ချင်းပြည်နယ် ဖလမ်းမြို့ နဲ့ ကလေးမြို့ကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဖလမ်း ဒေသခံကာကွယ်ရေးအဖွဲ့ CDF တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်း ကပြောပြပါမယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နဲ့ နှိုင်းယှဉ်ရင် လာမယ့် အားလပ်ရက်ရာသီအတွင်း အမေရိကန်ပြည်ထောင်စုမှာ ခရီးသွားလာမှု အနည်းဆုံး ၆၀ % လောက်တိုးလာမယ် လို့ Triple A ခရီးသွားကား ဝန်ဆောင်မှု အသင်းကြီးက ခန့်မှန်းထားပါတယ်။ Lesia Bakalets သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြပါ့မယ်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ ပြင်ဆင်မယ့် ကိစ္စဆွေးနွေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က ဖိတ်ကြားထားတဲ့ပွဲကို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရခိုင်အမျိုးသားပါတီ ANP က တက်ရောက်မှာ မဟုတ်ဘူးလို့ ပါတီပြောခွင့်ရက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ယာယီရပ်ဆိုင်းသလောက်ဖြစ်သွားခဲ့ပြီး အခုတော့ ပြန်လည် လည်ပတ်နေကြပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ အပ်ထားတဲ့ငွေကို လိုသလောက် ပြန်ထုတ် မယူနိုင်တဲ့ အခက်အခဲတွေ ရှိနေဆဲပါ။
အမေရိကန် ပြည်ထောင်စု Los Angeles မြို့မှာ အာရှနွယ်ဖွား အမေရိကန်တွေ နဲ့ သူတို့ရဲ့ မိတ်ဆွေတွေ ကိုယ်ခံပညာသင်တန်းတွေ အခမဲ့ သင်ကြားပေးနေကြပါတယ်။ Supakit Pattarateranon သတင်းပေးပို့ထားတာ ကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ငြိမ်သက်နေပြီး မိုးမောက်မြို့နယ်ထဲက ကျေးရွာတချို့မှာဆို ရွာသားတွေက သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပြန်လည် ရိတ်သိမ်းနေကြပါတယ်။ စစ်ရေးတင်းမာမှုကတော့ နှစ်ဘက်တပ်တွေအကြားမှာ ဆက်ရှိနေပါတယ်။
အမေရိကန်သမ္မတ Joe Biden ရဲ့ ရာသီဥတုအစီအစဉ်ဟာ အမေရိကန်တွေကို အသားစားတာ နည်းသွားအောင် အတင်းလုပ်လိမ့်မယ်လို့ ရီပတ်ဘလစ်ကန် ဥပဒေပြုအမတ်တချို့ နဲ့ ကွန်ဆာဗေးတစ် လေ့လာသူတချို့က မှားယွင်းစွာ ပြောဆိုနေကြပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ KIA အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေပါ တိုက်ခိုက်နေပါတယ်။ မိုးမောက်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ကချင်ပြည်နယ် တိုက်ပွဲသတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် ၂၃ ခုက ကျောင်းသားတွေဟာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိရေး အွန်လိုင်းကနေ newswire အဖြစ် စုစည်းပြီး သတင်းအချက်အလက်တွေကို တင်ဆက်ပေးနေပါတယ်။ Mike O'Sullivan သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
အမေရိကန်က Colonial ရေနံပိုက်လိုင်းကို ဆိုင်ဘာ အင်တာနက်က တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ရုရှားက ငြင်းဆိုပါတယ်။ ဘိုင်ဒန်အစိုးရအနေနဲ့ ဓာတ်ဆီ ပြတ်တောက်မှုကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့တချိန်တည်းမှာ ယာဉ်မောင်းသူမှာတော့ ဓာတ်ဆီ ဈေးကြီးမြင့်မှုကို ရင်ဆိုင်နေရပါတယ်။ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်က KIA ထိန်းချုပ်ထားတဲ့ အလော့ဘွမ်စခန်းကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ဖို့ အင်အားဖြည့်တင်းနေချိန်မှာ မံစီမြို့နယ်က စစ်တပ်စခန်းတချို့ကို KIA က ဖြန့်ခွဲတိုက်ခိုက်နေသလို မြန်မာစစ်တပ် လေကြောင်းကပါ တုန့်ပြန် တိုက်ခိုက်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနား ဗန်းမော်ကားလမ်းကို အပေါ်စီးက နေရာယူထားတဲ့ အလော့ဘွမ်တပ်စခန်းကို စစ်တပ်က ဒီကနေ့ စတင် ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ တချိန်တည်းမှာပဲ မံစီမြို့အနီးက စစ်တပ်စခန်းတွေကို ကချင်လက်နက်ကိုင် KIA က ဝင်ရောက် တိုက်ခိုက်တာတွေရှိသလို ရွှေကူမြို့အနီးမှာလည်း စစ်ရေယာဉ်ကို ပစ်ခတ်တာတွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေအပေါ် န.စ.က စစ်ကောင်စီက ဆက်လက်ဖမ်းဆီးနေတာမှာ ရခိုင်ပြည်နယ် NLD ပါတီ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ အပါအဝင် NLD ပါတီဝင်တချို့ ဖမ်းဆီးခံရပါတယ်။ အလားတူ ကနီမြို့၊ ဖားကန့်မြို့တွေက ဒေသခံတချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
Covid-19 ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေခံမယ့် Vaccine Passport စနစ် တခု အမေရိကန် တနိုင်လုံးအဆင့်အနေနဲ့ ဖန်တီးမှာ မဟုတ်ဘူးလို့ သမ္မတ Joe Biden့က ပြောထားပြီး ကာကွယ်ဆေးထိုးပြီးကြောင်း သက်သေကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို စစ်ကောင်စီဘက်က သည်းမခံဘဲ ရှင်းလင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒေသခံလက်နက်ကိုင်တွေဘက်ကလည်း ဒီမိုကရေစီရသည်အထိ လက်နက် စွဲကိုင်တော်လှန်သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။
အမေရိကန် နယ်စပ်မှာ စောင့်ရှောက်သူမပါတဲ့ ကလေးငယ် ထောင်ပေါင်းများစွာကို ထိန်းသိမ်းထားပြီး သူတို့ကို အုပ်ထိန်းသူတွေဆီ ပြန်လွှတ်ဖို့ လုပ်ဆောင်နေပါတယ်။ Celia Mendoza က အဲ့ဒီထဲက တချို့ နဲ့ တွေ့ဆုံပြီး သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်နိုင်ငံ မယ်ရီလန်း ပြည်နယ် ဘော်တီမိုးလ် မြို့မှာ လူအမြောက်အမြားကို Covid-19 ကာကွယ်ဆေး ထိုးပေးနိုင်တဲ့ နေရာတခုဖွင့်လှစ်ပြီး လူထောင်ပေါင်းများစွာကို နေ့စဉ် ဆေးထိုးပေးနေပါတယ်။ Iryna Matviicuk သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
တရားမဝင် ဂြိုလ်တုရုပ်သံဖမ်းစက်တွေ တပ်ဆင် အသုံးပြု ကြည့်ရှုသူတွေကို အရေးယူမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့တဲ့ပြီးနောက် တချို့နေရာတွေမှာ အာဏာပိုင်တွေက PSI ဂြိုလ်တုစလောင်းတွေကို လိုက်ဖြုတ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်အမျိုးသားပါတီ ANP ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်အေးစုစိန်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဖွဲ့ဝင် တစ်ဦးအဖြစ်ပါ ဝင်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ အခုဆိုမြန်မာနိုင်ငံတဝန်း ၃,၆၀၀ ကျော်ပြီလို့ စာရင်းပြုစုထားသူတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီထဲက တချို့ဟာ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ဘယ်ရောက်နေမှန်း ခုချိန်ထိ မသိရသေးပါဘူး။ စစ်ကြောရေးစခန်းတွေမှာ စစ်ဆေးမေးမြန်းခံနေသူတွေဆိုရင် သတင်းသိရဖို့ ပိုပြီးခက်ခဲပါတယ်။
နောက်ထပ်ကြည့်ရှုရန်