အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ပင်လယ်ကမ်းခြေက နာမည်ကြီး သဲပန်းပု အနုပညာရှင်တဦးက ဗုဒ္ဓဟူးနေ့က ဆန္ဒပြသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ အမေရိကန် ကွန်ရရက်လွှတ်တော်ပုံတူကို သဲနဲ့ ပုံဖော်ပြီး ဒီမိုကရေစီ ခိုင်မာ အောင်မြင်ပါစေလို့ သတင်းစကားပါးလိုက်ပါတယ်။ Reuters သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယားဂိုးမြို့က တက္ကသိုလ်ဝန်းထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စမ်းသပ်တဲ့ ကရိယာလေးတွေကို လမ်းဘေး အစားအစာနဲ့ ဖျော်ရည်လို အလွယ်ဝယ်လိုရတဲ့ အရောင်းစက်တွေမှာ ဝယ်ယူလို့ရနေပါပြီ။ ဒီအကြောင်း ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပါလိမ့်မယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် တတိုင်းပြည်လုံး အပြင်မထွက်ရ နောက်ထပ်ကန့်သတ် တားမြစ်မိန့်ကို ဗြိတိန်မှာ အင်္ဂါနေ့က စပြီး ထုတ်ပြန်ပါတယ်။ Henry Ridgwell လန်ဒန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပါမယ်။
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် မြောက်ပိုင်းက ပုဂ္ဂလိကဆေးရုံတရုံမှာ COVID-19 ရောဂါ စစ်ဆေးတာကို စက်ရုပ်နဲ့ စမ်းသပ်လုပ်ဆောင်နေပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းပုဒ်ကို ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် တောင်ပိုင်းမှာ လူတွေကြောင့် ရောဂါ အနာတရဖြစ်နေရတဲ့ ပင်လယ်လိပ်တွေကို ဆေးရုံတခုဖွင့်ပြီး ကုသပေးနေပါတယ်။ ဒီအကြောင်း Jeff Swicord သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း ပြောပြပေးမှာပါ။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတွေကူးစက်ပျံံနှံ့နေချိန်မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ သက်ကြီး စောင့်ရှောက်ရေးဂေဟာအတွက် ဆေးပစ္စည်း ပို့ဖို့ ဉာဏ်ရည်တုသုံး မောင်းသူမဲ့ စက်ရုပ် ကားငယ်လေးတစင်းကို စမ်းသပ်နေပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့မှာ ကိုဗစ် 19 ရောဂါ ကူးစက်မှု တိုးလာတဲ့အတွက် မြို့အနီးနား အစိုးရကျောင်းတွေအားလုံး ကြာသာပတေးနေ့က စပြီးပိတ်ပစ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ Reuters သတင်းတပုဒ်ကို ကိုခင်မောင်စိုးမင်း ပြောပြပါပေးမှာပါ။
ဝေးလံခေါင်သီတဲ့ Bhasan Char ကျွန်းကို ရောက်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရောက်ရှိတဲ့ နေရာသစ်မှာ အဆင်ပြေအောင် နေထိုင်နေကြတယ်လို့ ဗွီအိုအေ ဘင်္ဂလာ ဌာနကို ပြောပါတယ်။ VOA သတင်းထောက် Muazzem Hossain Shakil ရဲ့ သတင်းလွှာကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
မလေးရှားနိုင်ငံမှာ ရောက်ရှိနေကြတဲ့ ရိုဟင်ဂျာအမျိုးသမီးဒုက္ခသည်တွေကို ကိုရိုနာ ကပ်ရောဂါတွေကြားမှာ ဒေသခံ ပရဟိတအဖွဲ့အစည်းတွေက အင်္ဂလိပ်စာ နဲ့ မလေးစာတွေသင်ကြားပေးနေပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက စိုးရိမ်တဲ့အကြောင်း ထုတ်ဖေါ်ပြောဆိုနေတဲ့ ကြားကပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရဲ့စခန်းကနေ ဘင်္ဂလားပင်လယ်အတွင်းက ကျွန်းဆီပြောင်းရွေ့လိုက်ပါတယ်။ AP သတင်းဆောင်းပါးတွေကို ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြပါ့မယ်။
အာဖဂန်နစ္စတန် ဘာမီယန်ဒေသက အမျိုးသမီးတွေဟာ လွတ်လပ်မှုအခွင့်အရေးတွေ ရကြပေမဲ့ ရှေ့ကာလမှာ မသေချာ မရေရာတော့တဲ့ အနေအထားကို ရင်ဆိုင်နေကြရပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Ayesha Tanzeem သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုမှာ အားလပ်ရက်ရာသီ ခရီးမသွားခင် လူတော်တော်များများ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိမရှိ စစ်ဆေးခံကြပါတယ်။ ဒါပေမဲ့ ရောဂါရှိမရှိ စစ်ဆေးတာမှာ လူတန်းရှည်ကြီးတွေကို နာရီနဲ့ချီ စောင့်ဆိုင်းကြရပါတယ်။ Mariama Diallo ရဲ့ သတင်းလွှာကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
အမေရိကန် ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနတွေက သတိပေးနေတဲ့ကြားက ဒီကနေ့ကျရောက်တဲ့ Thanksgiving ကျေးဇူးတော်နေ့ကို မိသားစုတွေနဲ့ အတူဆင်နွှဲကြဖို့အတွက် လူအများအပြားဟာစံချိန်တင်လောက်အောင်ခရီးသွားနေကြပါတယ်။ ကိုခင်မောင်စိုးမင်း က ပြောပြပေးပါလိမ့်မယ်။
ကိုဗစ် ၁၉ ကပ်ရောဂါထိန်းချုပ်ဖို့ နယူးယောက်မှာ စာသင်ကျောင်းတွေပိတ်လိုက်တာဟာ သဘာဝမကျဘူးဆိုပြီး ကျောင်းသားမိဘတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ နယူးယောက်မှာ ရောဂါကူးစက်မှုတွေ တကျော့်ပြန် ဖြစ်ပွားလာတာကြောင့် မြို့တော်ဝန်က ကျောင်းတွေပိတ်ဖို့ ညွှန်ကြားခဲ့တာပါ။ ကိုခင်မောင်စိုးမင်းက တင်ပြေပေးထားပါတ်ယ။
အင္ဒိုနီးရွားနိုင်ငံ် ဘာလီြက်န်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာ့လွည့္ခရီးသွားတွေမလာရောက်ြကေပမဲ့ ဟော်တယ်တွေမှာ ပြည်တွင်းမြို့ကြီးတွေကနေ ပြောင်းရွှေ့လာကြပြီး အွန်လိုင်းကနေ အလုပ်လုပ်သူတွေရှိနေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Rendy Wicaksana က သတင်းပေးပို့ထားပါတယ်။
၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ပြီးခဲ့တဲ့ စနေနေ့ကပြောဆိုခဲ့တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် အနေနဲ့ သူ သမ္မတတာဝန်ထမ်းဆောင်တဲ့အခါမှာ ကြုံတွေ့ရမဲ့ စိန်ခေါ်မှုမှုတွေနဲ့ပတ်သက်ပြီး ဗွီအိုအေ ဘရိုင်ယန်ပက်တန် က အခုလိုရေးသားထားပါတယ်။ ကိုအောင်မြတ်သူတင်ပြထားပါတယ်။
ချင်းပြည်နယ်တွင် လွှတ်တော်သုံးရပ်ပေါင်း ၃၉ နေရာမှာ NLD ပါတီက ၃၆ နေရာအနိုင်ရရှိပါသည်။ ချင်းပြည်နယ်ရွေးကောက်ပွဲအခြေနေနဲ့ ဆက်စပ်အခြေအနေတွေကို ဟားခါးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြင့် ရွေးချယ်ခံရတဲ့ ပါမောက္ခ ဒေါက်တာ အေးအေးငွန် ကို ဗွီအိုအေ က ကိုခင်မောင်စိုးမင်း ဆက်သွယ်မေးမြန်းထားပါတယ်။
နိုဝင်ဘာ ၃-ရက်နေ့ အမေရိကန် သမ္မတရွေးကောက်ပွဲ နေ့မှာ မေရီလန်းပြည်နယ်က အမေရိကန်နိုင်ငံသားခံယူထားတဲ့ မြန်မာတွေလည်း လာရောက်မဲပေးကြပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း က သွားရောက်သတင်းယူပြီးတင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု မှာ အခုအချိန်ခါဟာ Fall Season ခေါ် ဆောင်းဦးရာသီကာလဖြစ်ပြီး သစ်ရွက်တွေ အရောင်ပြောင်းတဲ့အလှပဆုံးအချိန်အခါ လည်းဖြစ်ပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
အမေရိကန်မှာ ကိုဗစ်ကာလအတွင်းကျင်းပခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက် နေ့က Halloween တစ္ဆေကြီးများပွဲဟာ သိပ်မစည်ကားပဲ ကျန်းမာရေးစည်းကမ်းတွေကိုလည်း လိုက်နာခဲ့ကြရပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း ကရိုက်ကူးတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်