ပိုလန်နိုင်ငံအလယ်ပိုင်းက မြို့လေး တခုမှာ မြို့ထဲက လမ်းတွေကို ပန်းခင်းကော်ဇောအသွင် ပြောင်းထားပါတယ်။ ရောင်စုံပန်းတွေ၊ သစ်ရွက်တွေကို အသွင်မျိုးစုံနဲ့ ပန်းခင်းကော်ဇော်ရှည်ကြီး ဖြစ်အောင် မြို့ခံတွေက ပုံဖော်ကြတာဖြစ်ပါတယ်။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ချင်းပြည်နယ်မတူပီမြို့ အဝင်အထွက်ကို မြန်မာစစ်တပ်ကပိတ်ထားပြီး၊ မြို့ပြင်နဲ့ မြို့ထဲတဝိုက်နေရာတချို့ကို အလံနီစိုက်တားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းဒေသခံ PDF့တွေ၊ ချင်းကာကွယ်ရေးတပ် CDF့နဲ့ မြန်မာစစ်တပ်အကြား မကြာခဏ တိုက်ပွဲတွေ ပြန်ဖြစ်ပွားနေသလို၊ အသွားအလာတွေကို ပိုပြီးကန့်သတ်ထားပါတယ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား Sean Turnell နဲ့အမှုတွဲဝန်ကြီးတွေဖြစ်ကြတဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ဦးဆက်အောင်တို့အပေါ် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့စွဲဆိုထားတဲ့ အမှုအတွက် ထောင်ဒဏ် ၃ နှစ်စီကျခံဖို့ နေပြည်တော်အထူးတရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ဘရာဇီးလ်နိုင်ငံရဲ့ လွတ်လပ်ရေးသမိုင်းကို ထင်ဟပ်နေတဲ့ သမိုင်းပြတိုက်ကြီးကို ဆော်ပေါ်လိုမြို့မှာ ပြန်လည်ဖွင့်လှစ်ထားပါတယ်။ ပြင်သစ်က ဗာဆိုင်းနန်းတော်ပုံစံတူ ပြတိုက်အဆောက်အဦးကြီးကို ၁၀ နှစ်ကြာအောင် ပြန်လည်ပြင်ဆင်ပြီးမှ ဖွင့်လှစ်ခဲ့တာပါ။ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ပြထားပါတယ်။
ငွေကြေးစီးဆင်းမှုတွေကို စစ်ဆေးနိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေအတွက် ငွေကြေး ထောက်ပံ့တာကို တားမြစ်နိုင်ဖို့ မိုဘိုင်းဖုံးကနေ ငွေကြေးလွှဲတဲ့လုပ်ငန်းတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ မြန်မာစစ်ကောင်စီက ပြောပါတယ်။
“အလုပ်ပြန်တာ နောက်ကျရင် အဆင်မပြေတော့ဘူးပေါ့နော်။ ပုံမှန်အလုပ်လုပ်တဲ့အချိန် ၆ နာရီ၊ ၇ နာရီလောက်အထိ ့လုပ်လို့မရတော့ဘူး။ ၄ နာရီခွဲလောက်သိမ်းတယ်၊ အဲလိုမျိုး အလုပ်ပြန်လာတယ်ပေါ့။ ဒီလိုမျိုး အချိန်ကို ကိုယ့်ဟာကိုယ် သတ်မှတ်နေရတဲ့ပုံစံ ဖြစ်နေတော့ လွတ်လွတ်လပ်လပ် သွားလာလို့ မရဘူးဖြစ်နေတယ်။" (ရန်ကုန်လူငယ်)
လည်ပတ်စရာသဘာဝအလှနေရာတွေများတဲ့ Uganda နိုင်ငံကခရီးသွားလုပ်ငန်းတွေ ပြည်တွင်းခရီးသည်တွေကြောင့် အတော်လေးပြန်ကောင်းမွန်နေပါတယ်။ ပြည်ပကမ္ဘာလှည့်ဧည့်သည်တွေ အရင်လိုပြန်မလာကြသေးပေမဲ့ ပြည်တွင်းဧည့်သည်တွေနဲ့ ခရီးသွားလုပ်ငန်းတွေအလုပ်ဖြစ်နေတဲ့ Uganda နိုင်ငံကို မစုမြတ်မွန်ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေခေါ်သွားပါမယ်။
ပြင်သစ်နိုင်ငံကို လာလည်သူတွေ မသွားမဖြစ် သွားချင်ကြတဲ့နေရာထဲမှာ Versailles Palace ဗာဆိုင်းနန်းတော်ကြီးလည်း ပါဝင်ပါတယ်။ ပြင်သစ်ဘုရင် အဆက်ဆက် ခမ်းနားသထက် ခမ်းနားအောင် ပြင်ဆင်ခဲ့ကြတဲ့ ဗာဆိုင်နန်းတော်ကြီးဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားမှာဖြစ်ပါတယ်။
နားမကြားသူတွေ ဂီတသံစဉ်တွေကို ခံစားနိုင်အောင် နည်းပညာနဲ့ဖန်တီးထားတဲ့ ပစ္စည်းတွေရှိပါတယ်။ ဂီတသံတခုချင်းစီရဲ့ တုန်ခါမှုကို နားမကြားသူရဲ့ အရေပြားကတဆင့် ဂီတသံတွေအဖြစ် ပြောင်းလဲပေးတဲ့ ကိရိယာတွေဖြစ်ပါတယ်။ မစုမြတ်မွန်က ဘလော်ဂါတွေပြောသမျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အာရှတိုက်နဲ့ ဥရောပတိုက်ပေါ်မှာ တည်ရှိနေတဲ့ Istanbul မြို့တော်မှာ လှပတဲ့ပင်လယ်ကမ်းခြေတွေ အများကြီးရှိပါတယ်။ မြို့ရဲ့ မြောက်ဘက်မှာ ပင်လယ်နက် တောင်ဘက်မှာ Marmara ပင်လယ်တွေနဲ့ ထိဆက်နေတဲ့ ပင်လယ်ကမ်းခြေတွေဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။
“ရေရှင်ကတော့ ဘယ်သူမှပြန်လို့မရဘူး။ သူတို့ရွာလည်း ဘာမှမကျန်တော့ဘူးဆိုတော့ အရှေ့စီးကတော့ ၃ ပုံ ၂ ပုံလောက်ကတော့ ပြန်လာကြပြီဗျ၊ ဘေးက ကျေးရွာထဲကနေပြီးတော့မှ အိမ်အသေးလေးတွေ ဆောက်ပေးကြတယ်။ နောက်ပြီး စားနပ်ရိက္ခာလည်း ဘေးကနေထောက်ပံ့ပေးကြတာ။ အရှေ့စီးတွေ ပြန်လာပြီ။ ရှားဖိုပြန်လာပြီ။ တင်သားပြန်လာပြီ။”
ပါရီမြို့လယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ စိမ်းမြစ်ကမ်းတလေ ျှာက်မှာနှစ်တိုင်းနွေရာသီရောက်ပြီဆိုပင်လယ်ကမ်းခြေလိုအသွင်အပြင်တွေ ပြောင်းလဲသွားပါတယ်။ ပင်လယ်ကမ်းခြေရှိတဲ့နေရာတွေဆီသွားစရာမလိုဘဲအပန်းဖြေအနားယူသလိုမျိုးဖြစ်အောင်ဖန်တီးထားတဲ့ ကမ်းခြေတုတွေဆီ မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေခေါ်သွားပါလိမ့်မယ်။
“လူငယ်တွေကျတော့ နစ်နာတာပေါ့ဗျာ။ အစကတည်းက ပြောတာမဟုတ်ဘဲ ကျနော်တို့က မိုးထဲရေထဲမှာစောင့်ပြီးတော့ တချို့ဆို မူးလဲတဲ့သူတွေရှိတယ်။ ဟိုတယ်ငှားပြီး လာရတဲ့သူတွေရှိတယ်။ အဲလိုကျ အရမ်းနစ်နာတယ်ဗျ။" (သွားရောက်တန်းစီခဲ့သူ လူငယ်)
Facebook လူမှုကွန်ရက်ပေါ်မှာ ဓါတ်ပုံတွေ ဗီဒီယိုတွေအပါအဝင် ကိုယ်တင်ချင်တာတွေ တင်ကြတဲ့အခါ ဘယ်လိုကန့်သတ်ချက် စံနှုန်းတွေရှိတယ်ဆိုတာ မစုမြတ်မွန်နဲ့ ကိုဝင်းခန့်မောင်တို့က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ ရှင်းပြထားပါတယ်။
လ ျှပ်စစ်ကားစီးသူများလာတဲ့ ဗြိတိန်နိုင်ငံမှာ Hybrid ဘက်ထရီသုံး Superhub ကနေ လ ျှပ်စစ်ကား ဓါတ်အားဖြည့်နေရာတွေအတွက် ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေတဲ့အကြောင်း မစုမြတ်မွန်က အေပီသတင်းကို အခြေခံပြီး ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
လူမှုကွန်ရက်ပေါ်မှာ လူအများစိတ်ဝင်စားမှုရအောင် ဖမ်းစားနိုင်တဲ့ဓါတ်ပုံ၊ ဗီဒီယို ရိုက်နိုင်အောင် သီးသန့်လုပ်ပေးထားတဲ့ ပြတိုက်တခု Sweden နိုင်ငံမှာ ရှိပါတယ်။ စွဲဆောင်မှုရှိတဲ့နောက်ခံတွေ အရောင်တွေနဲ့ ပြခန်းတိုင်းကို Youseum က ဖန်တီးထားတာပါ။ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ထားပါတယ်။
ဂျပန်နိုင်ငံက အသက် ၇၀ ကျော်အရွယ် ပန်းချီဆရာ ဘိုးဘိုးတယောက်မှာ အွန်လိုင်း ပရိတ်သတ် ၁ သန်းခွဲလောက်ရှိပါတယ်။ ပန်းချီဆွဲနည်းသင်ပြရင်းက YouTube စတားတယောက်ဖြစ်လာတဲ့ ပန်းချီဆရာ Harumichi Shibasaki အကြောင်းကို မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
အီတလီမှာ ၇၉ အေဒီတုန်းက မီးတောင်ပေါက်ပြီး ချော်ရည်တွေဖုံးသွားခဲ့တဲ့ Pompeii မြို့ဟောင်းကြီးကို ခေတ်သစ်နည်းပညာတွေနဲ့ ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေကြတဲ့အကြောင်း မစုမြတ်မွန်က ဘလော်ဂါတွေပြောသမ ျှ အစီအစဉ်မှာ တင်ပြထားပါတယ်။
သြစတြီးယားနိုင်ငံ ဗီယာနာမြို့တော်မှာ တော်ဝင်ဗိသုကာ လက်ရာတွေ၊ ခေတ်ရှေ့ပြေးမြို့ပြ အပြင်အဆင်တွေကို တမြို့လုံးမှာ မြင်တွေ့ရနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာမှာ နေချင်စရာအကောင်းဆုံးမြို့အဖြစ် The Economist မဂ္ဂဇင်းက ရွေးချယ်သတ်မှတ်ထားတာပါ။ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်မှာ မစုမြတ်မွန် တင်ဆက်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဆက်ရှိနေလို့ မုတ်သုံလေ အားကောင်းပြီး လေပြင်းတိုက်ခတ်တာနဲ့ မိုးကြီးတာတွေ နိုင်ငံတဝန်းရှိနေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်