အညာဒေသက အမျိုးသမီးငယ်လေး တယောက်က ဘွဲ့ကြိုကျောင်းသားတွေ ရဖို့ခက်ခဲတဲ့ ပညာတော်သင်ဆု အပြည့်ရပြီး နယ်သာလန်နိုင်ငံမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ တက္ကသိုလ်တက်နေပါတယ်။ နယ်သာလန်မှာ မြန်မာလူငယ်တွေအတွက် ဘယ်လိုပညာတော်သင်ဆု အခွင့်အလမ်းတွေရှိပါလဲ။ မခင်လေးက ဆက်သွယ်စကားပြောထားပါတယ်။
စစ်ကောင်စီအကြီးအကဲ စစ်တိုင်းဌာနချုပ်များ စည်းရုံးရေးခရီးစဉ်အတွင်း လက်နက်ကြီးနဲ့ တိုက်ခိုက်ခံရ၊ ဆုံးရှုံးနယ်မြေတွေ တန်ပြန် ထိုးစစ်ဆင်မယ်လို့ ကြုံးဝါး၊ အရပ်သားနေရာများ စစ်တပ်လေကြောင်းထိုးစစ် ကလေးများပါ သေဆုံး၊ တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်ဆလင်တွေ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကြုံခဲ့ရတာ ၇ နှစ်ပြည့်သွားခဲ့ချိန်မှာတော့ ဒီအကြမ်းဖက်မှုရဲ့ ဓားစာခံ အမျိုးသမီးငယ်လေး တဦးကတော့ အမေရိကန်လွှတ်တော်မှာပါ လူ့အခွင့်အရေး ပြောဆိုတင်ပြခွင့်ရသူ ဖြစ်နေပါပြီ။ မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီတာခတွေ စက်တင်ဘာက စပြီး တက်ဟု လျှပ်စစ်ဌာနကြေညာ၊ တိုက်ပွဲတွေ မရပ်ရင် အရေးယူမယ်လို့ TNLA ကို တရုတ်စာပို့၊ ရခိုင်တိုက်ပွဲများ ဆက်လက်ပြင်းထန်စသည့် တပတ်အတွင်း ထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ကိုဗစ်အလွန်ကမ္ဘာကြီးမှာ လူငယ်တွေအတွက် ခရီးသွားလုပ်ငန်းနဲ့ ဆိုင်တဲ့ နယ်ပယ်တွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်လို့ နယူးဇီလန်မှာ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ရခဲ့ပြီး၊ ကနေဒါနိုင်ငံမှာ ပါရဂူဘွဲ့တက်နေတဲ့ မဝတ်ရည်ကြည်ပြာ က ပြောပါတယ်။ မခင်လေး ဆက်သွယ် စကားပြောထားပါတယ်။
မြန်မာအလယ်ပိုင်း တစိတ်တပိုင်း၊ ကချင်၊ ရှမ်းတိုက်ပွဲတွေ ပြင်းထန်၊ ရခိုင်မှာ ပိုဆိုးဖွယ်ရှိ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ ဒေသတွင်း တာဝန်ရှိသူတွေနဲ့ တွေ့ပြီး မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆက်တိုက်လုပ်၊ စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
သုံးပြီးသား ပစ္စည်းဟောင်းဆိုပေမဲ့ ပိုင်ရှင်တန်ဖိုးထား သုံးခဲ့တဲ့ ပစ္စည်းတွေကို အသုံးထပ်ဝင်မယ့် နေရာပို့ဆောင်ရင်း လူငယ်တွေအတွက် အလုပ်နေရာဖန်တီး၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းဖို့ လင်းလက်အိမ် Charity Shop အဟောင်းဆိုင်လေးကို ဖွင့်ဖြစ်တယ်လို့ ဆိုင်စဖွင့်ခဲ့သူက ပြောပါတယ်။ မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
တရုတ်ဟာ မြန်မာတိုက်ပွဲတွေ ဆန့်ကျင်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံစဉ်ပြော၊ ကန်သံအရာရှိများနှင့် တွေ့ဆုံဆွေးနွေး၊ စစ်တပ်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဟု ကုလရဲ့ စုံစမ်းမှု ယန္တယား IIMM တွေ့ရှိ၊ စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ငယ်ငယ်လေးကတည်းက မြန်မာ့ရိုးရာခြင်းလုံးခတ် ကစားနည်းကို တစိုက်မတ်မတ် လေ့ကျင့်နေလာတဲ့ နာမည်ကျော် ခြင်းလုံးခတ်ကျွမ်းကျင်သူ မမေဦးခင်က ခြင်းခတ်ပညာကို အခက်အခဲနဲ့ စိန်ခေါ်မှုတွေကြားက ထိန်းသိမ်းဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ မခင်လေးက ဆက်သွယ် စကားပြောထားပါတယ်။
စစ်ကောင်စီခေါင်းဆောင်မိန့်ခွန်း ရခိုင်လူထုနဲ့ AA ကြား စိတ်ဝမ်းကွဲဖို့ ရည်ရွယ်ကြောင်း နိုင်ငံရေးအကဲခတ်သုံးသပ်၊ မြန်မာ့ပြည်တွင်းစစ် ကမ္ဘာမှာ တတိယအသေအပျောက် အများဆုံးဟု သုတေသန ထွက်၊ ပြည်သူသိန်းချီ ရေဘေးနဲ့ကြုံ၊ စသည် တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
အာရှဒေသရဲ့ အဖွံ့ဖြိုးဆုံး စင်္ကာပူနိုင်ငံမှာ အလုပ်ရှာမယ်ဆိုရင် အပြိုင်အဆိုင်များလို့ နေ့စဉ် အလုပ်နေရာအများကြီး လျှောက်ထားရှာဖွေဖို့ လိုတယ်လို့ လုပ်ငန်းအတွေ့အကြုံရှိသူ ကိုဖြိုးတင့်အောင်က ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ နေထိုင်ခွင့်ရချင်တဲ့ GenZ လူငယ်တွေ သတိပြုစရာတွေကို မခင်လေး မေးကြည့်ထားပါတယ်။
နိုင်ငံခြားငွေလဲနှုန်းဟာ ဇူလိုင်လကုန်ပိုင်းမှာ စံချိန်တင်အမြင့်ဆုံးကို ရောက်ရှိ၊ ရန်ကုန်၊ မန္တလေးနဲ့ ဒေသအများအပြား စက်သုံးဆီရှား၊ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ စစ်ကောင်စီ နောက်ထပ် သက်တမ်း ၆ လ ထပ်တိုး၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ထိုင်း၊ မြန်မာနယ်စပ် မယ်ဟောင်ဆောင်ဒေသ ဒုက္ခသည်စခန်းမှာ မွေးဖွားပြီး အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချခွင့်ရခဲ့တဲ့ ကရင်နီလူငယ်တဦး ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရပြီး အနာဂတ်အိပ်မက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးစကားပြောထားပါတယ်။
တရုတ်နဲ့ အပါအဝင် နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်ကို ထိခိုက်မလာအောင် သတိထားဖို့ တရုတ်သတိပေး၊ ၂၀၀၈ အခြေခံဥပဒေမှာ မပါရှိပေမဲ့ စစ်ကောင်စီအကြီးအကဲက သမ္မတအာဏာ လွှဲပြောင်းယူလိုက်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်းကနေ အမေရိကန် ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချ နေထိုင်ခွင့်ရခဲ့တဲ့ ကရင်အမျိုးသမီးငယ်လေး သူ့လို့ ရွှေ့ပြောင်းလာသူတွေအတွက် ကရင်လူငယ်အဖွဲ့ကို ဦးဆောင်တည်ထောင်ပြီး ပညာရေးအပါအဝင် လိုအပ်တဲ့အကူအညီတွေ ပေးနေပါတယ်။ GenZ ပရိသတ်အတွက် မခင်လေးစကားပြောထားပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားပြီး မြို့တွင်းပိတ်မိနေသူတွေကို ကယ်ထုတ်ဟု ဒေသခံတွေက ပြော၊ စစ်ပွဲတွေကြောင့် နယ်စပ် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းသစ်များ ရှာဖွေ၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
မိဘတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့အရေး လမ်းဘေးမှာ ဈေးရောင်းရပ်တည်ခဲ့တဲ့ ကွန်ပျူတက္ကသိုလ်ကျောင်းသား လူငယ်လေး တယောက်ဟာ YouTube ပေါ်မှာလည်း အောင်မြင်နေပြီး မိဘကိုပါ စောင့်ရှောက်နိုင်တဲ့ အခြေအနေရောက်ခဲ့ပါပြီ။ GenZ ပရိသတ်အတွက် မခင်လေး ဆက်သွယ်စကားပြောထားပါတယ်။
စစ်ကောင်စီတပ်စခန်းတွေ TNLA တိုက်ခိုက်ခဲ့ပြီး ဝ တပ်တွေ တန့်ယန်းမြို့ဝင်ရောက်နေရာယူ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်းရီ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာစွန့်လွှတ်ရေး နားချဖို့ ဦးသိန်းစိန်ကို တိုက်တွန်း၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် ပြည်တွင်းသတင်းတွေကို မခင်လေးနဲ့ ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။
လာမယ့်နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အမေရိကပြည်ထောင်စုမှာ ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် (Green Card) ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှုအဖြစ် ဇွန်လထဲမှာ လုပ်ခဲ့တဲ့ Podcast အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။
နိုဝင်ဘာ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် သမ္မတဟာင်းထရမ့်က ကျောင်းပြီးသွားသူတွေကို အမြဲတမ်း နေထိုင်ခွင့် ထုတ်ပေးမယ်ဆိုပြီး ရွေးကောက်ပွဲအကြို မဲဆွယ်မှု အဖြစ် အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။ လက်တွေ့ ဘယ်လောက်ဖြစ်လာနိုင်ခြေ ရှိပါသလဲ။ မြန်မာကျောင်းသားတွေအမြင်တွေ မခင်လေးစုစည်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်