MoU အလုပ်သမားများ သက်တမ်းပြည့်ရင် စစ်မှုထမ်းရမယ်ဆိုတဲ့အချက် ထည့်သွင်း၊ ရခိုင်နဲ့ ချင်းတို့မှာ တိုက်ပွဲများပြင်းထန်၊ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီကရော တရုတ်ဘက်ကပါ ကုန်စည်စီဆင်းတဲ့ လမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် အရပ်သားတွေ အခက်ကြုံ စသည် တပတ်အတွင်းသတင်းတွေကို မခင်လေးနဲ့ ကိုစည်သူတို့ တင်ပြထားပါတယ်။
နယ်သာလန်မှာ ရေမြောင်းတုတ်ထောက်ခုန်ကျော်ရတဲ့ ရိုးရာအားကစားပြိုင်ပွဲ ကျင်းပပါတယ်။ ပိုလန်စစ်တပ်မှာ စစ်တပ်သုံးခွေးလေးတွေကို ရာထူးပေး၊ ကယ်လီဖိုးနီးယားကမ်းခြေက ခွေးရေလှိုင်းစီး ပြိုင်ပွဲ၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို မအိသန့်စင်နဲ့ ကိုစည်သူတို့ တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ နေရာဒေသအကျယ်ပြန့်ဆုံး အဆိုးဆုံး ရေဘေးနဲ့ ကြုံနေရ၊ ကန်အကူအညီ ပို့မယ်ပြောကြား၊ အရပ်သားနယ်မြေ ပစ်မှတ်ထားလေကြောင်း တိုက်ခိုက်မှု စစ်ရာဇဝတ်မှုမြောက်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုစည်သူ တင်ပြထားပါတယ်။
မြဝတီမြို့ ပြန်သိမ်းယူနိုင်ရေးအတွက် စစ်ကောင်စီဘက်က အင်အားပြည့် ကြိုးပမ်းနေပြီး၊ ထိုင်းကတော့ အခြေအနေကို စောင့်ကြည့်နေ၊ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ကန့်ကွက်မှုတွေကြားက ပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုစည်သူ တင်ပြထားပါတယ်။
မြဝတီကို တိုက်ခိုက်နေတဲ့ မြန်မာစစ်လေယာဉ်တွေ ထိုင်းလေပိုင်နက်ထဲ ဝင်လာရင် တုံ့ပြန်ဖို့ ထိုင်းအသင့်ပြင်ထား၊ အေလာလေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ ရှော့တိုက်ဒုံးနဲ့ ထပ်တိုက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် သတင်းတွေကို မခင်လေးနဲ့ ကိုစည်သူ တင်ပြထားပါတယ်။
နမိတ်မကောင်းတဲ့ မေးခွန်းတခုတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတက လွှတ်တော် ၂ ရပ်ပေါင်းကို မိန့်ခွန်းပြောကြားတုန်း ဆိုးဆိုးရွားရွား တိုက်ခိုက်ခံကြရတယ်ဆို နိုင်ငံကို ဘယ်သူက အုပ်ချုပ်မှာပါလဲ။ မေးစရာရှိပါတယ်။ VOA ပုံပြရုပ်သံမှာ ကိုစည်သူရှင်းပြထားပါတယ်။
စက်သုံးဆီကားတွေနေရာမှာ လျှပ်စစ်ကား (EV) တွေကို အစားထိုးအသုံးပြုဖို့ မူဝါဒ အပြောင်းအလဲလုပ်လာတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါလာပါတယ်။
နောက်ပိုင်းမှာ ဝင်လာတာက Tesla ပေါ့။ Tesla လည်း ဒီလိုပဲ အာမခံချက်မရှိဘူး။ သွင်းလာတယ်၊ ကိုယ့်ဖာကိုယ် ပြင်ရင်ပြင်။ အခုနောက်ပိုင်းမှာတော့ EV တွေက ကုမ္ပဏီတွေက အာမခံတယ်။ ထားပါတော့၊ ရှစ်နှစ်တို့ဘာတို့ ပေးလာတယ်။ ဘက်ထရီတွေ၊ မော်တာတွေပေးလာတဲ့အတွက် ဒီမှာက အရောင်းအဝယ် ဖြစ်လာတာပေါ့။" (ကိုသန့်ဇင်-EV ကားရောင်းသူ)
ထူးခြားတဲ့အချိုဓာတ်ကြောင့် စားဖိုမှူးတွေနဲ့ ကော့တေးအရက်ဖျော်စပ်သူတွေ နှစ်ခြိုက်ကြတဲ့ နာနတ်သီးကို အခုအခါမှာတော့ ဖက်ရှင်လောကမှာပါ အသုံးပြုလာနေပါပြီ။ နာနတ်စိုက်ခင်းကရတဲ့ စွန့်ပစ်ပစ္စည်းတွေကနေ လှပသေသပ်တဲ့ ဖိနပ်လုပ်ငန်းကို ကင်ညာနိုင်ငံက ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းတခုက လုပ်ကိုင်နေတာပါ။
၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဝါရှင်တန်မြို့တော်တဝိုက်က ချင်းတိုင်းရင်းသားတွေက ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မမေ့ဖို့အပြင် မြန်မာနိုင်ငံအတွင်းက အကြပ်အတည်းအမျိုးမျိုးနဲ့ အတိဒုက္ခရောက် နေတဲ့ ချင်းတိုင်းရင်းသား ဒုက္ခသည်တွေကိုကူညီဖို့ ကျင်းပကြောင်း အခမ်းအနားစီစဉ်သူတွေက ပြောပါတယ်။
ဝါရှင်တန်မြို့တော်တဝိုက် ချင်းတိုင်းရင်းသား မိသားစုတွေရဲ့ ၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းနားဆိုပေမဲ့လည်း အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာ ရောက်နေကြတဲ့ ချင်းမိသားစုတွေ လာရောက်ကြတဲ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာကျင်းပခဲ့ကြပါတယ်။
ပန်းချီဆွဲဖို့အတွက် Canvas စတွေ အမြဲတမ်းမလိုသလို ပန်းချီပြခန်းအတွက်လည်း ခန်းမတခု လိုအပ်ချင်မှ လိုပါလိမ့်မယ်။ သြစတြေးလျနိုင်ငံ မြို့လေးတမြို့က ဓါတ်တိုင်တွေမှာ ပန်းချီလိုက်ဆွဲတဲ့ ပန်းချီဆရာတယောက်အကြောင်း AP သတင်းဆောင်းပါး တပုဒ်ကို ကိုစည်သူ ပြောပြပါလိမ့်မယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က ဆင်ဘိုမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ကြောင်း KIA က ကြေညာလိုက်ပါတယ်။ ဒါပေမယ့်လည်း မြို့အနီးရှိ စစ်ကောင်စီတပ်စခန်းကို မသိမ်းနိုင်သေးတာကြောင့် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေပါတယ်။
ဗမာပြည်နယ်အပါအဝင်ဖြစ်တဲ့ ၈ပြည်နယ်မူကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းတရပ်ကို နိုင်ငံရေးပါတီ ၁၂ပါတီက ဒီကနေ့ကျရောက်တဲ့ ၇၇နှစ်မြောက်ပြည်ထောင်စုနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မနက်ဖြန်မှာ ကျရောက်မဲ့ တရုတ်နှစ်သစ်အတွက် ကမ္ဘာတဝန်း နှစ်သစ်ကြိုဆိုပွဲတွေ၊ ပျော်ပွဲ ရွင်ပွဲတွေ ကြိုတင် ကျင်းပကြနေပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ အရင်နှစ်တွေကလို မဟုတ်ဘဲ အကျဉ်းရုံး ကျင်းပကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ မနေ့ ညနေပိုင်းက ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး လူ ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံတွေကတော့ ဒီပေါက်ကွဲမှုဟာ လက်နက်ကိုင်အဖွဲ့တွေက ဆက်ကြေးကောက်ယူတာနဲ့ ဆက်စပ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။
ရန်ကုန်မှာရှိတဲ့ တရုတ်အထည်ချုပ်စက်ရုံတချို့ဟာ ကုန်ကြမ်းနဲ့ အထည်အမှာတွေ မရတော့တာကြောင့် မြန်မာနိုင်ငံက ထွက်ခွာနေကြပါတယ်။
AA ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာက စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးနေကြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းတချို့ကို AA အဖွဲ့က သိမ်းပိုက်နိုင်တဲ့အထိ အသာစီးရလာတာကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေကြတာပါ။
အထူးသဖြင့် ၂၀၂၃ခုနှစ်အကုန်ပိုင်းမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ရေးအတွင်း စစ်ကောင်စီက တပ်စခန်းတွေ ရာနဲ့ချီလက်လွှတ်လိုက်ရသလို အဓိကကျတဲ့ မြို့ကြီးအတော်များများကို ဆုံးရှုံ့းခဲ့ရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဒီကနေ့ထိ ဆက်လက် ပစ်ခတ်နေပြီး နေအိမ်အတော်များများ မီးလောင်ပျက်စီးခဲ့သလို တမြို့နယ်လုံး စစ်ရှောင်နေရတာကြောင့် လူသိန်းနဲ့ချီရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်