ကမ္ဘာမှာ Robusta(ရိုဘတ်စတာ) အမျိုးအစားကော်ဖီစေ့ အများဆုံးထွက်တဲ့ ဗီယက်နမ်နိုင်ငံက ကမ္ဘာ့ဈေးကွက်မှာနံပါတ် ၁ နေရာယူထားတဲ့ Arabica(အရာဘစ်ကာ) အမျိုးအစားကော်ဖီစေ့တွေလို ထိပ်တန်းရောက်အောင် ကြိုးစားနေကြပါတယ်။ဗီယက်နမ် ကော်ဖီလုပ်ငန်းအကြောင်းမစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
စိတ်ကျန်းမာရေးဆိုတာ ဘာကို ပြောတာပါလဲ။ လူမှုကွန်ရက်တွေကြောင့် စိတ်ပိုင်းထိခိုက်မှုတွေ ပြေလျော့အောင် ဘယ်လိုလုပ်နိုင်သလဲဆိုတာတွေကို မစုမြတ်မွန်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ က စိတ်ကျန်းမာရေး အထူးကုဆရာဝန် ဒေါက်တာနီလာသွင်နဲ့ မေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ အမှုအတွက် ထပ်ပြီးထောင်ချလိုက်တာပါ။
ဗြိတိန်နိုင်ငံ Windsor မြို့က တော်ဝင်အမှတ်တံဆိပ်ရထားတဲ့ ဘီယာချက်လုပ်ငန်းကနေ Charles ဘုရင်နန်းတက်တာကို ဂုဏ်ပြုတဲ့ အထူးဘီယာ ထုတ်လုပ်ထားပါတယ်။ Return of the King လို့နာမည်ပေးထားတဲ့ ဘီယာသစ်ကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားမြည်းကြည့်ရအောင်ပါ။
အမေရိကန်ပြည်ထောင်စုက Yale တက္ကသိုလ်ကြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးပြုဘာသာရပ်တွေကို သင်ကြားနေပါတယ်။ မြန်မာနဲ့ဆိုင်တဲ့ သင်ကြားမှုတွေအကြောင်း အရှေ့တောင်အာရှအထူးပြု ပါမောက္ခ ဒေါက်တာဒေးဗစ်မိုးကို မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ မေးမြန်းတင်ပြထားပါတယ်
တတိယမြောက် Charles ဘုရင်နန်းတက်ပွဲကျင်းပဖို့ ဗြိတိန်မှာ အသေးစိတ်ပြင်ဆင်မှုတွေကို လုပ်နေပါတယ်။ နန်းတက်ပွဲအခမ်းအနားလုပ်မယ့် ဘုရားရှိခိုးကျောင်းကနေ၊ နန်းတက်ပွဲကအပြန် ဘုရင်ကြီးစီးမယ့် ရထားလုံးအထိ အစီအစဉ် ပြင်ဆင်နေကြတာကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။
ဟင်းချက်နည်းကို တင်ပြနိုင်တဲ့ လူမှုကွန်ရက်တွေပေါ်က Video အတိုလေးတွေဟာ ဒီနေ့ခေတ်စီးပွားရေးအောင်မြင်ဖို့ သိပ်ကိုအရေးကြီးတဲ့အခန်းကနေ ပါဝင်နေပါပြီ။ ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့က ငရုတ်ကြော်ဆီ Chili Oil လုပ်ငန်းလုပ်နေသူ မမေကြည်နူးကို မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ မေးမြန်းထားပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်တွေ ကြာသပတေးနေ့က လေကြောင်းနဲ့ထပ်မံပစ်ခတ်ခဲ့ပြီးနောက် ရွာထဲကို ဝင်ရောက် မီးရှို့ခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင်သွားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
ဂျော်ဂျီယာနိုင်ငံ ကော်ကေးဆပ်တောင်တန်းတွေကြားမှာရှိတဲ့ Mestia တောင်ပေါ်မြို့ကို ခရီးသွားလို့အကောင်းဆုံး ကျေးလက်မြို့တမြို့အဖြစ် ကုလသမဂ္ဂရဲ့ UNWTO ခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ၂၀၂၂ ခုနှစ်က သတ်မှတ်ခဲ့ပါတယ်။ ဘယ်လိုထူးခြားမှုရှိပါသလဲ၊ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အမေရိကန်တက္ကသိုလ်တွေမှာ ကျောင်းလာတက်နေတဲ့ မြန်မာနိုင်ငံကကျောင်းသူ ကျောင်းသားတွေ အလုပ်ဘယ်လိုရှာရမလဲ၊ အင်တာဗျူးခေါ်ခံရရင် ဘာတွေ ပြင်ဆင်ထားသင့်တယ်ဆိုတာကို ကော်ပိုရိတ်အလုပ်အကိုင်ရှာဖွေပေးသူ မဘုန်းမြတ်သရဖီကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ ဒုတိယပိုင်းအဖြစ် တင်ဆက်ထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အပါအဝင် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ဒေသခံ စုစုပေါင်း ၁၆၈ ယောက် သေဆုံးခဲ့တယ်လို့ အလည်တိုက်နယ် ကာကွယ်ရေးတာဝန်ခံ က ပြောပါတယ်။
Super Mario ဂိမ်းဝါသနာရှင်တွေအတွက် အမေရိကန်ပြည်ထောင်စု Hollywood မှာ Super Nintendo World ကစားကွင်းကြီး ရှိနေပါပြီ။ Mushroom Kingdom ထဲမှာ Mario တို့ညီအကိုနဲ့အတူ စိန်ခေါ်မှုတွေကို အတူကျော်လွှားကစားနိုင်မယ့် ဂိမ်းကမ္ဘာကြီးဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
အလုပ်ရှာသူတွေအတွက် ပထမဆုံးအရေးကြီးတာက ကိုယ်နဲ့အကိုက်ညီဆုံးအလုပ်က ဘာလဲဆိုတာ အသေအချာသိဖို့ အရေးအကြီးဆုံးဖြစ်တယ်လို့ အလုပ်အကိုင်ရှာဖွေပေးသူတွေက အကြံပြုပါတယ်။စနစ်တကျ ပြင်ဆင်သင့်တဲ့အကြောင်း ကော်ပိုရိတ်အလုပ်အကိုင်ရှာဖွေပေးသူ မဘုန်းမြတ်သရဖီကို မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှု့ခင်းမှာတင်ဆက်ထားပါတယ်။
Switzerland နိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ နာရီပြပွဲကြီးမှာ စွဲမက်လိုချင်စရာ နာရီတွေကနေ ရင်းနှီးမြှပ်နှံမှုပစ္စည်းလိုသတ်မှတ်နိုင်တဲ့ ဇိမ်ခံနာရီမျိုးစုံကို ပြသခဲ့ကြပါတယ်။ ဇိမ်ခံနာရီထုတ်လုပ်တဲ့လုပ်ငန်းကြီး ၄၈ ခုက အကောင်းတကာ့ အကောင်းဆုံးနာရီတွေ အပြိုင်ပြသခဲ့ကြတဲ့ပွဲကို မစုမြတ်မွန်နဲ့အတူ သွားကြည့်ရအောင်ပါ။
မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ လောကဒဏ်ကို ကြံကြံခံရင်ဆိုင်နိုင်သူတွေဖြစ်တယ်ဆိုတာကို ဥရောပမှာ သိအောင် ပန်းချီဆရာမ ခြူးဝေက ပန်းချီတွေနဲ့ ပုံဖော်ပြသနေပါတယ်။ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ မေးမြန်းတင်ဆက်ထားပါတယ်။
နန်းတော်ဟောင်းကြီးတွေအပါအဝင် ရှေးဟောင်း အဆောက်အဦးကြီးတွေရှိတဲ့ ပြင်သစ်နိုင်ငံ အလယ်ပိုင်း Loire (လွား) တောင်ကြားဒေသကို နှစ်တိုင်း ကမ္ဘာလှည့်ဧည့်သည် သန်းနဲ့ချီလာလည်နေကြပါတယ်။ သမိုင်းကို ပြောပြနေတဲ့ ရှေးဟောင်းအဆောက်အဦးတွေဆီကို မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
အမေရိကန်နိုင်ငံ Indiana ပြည်နယ် Indianapolis မြို့မှာ အိမ်စာလုပ်ဖို့ အခက်အခဲရှိတဲ့ ချင်းနဲ့မြန်မာ ကျောင်းသူကျောင်းသားတွေကို အခမဲ့စာသင်ပေးနေတဲ့ Hope After School အစီအစဉ်အကြောင်း မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ ပြောပြထားပါတယ်။
ဈေးပေါပေါနဲ့ အချိန်တိုအတွင်း ဂီတာတလက်ဖြစ်အောင် ခေတ်သစ်နည်းတွေ မသုံးဘဲ လနဲ့ချီ အချိန်ယူပြီး အကောင်းဆုံး အသံထွက်အောင် လက်လုပ် ဂီတာလုပ်ငန်းတွေ စပိန်နိုင်ငံမှာ ရှိပါတယ်။ မှာဝယ်သူရဲ့ စိတ်ကြိုက်အသံအတိုင်းရအောင် ဂီတာတလက်ချင်း အဆင့်ဆင့် ဘယ်လိုလုပ်ပါသလဲ။ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
မန္တလေးတိုင်း၊ မတ္တရာမြို့ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာ ၁၀ ရွာကို စစ်တပ်က မတ်လ ၁၃ ရက်ကနေ ၁၆ ရက် အထိ ၄ ရက်အတွင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒေသခံ ၇ ဦးလည်း သတ်ဖြတ်ခံရတယ်လု့ိ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
Oscar ဆုပေးပွဲသက်တမ်း ၁၀၀ နီးပါးကြာမှ အာရှအနုပညာရှင်တွေကို ကဏ္ဍစုံမှာ ပထမဆုံးအကြိမ် ဆုပေး ဂုဏ်ပြုခဲ့ပါတယ်။ ခုလို အသိအမှတ်ပြုဆုပေးတာ နောက်တောင်ကျနေပါပြီလား။ Los Angeles မှာနေတဲ့ အကယ်ဒမီသရုပ်ဆောင် မေဝင်းမောင်ကို မစုမြတ်မွန်ကမေးမြန်းပြီး လူမှုရှုခင်းအစီအစဉ်မှာ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်