ ၁၈ ရက်အထိ Stay Home နေကြဖို့ တိုင်းဒေသကြီးအစိုးရက ထုတ်ပြန်ထားပါတယ်။
ကပ်ရောဂါဒဏ်က ပြန်လည်ထူထောင်နိုင်ဖို့ ကမ္ဘာတဝန်းအစိုးရတွေ ပြင်ဆင်နေချိန်မှာ မသန်စွမ်းသူတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာပဲ တိုက်တွန်းလိုက်ကြတာပါ။
မြန်မာနိုင်ငံမှာ တနေ့တခြား ရှားပါးလာနေတဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ၊ အာဏာပိုင်တွေနဲ့ ဒေသခံတွေ စတင်ကြိုးပမ်းနေကြပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ ရှားပါးဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းနေတဲ့ အစီအစဉ်တွေမှာပါ ရိုက်ခတ်လာနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့် ပြောပြပေးမှာပါ။
ရှားပါးဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဒေသခံတွေ ဝင်ငွေရစေမယ့် လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါကာလမှာ ထိခိုက်မှုတွေ ကြုံနေရတဲ့အကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကြုံနေရချိန် တရားမဝင် ဖမ်းဆီးမှုတွေကြောင့် ရှားပါး ဧရာဝတီလင်းပိုင် ဆုံးရှုံးမှုတွေ တိုးလာနေတာကို အမြန်ဆုံးတားဆီးဖို့ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေ တိုက်တွန်းလိုက်ပါတယ်။
မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းတချို့တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံခဲ့ရပါသည်။
နောက်ထပ်ကြည့်ရှုရန်