ဂျပန်မှာပြုလုပ်ခဲ့တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ “စည်းမျဉ်းတွေကိုအခြေခံပြီး လွတ်လပ်ပွင့်လင်းတဲ့နိုင်ငံတကာ စံချိန်စံညွှန်းတွေရှိရေး” ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်မှာ အမေရိကန် စစ်အင်အားတိုးချဲ့သွားမယ့်အခြေအနေနဲ့၊ အာရှဒေသတွင်း အခြေအနေတချို့ကို ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီအကြီးအကဲက ဆန့်ကျင်ဘက်အင်အားစုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ် ဒါဟာ ဆွေးနွေးဖြေရှင်းရေးကို လုံးဝငြင်းပယ်လိုက်သလိုဖြစ်သွား တယ်လို့သုံးသပ်တာတွေရှိပါတယ်။ ဒီတပတ်အာရှ နိုင်ငံရေးအစီစဉ်မှာ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
အာရှရဲ့ အင်အားကြီး ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ဂျပန် ခေါင်းဆောင်တွေဟာ ပဋိပက္ခဖြစ်နေတဲ့ ရုရှားနဲ့ယူကရိန်းကို တပြိုင်နက်ထဲ သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေနဲ့ပတ်သက်ပြီး အာရှဒေသတွင်းနဲ့ ကမ္ဘ့ာနိုင်ငံရေး အခင်းအကျဉ်းပေါ် ရိုက်ခတ်မှုတွေကို ဒီတပတ် အာရှနိုင်ငံရေးအစီစဉ်မှာ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်။
အစိုးရတွေအနေနဲ့ ဇီဝရုပ်ကြွင်းလောင်စာအသုံးပြုမှုတွေ လျော့ချဖို့ကို မဖြစ်မနေ ပိုမိုလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂမှာ အစိုးရများဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအဖွဲ့ကပြောဆိုထားပြီး ဒါကိုအကောင်အထည်ဖေါ်ဖို့ သမ္မတဂျိုးဘိုင်ဒန်အစိုးရက အတော်များများ လုပ်ဆောင်ထားပြီးဖြစ်ပါတယ်။
ဒီလို တပတ်အတွင်း ထိပ်တန်းရောက် အာရှနိုင်ငံရေးသတင်းတွေ ကိုဇော်မိုးကျော်က စုစည်းတင်ဆက်ထားပါတယ်။
တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေအတွင်း ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး စစ်ရေးတင်းမာမှုတွေကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေကြရပါတယ်။
“ဒီကနေ့ နောက်ထပ်စာမျက်နှာ လှန်လိုက်တာပါ။ စာအုပ်ကိုပိတ်လိုက်တာမဟုတ်ပါဘူး။ ဒါကအခန်းကဏ္ဍတခုကိုသာ ပိတ်လိုက်တာပါ။ နောက်ထပ် 747 ရဲ့ အခန်းကဏ္ဍအသစ်လာမှာပါ။”(Stan Deal- Boeing ကုမ္ပဏီအမှုဆောင်ချုပ်)
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ဇီးကန်ကျေးရွာကို ဖေဖော်ဝါရီ ၈ ရက်ညပိုင်းမှာ လက်နက်ကြီးကျရောက်ခဲ့ရာက အမျိုးသမီး ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ရေဦး တိုင်းရင်းဆေးရုံမှာတပ်စွဲထားတဲ့ စစ်တပ်လက်ချက် ဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။
“PDF က အဲ့မှာ နေရာယူထားလို့ ဘာညာဆိုပြီးမှ အိမ်ဆောက်ထားတာတောင် မကြာသေးပါဘူး။ ကျနော်တို့ဆီက One Star ရွှေဆိုင်လေ။ အဲ့ဆိုင်ဆိုလည်း အပေါ်ထပ်တွေ မီးရှို့ထားတယ်။ သူတို့ပြန်စီးပြီးမှ အဲ့ဆိုင်က ဆိုင်ပိုင်ရှင်ကိုဖမ်းပြီး သတ်ပလိုက်ပြီပြောတယ်။ တက္ကသိုလ်ဆရာ၊ အဲ့ဆရာကိုလည်း သတ်ပလိုက်တယ်။”(ဒေသခံ)
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့က မြန်မာစစ်တပ် တပ်စွဲထားတဲ့နေရာကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ခတ်ခဲ့ကြောင်း ဒေသံခံ PDF က ပြောပါတယ်။ စစ်ရေး တင်းမာမှုတွေကြောင့် မြို့ခံတွေဟာ နီးစပ်ရာ ကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
အာရှဒေသတွင်း နိုင်ငံတွေမှာ ဒီသီတင်းပတ်အတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတချို့ ကောက်နုတ်တင်ပြမယ့် ဦးဇော်မိုးကျော်ရဲ့ ဒီသီတပတ် အာရှ နိုင်ငံရေးအစီအစဉ်ကို တင်ပြပါမယ်။
အာရှဒေသတွင်း နိုင်ငံတွေမှာ ဒီသီတင်းပတ်အတွင်း ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို ကောက်နုတ်တင်ပြမယ့် ဦးဇော်မိုးကျော်ရဲ့ ဒီသီတင်းပတ် အာရှ နိုင်ငံရေးအစီအစဉ်ကို တင်ပြပါမယ်။
တရုတ်ပြည်မှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ် လူဦးရေလျော့ကျလာမှုဟာ တရုတ်ရဲ့စီးပွားရေးနဲလူ့အဖွဲ့အစည်းပေါ်ရိုက်ခတ်ချက်တွေရှိလာမှာကိုစိုးရိမ်မှုတွေရှိလာတယ်ဆိုပေမဲ့ တချို့ကျွမ်းကျင်သူတွေကတော့ တရုတ်စီးပွားရေးအပေါ်မထိခိုက်နိုင်ဘူးလို့မြင်ပါတယ်။
ပစိဖိတ်ဒေသအတွင်း တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကြီးမားလာတာကိုတုံ့ပြန်တဲ့အနေနဲ့ သြစတြေးလျားက အိမ်နီးချင်း ပါပူဝါနယူးဂီနီ နဲ့လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကိုလက်မှတ်ရေးထိုးဖို့ရှိနေပြီး သြစတြေးလျားဝန်ကြီးချုပ် Antony Albanese ဟာ ပါပူဝါမြို့တော် Port Moresby ကို ကြာသပတေးနေ့ကရောက်ရှိသွားပါတယ်။
၁၉၉၇ - ၂၀၁၂ ခုနှစ်အတွင်းမွေးဖွားသူတွေကို Generation Z သို့မဟုတ် Gen Z လို့သတ်မှတ်ခေါ်ဆိုကြပါတယ်။ သူတို့ထဲကအများအပြားဟာ အရွယ်ရောက်သူတိုင်းလုပ်လေ့ရှိတဲ့ တည်ငြိမ်တဲ့ အလုပ်တခုရှိမယ်၊ အိမ်ပိုင်ယာပိုင်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ အစဉ်အလာနောက်ကိုလိုက်ဖို့ိစိတ်ကူးမရှိကြသေးပါဘူး။
၁၉၉၇ ခုနှစ် မိုင်းတားဆီးပိတ်ပင်ရေး သဘောတူစာချုပ်လက်မှတ်ထိုးမထားတဲ့ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံပဲ ဒီနှစ်ထဲ မြေမြှုပ်မိုင်းတွေ အသုံးပြုခဲ့တယ်လို့ နောက်ဆုံးထုတ် မြေမြှုပ်မိုင်း တားဆီးရေး နှစ်ပတ်လည် အစီရင်ခံစာမှာဖော်ပြပါတယ်။ Henry Ridgwell သတင်းပေးပို့ထားတာ ကိုဇော်မိုးကျော်ပြောပြမှာပါ။
မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews ဟာ နိုဝင်ဘာ ၁၆ ကနေ ၂၁ အထိ ၅ ရက်ကြာခရီးအတွင်း တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအရေးအပါအဝင် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းပြန်ရောက်ရေး တောင်ကိုရီးယားကိုတွန်းအားပေးဖို့လည်း ပါဝင်နိုင်တယ်လို့ တောင်ကိုရီးယားရှိ မြန်မာ့အရေးလှုပ်ရှားသူတွေက မျှော်လင့်ထားပါတယ်။
မြန်မာနိုင်ငံသားတွေကို ဒေသတွင်းနိုင်ငံတွေက အတင်းအကျပ် နေရပ်ပြန်ပို့တာတွေ မလုပ်ကြဖို့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အောက်တိုဘာ ၂၀ရက်က တိုက်တွန်းပြီးနောက် မလေးရှားကနေ ပြန်ပို့မယ့် အစီအစဉ်တွေကို ရပ်နားထားတယ်လို့ မြန်မာလူ့အခွင့်အရေးအဖွဲ့ (မလေးရှား) ရဲ့ တာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုတဲ့ ၇နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၆ဖွဲ့ တက်ရောက်ဖို့ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ဇော်မိုးကျော် က ပြောပြမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်