အီရတ်နိုင်ငံ မိုဆူးလ်မြို့က Old City မြို့ဟောင်းရပ်ကွက်ကို IS စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည်သိမ်းဖို့ ကြိုးစားနေတဲ့ အီရတ်တပ်ဖွဲ့တွေက ဒေသခံတွေနဲ့ ရှေးဟောင်းအဆောက်အဦးလက်ရာတွေ ထိခိုက်မှုနည်းအောင် အထူးသတိထား ထိုးစစ်ဆင်နေကြပါတယ်။ Zlatica Hoke ရဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
သမ္မတ Donald Trump လက်ထက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ပထမဆုံး အစီရင်ခံစာဟာ ရလဒ်ကောင်းတခု ဖြစ်သလို၊ သမ္မတ အိမ်ဖြူတော်ကတော့ ဒါဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့်လို့ ဂုဏ်ယူပြောနေပါတယ်။ Mil Arcega ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ပိုမို ပါဝင်လာဖို့ လိုအပ်တယ်လို့ အမျိုးသမီးရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
ဘာသာစကား ၅၀ နီးပါးနဲ့ ရေဒီယို၊တီဗွီ၊အင်တာနက်လူမှုကွန်ယက်တွေကတဆင့် မြန်မာ့အရေး၊ ကမ္ဘာ့အရေး၊ အဖြစ်အပျက်မျိုးစုံအစီအစဉ်တွေကို ထုတ်လွှင့်ပေးနေတဲ့ VOAအမေရိကန်အသံ စတင်တည်ထောင်ခဲ့တဲ့ ၇၅နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနဲ့ ဝန်ထမ်းဟောင်းတချို့ရဲ့ ပြောကြားချက်တွေကို မခင်ဖြူထွေး စုစည်းတင်ဆက်ထားပါတယ်။
သမ္မတ Trump လက်ထက် စီးပွားရေး
မြေယာသိမ်းဆည်းမှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မန္တလေးမြို့မှာ လယ်သမားတွေ ဆန္ဒပြ၊ ထိုင်းနိုင်ငံမှာ ဓမ္မကာယဘုန်းကြီးကျောင်း ဝင်ရောက်ရှာဖွေခံရမှု မြန်မာသံဃာတွေ ကန့်ကွက်ဆန္ဒပြ။ စသဖြင့်…
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဖြစ်မြောက်ရေး ကော်မတီတရပ် ဖွဲ့စည်းနိုင်ဖို့အတွက် ဆွေးနွေးကြတဲ့ အစည်းအဝေးကို ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Yanghee Lee ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ မွတ်စလင် ဒုက္ခသည်တွေနေထိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဒုက္ခသည်စခန်းတွေကို ဒီကနေ့ သွားရောက်ကြည့်ရှု စစ်ဆေးနေပါတယ်။
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ဒီလကုန်ကနေ ရှေ့လလယ်အထိ ရက်ရွှေ့ဆိုင်းလိုက်သလို၊ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ဒေသအသီးသီးမှာ ကျင်းပတာ၊ ကျင်းပဖို့ စီစဉ်နေတာတွေ ရှိပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့က Bel Air ရပ်ကွက်မှာ ဆောက်ထားတဲ့ ဒေါ်လာ သန်း ၂၅၀ တန် အိမ်ကြီးဟာ အမေရိကန်မှာ တန်ဖိုးအကြီးဆုံးစာရင်းဝင်ဖြစ်ပါတယ်။ ရှေးဟောင်းကားတွေ သိမ်းထားတဲ့ ကားဂိုထောင်ကြီးလည်းပါတဲ့ ဒီဇိမ်ခံအိမ်ကြီးအကြောင်း အေပီသတင်းဆောင်းပါးကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကို ဝေးလံ ခေါင်သီတဲ့ ကျွန်း တခုဆီ ရွှေ့ပြောင်းနေရာ ချထားမယ် ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြင်းပြင်းထန်ထန်ကန့်ကွက် ဝေဖန်နေကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ မိန်းခလေးငယ်တွေကို မတရားပြုကျင့်တာအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်အရာရှိတွေကို အရေးယူပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခု ဖြစ်တဲ့ (HRW) က တိုက်တွန်းလိုက်ပါတယ်။
ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုအများစုဟာတရုတ်လို နိုင်ငံကြီးမှာစက်ရုံကြီးတွေကြောင့်သာမက၊လူနေအိမ်တွေမှာ နေ့စဉ် ကျောက်မီးသွေး လောင်စာ သုံးစွဲမှုတွေကလည်း ကာဗွန်ဓာတ်ငွေ့အများအပြားကို ထုတ်လွှတ်နေတာမို့ ဒီအခြေအနေကို အဆုံးသတ်ဖို့ လိုအပ်နေတဲ့အကြောင်း KevinEnochs ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရန့် သမ္မတသစ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုမယ့်နေ့ ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပွဲနဲ့ အခမ်းအနား အစီအစဉ်၊ လုံခြုံရေးအရ ပြင်ဆင်မှု၊ Trump ကို ထောက်ခံသူ၊ ကန့်ကွက်သူတွေရဲ့ ဆန္ဒပြပွဲတွေ အကြောင်း မခင်ဖြူထွေးက ကိုကျော်ကျော်သိန်းကို မေးမြန်းထားပါတယ်။
Trump သမ္မတအိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ခွင့်ရဖို့ မဲဆွယ်စည်းရုံးချိန် ပြောဆိုခဲ့တဲ့ အထင်ကရကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကွဲလွဲနေတဲ့ အမြင်သဘောထားတွေကို မစ္စတာ Trump ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်ဖွယ် ရှိပါလဲ။ Mary Alice Salinas ပေးပို့တဲ့သတင်းလွှာကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
သမ္မတ တာဝန်တွေအဆုံးသတ်ပြီး သာမန်နိုင်ငံသား တယောက်အဖြစ် ပြန်လည်နေ ထိုင်တော့မယ့် ၁၀ ရက်အလိုမှာ အမေရိကန်သမ္မတ ဘရာ့ခ်အိုဘားမားက တိုင်းပြည်ကို နောက်ဆုံး နှုတ်ဆက်မိန့်ခွန်း ပြောသွားပါတယ်။
သမ္မတ အိုဘားမားရဲ့ နုတ်ဆက်မိန့်ခွန်း
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်ခေါင်းဆောင်တချို့ အဂတိလိုက်စားမှု တိုင်ကြားချက်နဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုက တာဝန်ရှိသူတွေက စုံစမ်းဆေးနေပြီး တိုင်ကြားချက်နဲ့ ညှိစွန်းမှုတချို့ တွေ့ရတယ်လို့ NLD တာဝန်ရှိသူတဦးက ပြောပါတယ်။
အကြမ်းဖက်ပဋိပက္ခတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မတည်မငြိမ် အခြေအနေတွေ ဆက်ရှိနေပြီး ဒီကနေ့ မောင်တောမြို့နယ်မှာ အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ခဲ့ရပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တချို့နဲ့ ကျောက်မဲနဲ့ နမ္မတူမြို့နယ်အတွင်း ကျေးရွာတချို့က ရွာသားတွေကို တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပြီး တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားနေတဲ့အချိန် အခုလို လုပ်ရပ်မျိုးကို လက်မခံနိုင်တဲ့အကြောင်း SNLD ပါတီက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်