မြစ်ကြီးနားမြို့နယ်အတွင်းက IDP ဒုက္ခသည်စခန်းတွေမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ကူညီထောက်ပံ့မှုမရတာ ၂ လကြာလာတဲ့အပြင် COVID ကာလ အသွားအလာကန့်သတ်ချက်တွေ၊ အလုပ်အကိုင်ရှားပါးတာတွေကြောင့် စားဝတ်နေရေး အခက်တွေ့နေကြ
အာဖဂန်နစ္စတန် ကို တာလီဘန်တွေကို ပြန်သိမ်းပြီးတဲ့နောက် လက်ရှိ အခြေအနေအပေါ် အခွင့်အရေးယူဖို့ ရုရှားနိုင်ငံက ပြင်ဆင်နေပါတယ်။ အခွင့်အလမ်းနဲ့ အန္တရာယ်ကြား စွန့်စားရမယ့် ကိစ္စတွေကို ချိန်ဆပြီး အကျိုးအမြတ်ကို တွက်ဆနေပါတယ်။ ဗီအိုအေ ကုလသတင်းထောက် Margaret Besheer သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ပညာရေးကျောင်းတွေတည်ရှိရာ မိုင်ဂျာယန်မှာ COVID-19 ကပ်ရောဂါ ကူးစက်မှုဟာ ထိန်းချုပ်နိုင်တဲ့အခြေအနေကို ရောက်ရှိလာပြီလို့ KIO ရဲ့ကိုဗစ်ထိန်းချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ဆန်နဲ့ လူသုံးကုန် ပစ္စည်းတချို့ကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေက စွပ်စွဲပြောဆိုထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တိုင်းရင်းသား MNDAA အဖွဲ့တွေ ဒီနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည် ၇၀၀ လောက်အထိ ရှိနေပါတယ်။
အမေရိကန် အချိန်ဇယား အတိုင်း မဟာမိတ်တပ်တွေအတွက်လည်း ရွေးစရာမရှိပဲ သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား တပ်တွေ အာဖဂန်က ရုပ်သိမ်းရတော့မှာပါ။ ဒီအကျပ်အတည်းကို ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံက G-7 စက်မှုထိပ်သီး ၇ နိုင်ငံ အရေးပေါ်အစည်းအဝေးကို အင်္ဂါနေ့က ခေါ်ယူခဲ့ပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ရခိုင်ကမြို့နယ်တချို့မှာ စစ်ကောင်စီဘက်က လုံခြုံရေး တင်းကြပ် စစ်ဆေးတာတွေနဲ့ လက်နက်ကြီးပစ် လေ့ကျင့်တာတွေ လုပ်ဆောင်နေတာကြောင့် ရခိုင်ဒေသ စစ်ပွဲ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
အာဖဂန် နစ္စတန်ကနေ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်လာမှာ စိုးရိမ်ပြီး ဂရိ နိုင်ငံဟာ တူရကီနိုင်ငံနဲ့ နယ်ခြား ခြံစည်းရိုးတွေ ဆောက်လုပ်ပြီးစီးသွားပါပြီ။ ဒုက္ခသည်တွေ ဥရောပနိုင်ငံတွေထဲ ဝင်ဖို့ အရင်ကထက်တောင် ပိုပြီး တင်းကြပ်တဲ့ စည်းမျဉ်းတွေ ရင်ဆိုင်နေရပါတယ်။ ကိုငြိမ်းချမ်း ပြောပြပါလိမ့်မယ်။
အာဖဂန် ကို တာလီဘန်တွေ ထိန်းချုပ်လိုက်တာကြောင့် အာဖဂန် ပြည်သူ ထောင်ပေါင်းများစွာ ပိုကောင်းတဲ့ အနာဂတ် ရဖို့ မျှော်လင့်ချက် နဲ့ ထွက်ပြေးနေရပါတယ်။ တူရကီနိုင်ငံ အရှေ့ပိုင်းကို ရောက်လာတဲ့ အာဖဂန် ဒုက္ခသည် အယောက် ၃၀ လောက်ကို တွေ့ဆုံမေးမြန်းသတင်းပေးပို့ထားတာပါတယ်။ ကိုငြိမ်းချမ်း တင်ပြမှာပါ။
အမေရိကန်ပြည်ထောင်စုက လူမည်းတွေရဲ့ အသက်တွေကို တန်းတူတန်ဖိုးထားဖို့တောင်းဆိုမှုတွေအတွင်း သတင်း ထောက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ဆန္ဒပြပွဲတွေအတွင်း ဓါတ်ပုံသတင်းထောက် Vanessa Charlot ဟာ အမေရိကန် မျိုးချစ် ဆိုတဲ့ ဓါတ်ပုံကို ရိုက် နိုင်ခဲ့ပြီး ဆုရရှိခဲ့ပါတယ်။ ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေ သဘက်တွေမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင်အဖွဲ့တွေကြား ဇူလိုင်လတည်းက စခဲ့တဲ့ တိုက်ပွဲတွေ ဒီရက်ပိုင်းမှာလည်း နေ့စဉ်ဆိုသလို ဆက်ဖြစ်နေပါတယ်။
အမေရိကန် မှာ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးပြီးသွားတဲ့ သူတွေ နောက်ထပ် ကာကွယ်ဆေး ထပ်တိုးနိုင်တယ်လို့ သမ္မတဘိုင်ဒန် အစိုးရက ကြေညာလိုက်ပါတယ်။ ကမ္ဘာ့တဝန်းလုံးမှာ ကာကွယ်ဆေး တလုံးတောင်ရဖို့ ခက်ခဲနေချိန် အမေရိကန်က နောက်ထပ်ကာကွယ်ဆေး ထပ်ထိုးမယ့်အပေါ် ဝေဖန်သူတွေလည်း ရှိနေပါတယ်။ ကိုငြိမ်းချမ်းက ပြောပြပါလိမ့်မယ်။
အာဖဂန်နိုင်ငံ ကဘူးမြို့တော်က လုံခြုံရေး အခြေအနေတွေက တိုးတက်လာပြီလို့ ဒေသခံတွေ ပြောပေမဲ့ အာဖဂန် အစိုးရ ကျဆုံးသွားပြီး ကဘူးကို တာလီဘန်တွေ ဝင်လာတဲ့ နောက်ပိုင်း နိုင်ငံရေးအခြေအနေ မသေချာမှုတွေကို စိုးရိမ်တာတွေလည်း ရှိနေပါတယ်။ ကိုငြိမ်းချမ်းက တင်ပြပါ့မယ်။
အာဖဂန်နစ္စတန်ကို တာလီဘန်တွေ အချိန်တိုတိုအတွင်း သိမ်းပိုက်လိုက်တဲ့သတင်းတွေနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရောက်အာဖဂန် မျိုးနွယ်တွေအကြား ထိတ်လန့်တုန်လှုပ်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေကို ခံစားနေရပါတယ်။ သူတို့ရဲ့တုံ့ပြန်ပြောဆိုချက်တွေအကြောင်း Julie Taboh သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း ပြောပြမှာပါ။
အာဖဂန်မှာ အကူအညီပေးရေး လုပ်သားတွေဟာ အရပ်သားတွေကို အကူအညီဆက်ပေးဖို့ ကတိပြုထားပေမဲ့လည်း ဘေးအန္တရာယ် အရောက်နိုင်ဆုံး လူတွေ၊ ကလေးတွေ အတွက် အနာဂတ် အခြေအနေက မကောင်းဘူးလို့ ဝန်ခံပါတယ်။ အမျိုးသမီးတွေဆိုရင်လည်း ၁၉၉၀ ခုနှစ်တွေဆီကလို နှိပ်ကွပ်ခံရမလားဆိုတာ စိုးရိမ်နေကြပါတယ်။ ကိုငြိမ်းချမ်းက ပြောပြမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ ရှမ်းနဲ့ တအန်း(ပလောင်) တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ဒီလအတွင်း တစ်ကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ အနည်းဆုံး ၄၀၀ကျော်လောက် ထပ်မံတိမ်းရှောင်နေရပါတယ်။
သတ္တုတူးဖော်တဲ့ လုပ်ငန်းဟာ တောင်အာဖရိကမှာ အကြီးဆုံး ကဏ္ဍတခုဖြစ်ပြီး အမျိုးသမီး လုပ်သားတွေ ဟာ အနည်းစုအဖြစ်လုပ်ကိုင်ကြပါတယ်။ ဒါကို ပြောင်းလဲဖို့အတွက် အမျိုးသမီးငယ်တွေကို လုပ်ငန်းခွင် ဝင်ရာမှာ အခက်အခဲ တွေကိုကူညီဖို့ လမ်းညွှန်ကူညီပေးမယ့် အစီအစဉ်တခုကို ဖန်တီးထားတာပါ။ ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းက ပြင်ပငွေလဲဈေးကွက်မှာ တဒေါ်လာကို ၁၈၀၀ နီးပါးအထိ အမြင့်ဆုံးနှုန်းကို တကျော့ပြန် ရောက်လာတာဟာ ပြည်တွင်းဘဏ်တွေ ပိတ်ထားတာကြောင့်လို့ ပြောနေကြပေမဲ့ ဗဟိုဘဏ်ကတော့ နှုန်းတားတခုမှာ တည်ငြိမ်အောင် ထိန်းကြောင်းသွားမယ်လို့ ဗွီအိုအေကို ပြောပါတယ်။
အာဖဂန်က လုံခြုံရေးအခြေအနေတွေဟာ အလျင်အမြန်ဆိုးရွားလာနေတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက အခုတော့ အသိအမှတ်ပြုလာပါပြီ။ တာလီဘန်တွေရဲ့ အကြမ်းဖက်မှုကို ရပ်တန့်ဖို့အတွက် မနေမနား အလုပ်လုပ်နေတယ်လို့ အမေရိကန်တွေ က ပြောပါတယ်။ Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းက မိုင်းနား KBC စစ်ဘေးဒုက္ခသည်စခန်းမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တိုးလာနေသလို စခန်းတစ်ခုလုံး အသွားအလာကန့်သတ်ထားတာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဆေးဝါးထောက် ပံ့မှုတွေလည်း လိုအပ် နေ
နောက်ထပ်ကြည့်ရှုရန်