မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်လူမှုအသိုင်းအဝိုင်းထဲ တသားတည်းဖြစ်စေရေး ဆောင်ရွက်ပေးပါဆိုတဲ့ အကြံပြုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး က လက်မခံပယ်ချလိုက်ပါတယ်။
စားနပ်ရိက္ခာဖြတ်တောက်ခံထားရတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေရဲ့ ရာမာဒန်ကာလ ဥပုသ်ဆောက်တည်တာနဲ့ ဒုက္ခသည်စခန်းတွင်း ဝတ်ပြုဆုတောင်းမှုတွေအကြောင်း ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းပြီး ရိုဟင်ဂျာတို့ရဲ့ မျှော်လင့်ချက်အစီစဉ်ကနေ မဆုမွန် စုစည်းတင်ဆက်ပေးထားပါတယ်။
ကမ္ဘာတဝန်းက ဘီလီယံချီတဲ့ မူဆလင်တွေ ဥပုသ် ဆောက်တည်နေကြချိန်မှာ ကမ္ဘာအကြီးမားဆုံး ဒုက္ခသည်စခန်းကြီးလို့ တင်စား ခေါ်ဝေါ်ခံခဲ့ရဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာမူဆလင် သိန်းချီခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာတွေလည်း ဥပုသ်စောင့်နေကြပါပြီ။
မလေးရှားရောက်ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေ VOA Rohingya Lifeline အစီအစဉ်ကနေ Hamid Hussain စီစဉ်တင်ဆက်ထားတဲ့သတင်းကို အခြေခံပြီး ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က စုစည်းတင်ဆက်ပေးထားပါတယ်။
နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မလေးရှားနိုင်ငံရောက် ရိုဟင်ဂျာတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့နဲ့ ရိုဟင်ဂျာတွေကို လူ့အခွင့်အရေးတွေဖော်ဆောင်ပေးဖို့ မလေးရှားလူငယ်ကွန်ရက် က တောင်းဆိုလိုက်ပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူဆလင်တွေရဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအကြပ်အတည်းတွေနဲ့ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
တိုက်ပွဲတွေဖြစ်နေပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးရှောင်လို့မရ၊ ရခိုင်မြောက်ပိုင်းဘက်မှာလည်း ပြေးစရာမရှိဖြစ်နေတဲ့ ရိုဟင်ဂျာတွေအတွက် အသက်ဘေးအန္တရာယ် အထူးစိုးရိမ်နေရပြီး လူသားချင်းစာနာမှု ဆေးဝါးစားနပ်ရိက္ခာ ကူညီကယ်ဆယ်ရေး အရေးပေါ်လိုအပ်နေတဲ့အခြေအနေဖြစ်နေပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ထိုင်းနိုင်ငံကို သွားလိုသူ မြန်မာနိုင်ငံသားတွေ ထိုင်းပြည်ဝင်ခွင့် ဗီဇာရရှိဖို့ လူကိုယ်တိုင်သံရုံးရှေ့တန်းစီပြီး ရက်ချိန်းယူတဲ့စနစ်ကို ဖျက်သိမ်းလိုက်တယ်လို့ ထိုင်းသံရုံးဘက်က ဒီနေ့ညနေပိုင်းမှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။
နယ်စပ်မှာဖြစ်ပေါ်နေတဲ့ AA ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့စစ်ရေးတင်းမာမှုတွေကြား လတ်တလော ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမူဆလင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွင်းက ဒုက္ခသည်တွေရဲ့လုံခြုံရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ သုံးနှစ်ကျော်လာတဲ့အချိန်အထိ မြန်မာနိုင်ငံက သတင်းသမားတွေ ပြည်ပကိုထွက်ပြီး စစ်ကောင်စီနဲ့ ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေကြား တိုက်ပွဲသတင်းတွေကိုသုံးသပ်ရင်း တချိန်တည်းမှာ သတင်းအရင်းအမြစ်တွေ ဘေးကင်လုံခြုံအောင် ဆက်ထိန်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။
NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ရိုဟင်ဂျာအခွင့်အရေး အကြံပေးပုဂ္ဂိုလ်အပါအဝင် လူ့အခွင့်အရေး အထူးအကြံပေးပညာရှင်တွေကို ထားရှိပြီး လူ့အခွင့်အရေး ချိုးဖောက်မှုခံရမှုတွေကို အကြောင်းကြားနိုင်ဖို့နဲ့ မှတ်တမ်းရယူ ဖြေရှင်းပေးနိုင်ဖို့ တရားမျှတမှု ရအောင် ဖော်ဆောင်ပေးနေပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မြောက်ပိုင်း ကျေးရွာတွေက ဒေသခံ တသောင်းဝန်းကျင်လောက်ဟာ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။
စစ်အာဏာသိမ်း(၃) နှစ်ပြည့်မှာ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက အာဏာသိမ်းနှစ်ပတ်လည် စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးသွားသူတွေအတွက် အောက်မေ့ဘွယ်ဆုတောင်းခဲ့ကြသလို စစ်အာဏာရှင်စနစ် အပြီးသတ်အဆုံးသတ်ဖို့နဲ့ တန်းတူအခွင့်အရေး၊ တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်လည်း တောင်းဆိုခဲ့ပါတယ်။
အင်ဒိုနီးရှား အာချေးကမ်းခြေရောက် ရိုဟင်ဂျာတွေကို ရန်လိုတိုက်ခိုက် ပြန်မောင်းထုတ်နေတာတွေ ရပ်တန့်ပေးဖို့နဲ့ အွန်လိုင်းတွေကနေ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ရန်လိုမုန်းတီးမှုတွေ အဆုံးသတ်ရေး စုံစမ်း စစ်ဆေးပေးဖို့ HRW နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားပါတယ်။
အိန္ဒိယကနေ မြန်မာနိုင်ငံကို ပြန်ပို့မဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ခေါ်ယူတဲ့ မြန်မာ လေတပ်လေယာဉ်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က Lengpui လေဆိပ်မှာ ပြေးလမ်းချော်ပြီး လမ်းဘေးထိုးဆင်းသွားပါတယ်။
ကလေးငယ်တွေအပါအဝင် လူပေါင်းငါးထောင်ကျော် မီးဘေးသင့်ခဲ့ရတဲ့ စခန်း(၅) မီးလောင်ကျွမ်းမှုနောက်ဆက်တွဲ လူသားချင်းစာနာမှုအကူအညီတွေ စာသင်ကျောင်းတွေအပါအဝင် နေအိမ်တွေ ပြန်လည်တည်ဆောက်နေနိုင်ရေး ဝိုင်းဝန်းကူညီပေးကြဖို့NUG လူ့အခွင့်အရေးဒုဝန်ကြီးက တောင်းဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့မှာ ဒီသီတင်းပတ်ထဲ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားရာက အရပ်သားတွေ ထိခိုက်မှုတွေနဲ့ ဘေးလွတ်ရာ တိမ်းရှောင်ရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်း(၅) မီးအကြီးအကျယ်လောင်ကျွမ်းမှုမှာ အိမ်ခြေတထောင်ကျော်နဲ့ စာသင်ကျောင်း ၂၀ကျော် မီးထဲပါသွားလို့ ရိုဟင်ဂျာဒုက္ခသည် ခုနှစ်ထောင်ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ မီးလောင်မှုနောက်ဆုံးရအခြေအနေတွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၉၆၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ အနည်းဆုံး သတင်းသမား ၃ ဦး ပါဝင်ခဲ့ပေမဲ့ နောက်ထပ် အများအပြား ကျန်နေသေးတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီက တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်