သမ္မတဒေါ်နယ်ထရန့်အနိုင်ရရှိခဲ့တဲ့အပေါ်တရုတ်သမ္မတရှီကျင်းပင်အပါအဝင်အာရှတိုက်ကခေါင်းဆောင်တွေကဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ဒါပေမယ့်တရုတ်နဲ့ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလား၊ကိုရီးယားအရေး၊အင်ဒိုပစ္စဖိတ်လုံခြုံရေးနဲ့ အစ္စရေးပါလက်စတိုင်းအရေးတွေကိုရိုက်ခတ်လာမလားစိုးရိမ်ကြပါတယ်။ ကိုဇော်မိုးကျော်က တင်ပြထားပါတယ်
မြောက်ကိုရီးယားအနေနဲ့ ယူကရိန်းစစ်ပွဲမှာအောင်ပွဲရသည်အထိရုရှားဘက်ကရပ်တည်သွားမယ်လို့ပြောဆိုပါတယ်။ ကာကွယ်ရေးအပါအဝင်အီရန်နဲ့ ရုရှားဘက်ပေါင်းစုံမဟာမိတ်ပြုလိုက်ပါတယ်။ အင်ဒိုနီးရှားသမ္မတအသစ် Prabowo Subianto ဟာတရုတ်နဲ့အမေရီးကားကိုသွားရောက်ဖို့ရှိနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်သစ်ရှီဂရုအစ်ရှီဘာကလုံခြုံရေးဦးစားပေးမူဝါဒကိုတင်ပြပါတယ်အီရန်အနေနဲ့အစ္စရေးကိုတိုက်ခိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့အီရန်ခေါင်းဆောင်ကပြောပါတယ်တောင်တရုတ်ပင်လယ်မှာဗီယက်နမ်ငါးဖမ်းသမားတွေကိုတရုတ်ကမ်းခြေစောင့်တပ်တွေကတိုက်ခိုက်တဲ့အပေါဖိလစ်ပိုင်ကရှုံ့ချပါတယ်ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
တရုတ်ကတိုက်ခြင်းပစ်ဒုန်း တစင်းကိုပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။ ဂျပန်စစ်သင်္ဘောတစင်းဟာနှစ်ပေါင်း၇၀ကျော်အတွင်းပထမဆုံးအကြိမ်တရုတ်ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းမောင်းနှင်ခဲ့ပါတယ်။အစ္စရေးနဲ့ဟစ်ဇဘိုလာအကြားပဋိပက္ခပြင်းထန်လာနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
တရုတ်ပြည်မှာနိုင်ငံပေါင်း၁၀၀ ကျော်ပါဝင်တဲ့ပီကင်းရှင်ရှန်းလုံခြုံရေးညီလာခံကိုကျင်းပပါတယ်။ တပြိုင်နက်ထဲမှာဘဲထိုင်ဝမ်မှာလည်းလုံခြုံရေးနဲ့ဒီမိုကရေစီညီညွတ်ရေးညီလာခံတရပ်ကိုကျင်းပပါတယ်။ မြောက်ကိုရီး ယားကတော့ သူ့ရဲ့ ညူကလီးယား လက်နက်စက်ရုံကိုလူသိရှင်ကြားထုတ်ပြလာပါတယ်။ ကိုဇော်မိုးကျော် ကစုစည်းတင်ပြထားပါတယ်။
တရုတ်မှာကျင်းပခဲ့တဲ့ တရုတ်အာဖရိကပူးပေါင်းဆောင်ရွက်ရေးထိပ်သီအစည်းအဝေးမှာအာဖရိကအတွက်တရုတ်ကဒေါ်လာ၅၁ဘီလီယံကတိပြုခဲ့ပါတယ်မကြာမီနှုတ်ထွက်တော့မယ့်ဂျပန်ဝန်ကြီးချုပ်ဖူမိအိုကီရှီဒါတောင်ကိုရီးယားသွားပါတယ်ထိုင်းမှာတော့ဝန်ကြီးချုပ်အသစ်ပေတုန်တန်ရှီနာဝပ်ကိုဘုရင်ကအတည်ပြုပေးလိုက်ပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လာမယ့် ၂၀၂၅ နိုဝင်ဘာလောက်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောဆိုထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ ကုလသမဂ္ဂမှာပြောဆိုခဲ့ပါတယ်။ ပြည်တွင်းမှာလည်းရွေးကောက်ပွဲဝင်မယ့်ပါတီတွေလည်းရှိနေပါတယ်။
တည်ငြိမ်ကောင်းမွန်တဲ့ဆက်ဆံရေးကိုလိုလားပါတယ်လို့ တရုတ်သမ္မတရှီကျင်းပင်က အမေရိကန်လုံခြုံရေးအကြံပေးJake Sullivanကိုပြောဆိုခဲ့ပါတယ်ဂျပန်ကတော့ကာကွယ်ရေးအသုံးစားရိတ်တိုးမြှင့်ဖို့ပြင်ဆင်နေပါတယ်။ အင်ဒိုနီးရှားနဲ့ သြစတျေးလျားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့သဘောတူလိုက်ပါတယ်ကိုဇော်မိုးကျော်ကတင်ပြပေးပါမယ်
အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာယူကရိန်းကိုသွားရောက်ပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့တိုက်တွန်းပါတယ်။ ဂျပန်နဲ့အိန္ဒိယလုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပါတယ်။ ထိုင်ဝမ်သမ္မတလိုင်ချင်းတေLai Ching-teကတော့ ကာကွယ်ရေးအတွက်အင်အားတိုးမြှင့်မယ်လို့ပြောပါတယ်။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
တရုတ်ရဲ့ခြိမ်းခြောက်မှုခံနေရတဲ့ထိုင်ဝမ်မှာအန္တရယ်ကျလာရင်တုန့်ပြန်ဆောင်ရွက်နိုင်ဖို့လေ့ကျင်မှုတွေပြုလုပ်ပါတယ်ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတရုတ်ပြည်ကိုလာရောက်စဉ်ရုရှားနဲ့စစ်ပွဲရပ်စဲနိုင်ရေးဆွေးနွေးပါတယ်ဘင်္ဂလားဒေ့ရှ်မှာလူ ၂၀၀ လောက်သေဆုံးခဲ့တဲ့ဆန္ဒပြပွဲတွေဖြစ်ခဲ့ပါတယ်။ ကိုဇော်မိုး ကျော်ကတင်ပြထားပါတယ်
“ရခိုင်မှာ ငွေသားရှားပါးတဲ့ ပြဿနာက တော်တော်ဆိုးရွားတဲ့အခြေအနေမှာရှိနေတာပေါ့နော်၊ ငွေလွှဲငွေထုတ်ဆိုင်တွေမှာ သွားထုတ်ရင် ရာခိုင်နှုန်းကတော်တော်များတယ်။ ၂၀%၊ တချို့နယ်ဘက်တွေမှာ ၂၃ ရာခိုင်နှုန်း။ အဲလောက်တောင် ပေးရတယ်။ ဒါက နေ့စဉ်လူနေမှုဘဝတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်နေတယ်။”။ (ကျောက်တော်ဒေသခံ)
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ချင်းတွင်းမြစ်ရေမြင့်တက်လာတာကြောင့် ကျေးရွာတွေနဲ့စိုက်ခင်းတွေထဲ ရေတွေဝင်ပြီး ဒေသခံတွေရေဘေးကြုံနေသလို စစ်ကိုင်းမြို့မှာလည်း ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်မှာရှိနေပြီး နေအိမ် ၃၀၀ ကျော် ရေဘေးသင့်နေပါတယ်။
တရုတ်နဲ့ရုရှားဦးဆောင်ပြီးအာရှအလယ်ပိုင်းဒေသမှာ“ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” ထိပ်သီးညီလာခံကို ကျင်ပပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီဟာ ရုရှားနိုင်ငံကိုသွားရောက်ဖို့ရှိပါတယ်။နယ်မြေအငြင်းပွားမှုတွေကြောင့် တင်းမာနေတဲ့တရုတ်နဲ့ဖိလစ်ပိုင်အကြား ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
လောင်းလုံးမြို့နယ်မှာ မြို့နယ်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေလုံခြုံရေး အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ အသိပေးထုတ်ပြန်ပြီး နောက်တနေ့မှာပဲ နယ်မြေလုံခြုံရေးယူထားတဲ့နေရာကို စစ်ကောင်စီဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တရုတ်နယ်စပ်က အလုပ်ရုံတွေမှာ အလုပ်လုပ်ဖို့ မူဆယ်မြို့ပေါ်မှာ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီး နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် စောင့်ဆိုင်းနေသူတွေ အရင်ကထက် ပိုများလာကြောင်း မူဆယ်မြို့က ဒေသခံတွေက ပြောပါတယ်။ အရင်ကဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ဒေသခံတွေပဲ တရုတ်ကို အများဆုံးသွားကြတာပါ။
ထိုင်ဝမ်ကိုခွဲထွက်ဖို့လုပ်မယ်ဆိုရင်အပြစ်ပေးခံရမယ်လို့ တရုတ်ကသမတလိုင်ချင်းတေကိုထပ်မံကြိမ်းဝါးပြောဆိုပါတယ်။ရုရှားနဲ့တောင်ကိုရီးယားအကြားထိပ်တိုက်တင်းမာမှုတွေမြင့်တက်လာပါတယ်။ဂျပန်ကတော့ဇူလိုင်လထဲမှာNATOအဖွဲ့ဝင်နိုင်ငံတချို့နဲ့ လေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ရှိနေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
စစ်ဖြစ်လာရင်တနိုင်ငံနဲ့တနိုင်ငံကူညီဖို့ ရုရှားနဲ့မြောက်ကိုရီးယားသဘောတူလိုက်ပါတယ်။ဒီအပေါ်တောင်ကိုရီးယားနဲ့ ဂျပန်ကတော့စိုးရိမ်ပူပန်ပါတယ်။တိဗက်ခေါင်းဆောင်ဘုန်းတော်ကြီးဒလိုင်းလားမားကိုအမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေသွားရောက်တွေ့ဆုံတဲ့အပေါ် တရုတ်ကတော့ မကျေမနပ် ဖြစ်နေပါတယ်။ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။
Fulbright ပညာတော်သင်ထောက်ပံ့ကြေးတွေပေးတဲ့ အမေရိကန် နိုင်ငံတကာပညာရေးအဖွဲ့ Institute for International Education IIE ကို မလိုလားအပ်တဲ့အဖွဲ့အဖြစ်ရုရှားစိုးရကသတ်မှတ်ပြီး မတ်လထဲမှာ ရုရှားနိုင်ငံအတွင်းလုပ်ဆောင်ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။
"ဂျပန်ကနေ ဆန်ကူညီထားတယ်လို့ ကြားတယ်။ ဒီကိုရောက်လာတဲ့ ဆန်က လူကယ်ပြန်ရဲ့ဆန်။ အဲဒီလူကယ်ပြန်က သူတို့အနေနဲ့ ဒီအတိုင်းဝင်လာတာ မဟုတ်ဘဲနဲ့ ဒေသဦးစီးနဲ့ ချိတ်ဆက်ပြီးတော့မှ ဝင်လာတာ။ ဂျပန်တွေ ထောက်ပံ့ထားတာက ဘယ်လိုတွေ သွားနေတယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ ဆီဆိုင်ကိုတော့ ရောက်မလာသေးဘူး။" (မြို့ခံ)
စစ်ကောင်စီလက်ထက် ဒီနှစ် တက္ကသိုလ်ဝင်ခွင့်အောင်စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်ထားပြီး အောင်ချက်ရာခိုင်နှုန်းက ၅၇ ရာခိုင်နှုန်းကျော်ရှိတယ် ဖော်ပြထားပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၃၀,၀၀၀ နီးပါးသာရှိပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ အဆမတန်ကွာဟနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်