ရှေးဟောင်းပုဂံဘုရား စေတီတွေကို စကေးချုံ့ပြီး ယွန်းနဲ့ ပုံစံငယ်လုပ်တဲ့ အတတ်ပညာကို လူငယ်တွေ ပိုစိတ်ဝင်စား သင်ယူစေချင်တယ်လို့ ယွန်းဘုရားတွေလုပ်နေတဲ့ မြင်းကပါရွာက ယွန်းအတတ်ပညာရှင်က ပြောပါတယ်။ယွန်းအတတ်ပညာရှင် ဦးသိန်းနိုင်ကို မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အာဖရိကနဲ့ ဥရောပ ယဉ်ကျေးမှုတွေ၊ သမိုင်းအမွေအနှစ်တွေ အဆင့်ဆင့်ပြောင်းလဲလာမှုကို ထင်ဟပ်နေတဲ့ မော်ရကိုဗိသုကာလက်ရာတွေကို မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရမှာဖြစ်ပါတယ်။
ပုဂံဘုရားတွေလို ရှေးဟောင်းအမွေအနှစ်တွေ၊ သင်္ကြန်ပွဲတော်လို ယဉ်ကျေးမှုအမွေအနှစ်တွေကို UNESCO ရဲ့ အမွေအနှစ်စာရင်းဝင်နိုင်အောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်နိုင်မလဲဆိုတာကို ကမ္ဘာ့အမွေအနှစ်လေ့လာရေးပညာ မဟာတန်းတက်နေသူ မမြသဉ္ဇာခိုင်နဲ့ မစုမြတ်မွန်က မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
Brazil နိုင်ငံ Rio မြို့က သမိုင်းဝင် အနှစ် ၁၀၀ ကျော်ဟိုတယ်ကြီးမှာ နာမည်ကျော် ပြင်သစ်အနုပညာရှင်ကြီးတယောက်က အရောင်တွေသုံးပြီး ထူးခြားတဲ့ ဖန်တီးမှုတွေလုပ်ထားပါတယ်။ ဇိမ်ခံဟိုတယ်ကြီးမှာ တည်းခိုသူတွေတင်မဟုတ်ဘဲ အပြင်ကနေ ဘယ်သူမဆို မြင်တွေ့ခံစားနိုင်အောင် ဖန်တီးထားတဲ့ လက်ရာတွေကို ခံစားကြည့်ရအောင်ပါ။
ပါရီမြို့လယ် စိမ်းမြစ်ကမ်းဘေးတလျှောက်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်ထဲက စာအုပ်အဟောင်းဆိုင်တွေ ရှိပါတယ်။ မြို့ရဲ့ သမိုင်းဝင် သင်္ကေတတခုဖြစ်တဲ့ စာအုပ်ဟောင်းရောင်းတဲ့ဆိုင်တွေ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံနေရသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။
Quilting လို့ခေါ်တဲ့ ပိတ်စကို ဖောင်းကြွဖြစ်အောင်ချုပ်တဲ့နည်းတွေထဲက One Block Wonder နည်းနဲ့ ပိတ်စပန်းချီဖန်တီးနိုင်တဲ့အကြောင်း ပိတ်စပန်းချီဖန်တီးထားသူ မနီလာမျိုးနဲ့ မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းပြည်နယ်တွေမှာ မြင်းဆွဲ နှင်းလျှောစီး အားကစားနည်းတမျိုး အင်မတန်ရေပန်းစားပါတယ်။ မြင်းစီးသူရဲ့နောက်ကနေ နှင်းလျှောစီးသူက အခက်အခဲမျိုးစုံကျော်လွှားပြီး နှင်းလျှောစီးပြိုင်ရတဲ့ Skijoring အားကစာနည်းတမျိုးကို မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
ရှေးခေတ်အခါက မြန်မာနိုင်ငံမှာ ဝတ်စားခဲ့ကြတဲ့ အမျိုးသမီး အမျိုးသားဝတ်စုံတွေအပါအဝင် မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာလက်ရာတွေကို နောင်နှစ်ပေါင်းများစွာအထိ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတဲ့လူငယ် ကိုဉာဏ်ရဲရင့်ဝင်းနဲ့ မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ပိုလန်နိုင်ငံ ကျေးလက်ဒေသတွေမှာ အစပြုခဲ့ရာကနေ ဥရောပတော်ဝင်အခမ်းအနားတွေမှာ မပါမဖြစ် ကခဲ့ကြတဲ့ အကကို ကုလသမဂ္ဂယူနက်စကိုက ထိန်းသိမ်းရမယ့် ယဉ်ကျေးမှုအမွေအနှစ် တခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာကောင်းမွန်တဲ့ အပြောင်းအလဲတွေဖြစ်လာအောင် Australia နိုင်ငံ Sydney မြို့အခြေစိုက် Heart Beams Rising အဖွဲ့က မြန်မာလူငယ်တွေ ကြိုးစားနေကြပါတယ်။ လက်ငင်းအကူအညီ လိုအပ်နေသူတွေအတွက် မကြာခင်ကပဲ လမ်းလျှောက်ပွဲတခုလုပ်ခဲ့တာမို့ မစုမြတ်မွန်က လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
နှင်းတောင်တွေပေါ်မှာ နှင်းလျှောစီးရတဲ့အတွေ့အကြုံကိုနှစ်သက်သူတွေအတွက် နှင်းလျှောစီးခရီးစရိတ်တွေ တနှစ်ထက် တနှစ် ပိုတက်နေပေမဲ့ နှင်းလျှောစီးခရီးထွက်သူတွေ စံချိန်တင်များလာတယ်လို့ နှင်းလျှောစီးလုပ်ငန်းတွေက ပြောပါတယ်။ ဘာကြောင့်လဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် အိမ်နဲ့ဝေးရာရောက်သွားကြတဲ့ လူငယ်တွေ အနာဂတ်ရည်မှန်းချက်တွေ ပျောက်ပျက်မသွားအောင် ဘယ်လိုကြိုးစားနေကြရသလဲဆိုတာ ကာတွန်းရုပ်ပုံဖန်တီးသူ Harry နဲ့ မစုမြတ်မွန် မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာတင်ဆက်ထားပါတယ်။
ပြင်သစ်နိုင်ငံက ရှောက်သီးပွဲတော်၊ ဒိန်းမတ်နိုင်ငံက အလင်းရောင်ပွဲတော်အပါအဝင် ဥရောပမြို့တချို့မှာ အခုလို ဖေဖော်ဝါရီလဆိုရင် ထူးထူးခြားခြား ပွဲတော်တွေကျင်းပကြလေ့ရှိပါတယ်။ ဆောင်းရာသီကာလ ဥရောပပွဲတော်တွေဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေအတွက် လွတ်လပ်တဲ့ရွေးချယ်နိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေ၊ ပြန်လည်ပေါ်ပေါက်စေဖို့ နိုင်ငံတကာမှာရောက်နေကြတဲ့ မြန်မာလူငယ်တွေ တတ်ကျွမ်းတဲ့ပညာနဲ့ မျှဝေကြိုးစားနေကြပါတယ်။ ဗဟုသုတတွေ ဖလှယ်နိုင်ဖို့ သံစဉ့်အိမ် Podcast တင်ဆက်နေသူ သံစဉ်နဲ့ မစုမြတ်မွန် မေးမြန်းတင်ပြထားပါတယ်။
ဆလိုဗေးနီးယား(Slovenia) နိုင်ငံရဲ့ မြို့တော် (Ljubljana) လူဗျာနာကို နဂါးမြို့တော်လို့ တင်စားပြောကြပါတယ်။ တချိန်က နဂါးတွေရှိခဲ့တယ်လို့ပြောကြတဲ့ မြို့ဆီကို မစုမြတ်မွန်နဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ကြရအောင်ပါ။
မြန်မာနိုင်ငံကို ဒီမိုကရေစီအစိုးရစနစ်ပြန်ထွန်းကားအောင် တတ်နိုင်တဲ့နည်းနဲ့ ရန်ပုံငွေရှာ ပံ့ပိုးနေကြသူတွေထဲက အမေရိကန်ပြန်ထောင်စု Texas ပြည်နယ် Dallas မြို့မှာနေထိုင်တဲ့ မြန်မာနွယ်ဘွားတွေ ဘယ်လိုရန်ပုံငွေရှာကြသလဲဆိုတာ မစုမြတ်မွန်က လူမှုရှုခင်းမှာ တင်ပြထားပါတယ်။
စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးအရအရေးပါတဲ့ မအီမြို့က တံတား ၂ စင်းကို စစ်တပ်က ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ သင်္ဘောနဲ့အပျော်ခရီးထွက်သူတွေ ပိုများလာမယ်လို့ ခရီးသွားလုပ်ငန်းတွေက ခန့်မှန်းထားပါတယ်။ သင်္ဘောစီးပြီး ဇိမ်ခံခရီး၊ စွန့်စားခရီးသွားနေကြသူတွေ ဘာကြောင့်ပိုများလာသလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
မြန်မာနိုင်ငံမှာ စစ်ဖြစ်နေတဲ့နေရာတွေကို ကိုယ်တိုင်သွားပြီး ဓါတ်ပုံရိုက်ကူးခဲ့တဲ့ ဓါတ်ပုံသတင်းထောက် Y.A.T က ဓါတ်ပုံတချို့နဲ့ အဲဒီဓါတ်ပုံတွေရဲ့ နောက်ကွယ်က အကြောင်းတွေ မစုမြတ်မွန်နဲ့ မျှဝေထားတာကို လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
အီတလီနိုင်ငံ ရောမမြို့တော်က ကြယ် ၅ ပွင့်ဟိုတယ်တခုမှာ တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်းလက်ရာမျိုးစုံကို အများပြည်သူ ဝင်ရောက်ကြည့်ခွင့် ပြုထားပါတယ်။ တော်ဝင်မိသားစုတွေ ၊ ကြွယ်ဝချမ်းသာသူတွေသာ တည်းခိုကြလေ့ရှိတယ်။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားကြည့်ရအောင်ပါ။
နောက်ထပ်ကြည့်ရှုရန်